တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လိုင်စင်မဲ့ဆိုင်ကယ်များ၊ လိုင်စင်မဲ့ယာဉ်များ၊ တရားမဝင်ကုန်ပစ္စည်းတင်ယာဉ်များနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ


Ministry of Information/ Naypyitaw / March 21, 2026
image_latest


နေပြည်တော် မတ် ၂၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၈ ရက်တွင် ဘားအံမြို့နယ် လွန်းညကျေးရွာ၌ ယာဉ်ရှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ၅၁ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၉၃၆၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် လိုင်စင်မဲ့ယာဉ်ခြောက်စီး၊ လိုင်စင်ရှိယာဉ်နှစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၆၅၀၀၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၅၈၆၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၇ ရက်တွင် စစ်ကိုင်းမြို့နယ် ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၁ ရက်တွင် မြိတ်မြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့အတွင်း၌ တရားမဝင်အခြားသစ် ၆ ဒသမ ၃၂၉ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၉၄၇၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ မတ် ၁၇ ရက်တွင် ပဲခူးမြို့နယ် သနပ်ပင်-မင်းရွာကားလမ်း၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၀၆၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Light Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၀၀၆၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၂ ရက်နှင့် ၁၅ ရက်တို့တွင် စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နှင့် ရမည်းသင်းမြို့နယ်တို့အတွင်း၌ ယာဉ်ခုနစ်စီးပေါ်မှ တရားမဝင်ကျွန်းသစ် ၁၂ ဒသမ ၃၈၁ တန်၊ သစ်မာ ၁ ဒသမ ၂၄၈ တန်၊ အခြားသစ် ၅၇ ဒသမ ၆၆၈ တန် (ခန့်မှန်းတန်ဖိုးငွေ ၃၁၈၅၁၃၈၄ ကျပ်)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် လိုင်စင်မဲ့ယာဉ်ခြောက်စီး၊ လိုင်စင်ရှိယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၇၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၂၃၈၈၅၁၃၈၄ ကျပ်)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ မတ် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် မော်လမြိုင်မြို့နယ် ဈေးကြိုရပ်ကွက်၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၁၂ ဂါလန်၊ ဓာတ်ဆီရှစ်ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၀၅၀၀)ကို ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၂ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃၀၅၆၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Win Myanmar Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၈၄၃၆၅၀၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၇ ရက်တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်နှင့် တာမွေမြို့နယ်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၁ ဒသမ ၃၂၇ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၉၂၄၀၀)နှင့် လိုင်စင်မဲ့ သစ်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၉၂၄၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၇ ရက်တွင် ဟိုပုံးမြို့နယ် မြို့ဝင်/ထွက် တိုးဂိတ်၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၂၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် လိုင်စင်မဲ့ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀)ကို လည်းကောင်း၊ ဟိုပုံးမြို့နယ် လွယ်တောင်းကျေးရွာ၌ ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၃၀၄၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် လိုင်စင်မဲ့ယာဉ်သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၀၀၀၀၀၀) ကိုလည်းကောင်း၊ ဟိုပုံးမြို့နယ် နေမင်းရောင်စစ်ဆေးရေးဂိတ်၌ ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ၁၂ မျိုး၊ လူသုံးကုန်ပစ္စည်းရှစ်မျိုး၊ လျှပ်စစ်ပစ္စည်းငါးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၄၂၀၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် လိုင်စင်မဲ့ယာဉ်တစ်စီးနှင့် လိုင်စင်ရှိယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၂၀၀၀၀၀၀)ကိုလည်းကောင်း၊ တောင်ကြီးမြို့နယ် သစ်တောရပ်ကွက်၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၆၆ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၃၉၈၀၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် လိုင်စင်မဲ့ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀) ကိုလည်းကောင်း၊ လားရှိုးမြို့နယ် ရပ်ကွက် (၈) သိန္နီလမ်းမပေါ်၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် လိုင်စင်မဲ့ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၀၀၀၀)ကိုလည်းကောင်း၊ လားရှိုးမြို့နယ် ရပ်ကွက် (၁)အနီး၌ ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၂ မျိုး၊ လုပ်ငန်းသုံးပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၇၁၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် လိုင်စင်မဲ့ယာဉ်နှစ်စီးနှင့် လိုင်စင်ရှိယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၈၀၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၉၉၉၉၅၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များ က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၆ ရက်တွင် ဇလွန်မြို့နယ်နှင့် ရေကြည်မြို့နယ်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် သုညဒသမ ၄၈၀ တန်၊ အခြားသစ် ၁ ဒသမ ၂၆၁ တန် (ခန့်မှန်းတန်ဖိုးငွေ ၇၁၇၂၂၈ ကျပ်)ကို သစ်တောဥပဒေအရလည်းကောင်း၊ မအူပင်မြို့နယ်နှင့် ဟင်္သာတမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ၁၅၉၇၂၂၈ ကျပ်ကို သိမ်းဆည်းအရေးယူ ဆောင်ရွက် လျက်ရှိသည်။

ထို့အပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ် ၁၇ ရက်တွင် ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေး စခန်း၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းလေးမျိုး၊ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၇၁၆၀၀၀)နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် Cheng Long Dump Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ကုန်လှောင်ရုံ၌ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၅၂၆၁၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၉၂၄၂၁၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။

မတ် ၁၈ ရက်တွင် မူးယစ်ဆေးဝါးသိမ်းဆည်းရမိမှုအနေဖြင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် စစ်တောင်းတံတား (သံတံတား) စစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ Hino Ranger ခြောက်ဘီးယာဉ်တစ်စီးပေါ်မှ ဆာလာအိတ် ၄၀ အတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀၀၀၀၀) အမှုတွဲတစ်မှုကို သိမ်းဆည်းရမိခဲ့သည်။ ယင်းအပြင် မတ် ၂၀ ရက်တွင် ပဲခူးတိုင်းဒေသကြီးမှ သိမ်းဆည်းရမိမှုအမှုတွဲတစ်မှု၊ ရန်ကုန်တိုင်းဒေသကြီးမှ သိမ်းဆည်းရမိမှုအမှုတွဲ ၁၂ မှု စုစုပေါင်းအမှုတွဲ ၁၄ မှု စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၃၉၁၅၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနှင့်အညီ အမှုတွဲဖွင့်လှစ် အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည်။

မတ် ၁၁ ရက်၊ ၁၂ ရက်၊ ၁၅ ရက်၊ ၁၆ ရက်၊ ၁၇ ရက်၊ ၁၈ ရက်နှင့် ၂၀ ရက်တို့တွင် မူးယစ်ဆေးဝါးသိမ်းဆည်းရမိမှု အပါအဝင်စုစုပေါင်းမှာ အမှုတွဲ ၇၈ မှု (ခန့်မှန်းတန်ဖိုးငွေ ၁၇၆၂၄၃၂၉၈၁၂ကျပ်) ကို သိမ်းဆည်းရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင်တင်သွင်းလာမှုများကြောင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက်စေသည့်အပြင် မူးယစ်ဆေးဝါးများ ထုတ်လုပ်ဖြန့်ဖြူးခြင်းကြောင့်လည်း လူသားမျိုးနွယ်အတွက် လူညွန့်တုံးပျက်စီးစေသည့် အန္တရာယ်များဖြစ်ပေါ်စေနိုင်၍ ၎င်းတရားမဝင် တင်သွင်းမှုများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

Newspaper - 3476 items

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 18, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download