တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ယာဉ်များ၊ လိုင်စင်မဲ့ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင်ယာဉ်များ သိမ်းဆည်းရမိ


Ministry of Information/ Naypyitaw / September 06, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၅

တရားမဝင် ကုန်သွယ်တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

စက်တင်ဘာ ၂ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့ အင်ဂျန်ဒုံ (မြောက်) ရပ်ကွက်ရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀ဝဝဝဝဝဝ) သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည် ထို့ပြင် ဩဂုတ် ၃၁ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ်အတွင်း၌ ယာဉ်တစ်စီးပေါ် စာရွက်စာတမ်း တရားဝင်အထောက်အထားတင်ပြနိုင်မရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇၈၅၂၁၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck တစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀) လည်းကောင်း၊ ဘားအံမြို့ သာယာကုန်းကျေးရွာအနီး၌ ၁၉ စီးပေါ်မှ တရားဝင်စာရွက် စာတမ်း အထောက်အထားတင် နိုင်ခြင်းမရှိသည့် လုပ်ငန်းပစ္စည်း ၂၁၉ မျိုး၊ လူသုံးကုန်မှု ပစ္စည်း ၁၈၈ မျိုး၊ စားသောက်ကုန်၏ ပစ္စည်း ၄၅ မျိုး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂၆၅၈၇၇၁၈၇)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်ယူလာသည့် Isuzu Giga Truck ။ တစ်စီး၊ Mitsubishi Fuso Truck တစ်စီး၊ Hinthar Truck တစ်စီး၊ Nissan Diesel Truck နှစ်စီး၊ Howo Tractor Head နှစ်စီး၊ Nissan Diesel Tractor Head နှစ်စီး၊ Hino Tractor Head တစ်စီး၊ Hyundai Tractor Head တစ်စီး၊ Shacman Tractor Head တစ်စီး၊ Dong Feng Tractor Head တစ်စီး၊ Hino Profia Truck တစ်စီး၊ သုံး Scania Tractor Head တစ်စီး၊ Man Tractor Head တစ်စီး၊ DAF ကို Tractor Head တစ်စီး၊ Mitsubishi Tractor Head တစ်စီး၊ Nissan UD Tractor Head တစ်စီးနှင့် ။ နောက်တွဲယာဉ် ၁၃ တွဲ(ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၉၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ဘားအံမြို့ ခရဲကမ်းနားကျေးရွာအနီး၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်မှ ပစ္စည်းရှစ်မျိုး၊ လူသုံးကုန်ပစ္စည်းနှစ်မျိုး(ခန့်မှန်းတန်ဖိုး ငွေကျပ်ခြင်း ၅၉၈၉၃၁၉၄)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck တစ်စီ Man Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၅၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၀၃၆၂၂၄၈၁ ကို သိမ်းဆည်းရခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် စက်တင်ဘာ၂ ရက်တွင် မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့နယ်အတွင်း၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ၂၂ မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၉၁၁၆၃၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

စက်တင်ဘာ ၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၁ ဒသမ ၅၈၉ တန်၊ အခြားသစ်သုညဒသမ ၉၁၈ တန် စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၇၃၄၂၁၃ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ စက်တင်ဘာ ၂ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပခုက္ကူမြို့နယ်၊ အောင်လံမြို့နယ်၊ မင်းဘူးမြို့နယ်နှင့် သရက်မြို့နယ်တို့၌ လိုင်စင်မဲ့ ဆိုင်ကယ် လေးစီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၄၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ သရက်ခရိုင် ကံမမြို့နယ်အတွင်း၌ တရားမဝင် အခြားသစ် ၁ ဒသမ ၆၀၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၀၀၀)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၇၄၀ဝ၀ ကို ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ စက်တင်ဘာ ၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သာပေါင်းမြို့နယ်အတွင်း၌ တရားမဝင် သစ်မာ ၁ ဒသမ ၇၉၂ တန်(ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၁၆၀၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ ပုသိမ်မြို့နယ်နှင့် လပွတ္တာမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ်နှစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၆၆၀၀၀ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ ဩဂုတ် ၃၀ ရက် တွင် နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေးလမ်းဟောင်း ကူသပိတ်ကျေးရွာ၌ လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဥတ္တရသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့အတွင်း၌ တရားမဝင် ကျွန်းသစ်သုည ဒသမ ၁၈၀ တန်၊ အခြားသစ် ၂ ဒသမ ၈၉၈ တန်(ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၂၈၃၅၄)ကို သစ်တောဥပဒေအရ လည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၆၂၈၃၅၄ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။

စက်တင်ဘာ ၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွာငံခရိုင်မြို့ကြိုးအနီး၌ ယာဉ်လေးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၅၀၊ လူသုံးကုန်ပစ္စည်း ၁၆ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၉၉၉၈၅၁၃၀)နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် Nissan Diesel Truck Hino Ranger Truck တစ်စီး၊ Pyay Truck တစ်စီး၊ Man Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၆၀၀၀၀၀၀)ကို လည်းကောင်း၊ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေး ရေးစခန်း၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း တစ်မျိုး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၉၂၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Dyna တစ်စီး၊ Sang Da Truck တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀)ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်(ကုန်လှောင်ရုံ) ၌ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၃၇ မျိုး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၂၇၇၄၈၉၄)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၉၇၆၈၅၀၂၄ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သြဂုတ် ၃ဝ ရက်၊ ၃၁ ရက်၊ စက်တင်ဘာ ၂ ရက်နှင့် ၃ ရက် တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၁၁ မှု(ခန့်မှန်းတန်ဖိုး ငွေကျပ် ၅ဝ၁၅၄၂၆၃၇၂)ကို သိမ်းဆည်းရမိခဲ့သည်။ တရားမဝင် တင်သွင်းမှုများကြောင့် သွင်းကုန်အစားထိုး ပြည်တွင်းကုန်ထုတ် လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စား လုပ်ငန်းများကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏စီးပွားရေး ဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်သည်။ သို့ဖြစ်ပါ၍ ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများ ကယခုထက်ပိုမို၍တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

Newspaper - 3512 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download