တိုင်းပြည်တည်ငြိမ်အေးချမ်းဝပြောရေး ပြည်ထောင်စုစိတ်ဓာတ်ဖြင့်တည်ဆောက်


Ministry of Information/ Naypyitaw / October 28, 2025
image_latest


မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး သုံးလအကြာတွင် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲများကြောင့် လက်နက်ကိုင်ပဋိပက္ခများ စတင်ပေါ်ပေါက်လာခဲ့သည်။ ထိုအချိန်မှစတင်၍ လက်နက်ကိုင်ပဋိပက္ခများ ကာလရှည်ကြာဖြစ်ပေါ်လာခဲ့သည်မှာ ယနေ့အချိန်ဆိုလျှင် နှစ်ပေါင်း ၈၀ နီးပါးရှိလာပြီဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် လွတ်လပ်ရေးရပင်ရငြားသော်လည်း လွတ်လပ်ရေးအသီးအပွင့်များကို တန်းတူညီမျှမခံစားကြရသေးပေ။ ထိုမျှသာမက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း နှေးကွေးသွားခဲ့ပြီး ယနေ့အချိန်ဆိုလျှင် ဖွံ့ဖြိုးဆဲနိုင်ငံအချင်းချင်းနှိုင်းယှဉ်ပါက နောက်ကျကျန်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတော်အကျိုး၊ ပြည်သူများ၏အကျိုး မြင့်မားတိုးတက်လာရေးအတွက် တိုင်းပြည်တည်ငြိမ် အေးချမ်းသာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်လာအောင် အမုန်းတရား၊ အာဃာတများကိုဖယ်ရှားပြီး ပူးပေါင်းလက်တွဲလုပ်ဆောင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ပြီးခဲ့သည့် NCA (၁၀)နှစ်ပြည့်အခမ်းအနားတွင် “ဒို့တာဝန်အရေးသုံးပါးကို တပ်မတော်အနေဖြင့် အလေးထား စောင့်ထိန်းလိုက်နာသွားမည် ဖြစ်ကြောင်း၊ လူနည်းစု၏ သဘောထားကို အလေးထားရမည်ဖြစ်သော်လည်း လူအများစု၏ဆန္ဒကိုလည်း အားလုံးက လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ ဖြစ်ချင်သည်ထက် ဖြစ်သင့်သည်၊ ဖြစ်နိုင်သည်များကို ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏အကျိုးကို ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း” နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။

လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သည် အရေးကြီးသည့် လုပ်ငန်းစဉ် ဖြစ်သည်။ NCA သည် တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးပြီး တိုင်းရင်းသားများ၏ တောင်းဆိုချက်များအပေါ်မူတည်၍ ရေးဆွဲထားခြင်းဖြစ်သောကြောင့် NCA စာချုပ်ပါအတိုင်း အပြည့်အဝအကောင်အထည်ဖော်ရန်လိုအပ်သည်။ NCA ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးမှုများရှိခဲ့သည်။ လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တပ်မတော်က နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည့်အတွက် ဆက်လက်ဆွေးနွေးမှုမရှိဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှောင့်နှေးခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြန်ဆုံးအကောင်အထည်ဖော်ကြရမည်ဖြစ်သည်။

NCA ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရွေးချယ်ခံအစိုးရ၊ လွှတ်တော်ရှိရန်လိုသည်။ NCA ကို စတင်လက်မှတ်ရေးထိုးစဉ်အချိန်က ဒီမိုကရေစီပထမအစိုးရကာလဖြစ်ပြီး လွှတ်တော်၊ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် NCA ဆက်လက်အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို စနစ်တကျဆောင်ရွက်နေခြင်းဖြစ်သည်။

ထို့ကြောင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများနှင့်အတူ တိုင်းရင်းသားများကလည်း ပါဝင်လက်တွဲဆောင်ရွက် ကြရမည်ဖြစ်သည်။ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှန်ကန်မှုရှိသည့် ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မဲစာရင်းများ မှန်ကန်မှုရှိစေရေး၊ မှားယွင်းမှုမရှိစေရေး၊ ဆန္ဒမဲပေးခွင့်ရှိသူအားလုံးဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ မဲမသမာမှုများ ပြုလုပ်၍မရနိုင်သည့် မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲကို အောင်မြင်စွာဆောင်ရွက်နိုင်မှသာ မိမိတို့လိုလားသည့်၊ မျှော်မှန်း ထားသည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

နိုင်ငံရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ရာ၌ လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်၍ အခိုင်မာဆုံးဖြစ်သည်။ တပ်မတော်အနေဖြင့် အခြေခံဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်၍ရသည်များကို ပြင်ဆင်နိုင်ရန် သဘောတူထားပြီးဖြစ်သည်။ ကွဲပြားခြားနားမှုများရှိသော်လည်း ဖြစ်သင့်သည်များကို အကောင်းဆုံးဖြစ်အောင် တပ်မတော်ကဆောင်ရွက်မည်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို ပြည်သူများတောင်းဆိုခဲ့၍ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲစနစ်ကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သလို ယခုလည်း အောင်မြင်အောင် ဆောင်ရွက်ပေးနေသည်။ သို့ဖြစ်ရာ လူနည်းစုတိုင်းရင်းသားများ၏ အခွင့်အရေး မဆုံးရှုံးစေရေးအတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး မျှော်မှန်းဆောင်ရွက် လျက်ရှိရာ အရေးကြီးသည့် တိုင်းပြည်တည်ငြိမ်အေးချမ်း သာယာဝပြောရေးအတွက် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး လက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

Newspaper - 3331 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 24, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 23, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download