တိုင်းပြည်ဖွံ့ဖြိုးမှုနှင့် အေးချမ်းသာယာမှု ဖျက်ဆီးမှုမှန်သမျှကို တားဆီးကာကွယ်


Ministry of Information/ Naypyitaw / November 10, 2025
image_latest


မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအားလုံး၏ လိုအင်ဆန္ဒပကတိအမှန်မှာ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နေနိုင်ရေးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူနိုင်ငံသားများ စားရေရိက္ခာဖူလုံရေးနှင့် တိုင်းပြည်အေးချမ်းသာယာဝပြောရေး အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်၍ ဆောင်ရွက်ပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နေချိန်တွင် ပြည်သူများ စားသောက်နေထိုင် လုပ်ကိုင်ဆောင်ရွက်ရာ၌ နှောင့်ယှက်ဟန့်တား ဖျက်ဆီးမှုများနှင့် တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးမှုများကြောင့် ဒေသအချို့မှ ပြည်သူများ ဆင်းရဲဒုက္ခရောက်နေကြသည်ကို မြင်တွေ့ကြားသိရမည်ဖြစ်သည်။

နိုင်ငံတော်ကို ပျက်စီးရာပျက်စီးကြောင်း နည်းလမ်းမျိုးစုံဖြင့် ၂၀၂၁ ခုနှစ်မှ စတင်၍ ကြံစည်လုပ်ဆောင်နေသော CRPH၊ NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် လူငယ်လူရွယ်များကို PDF အမည်ခံအကြမ်းဖက်သမားများအဖြစ် မွေးထုတ်ပေးပြီး အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ယိုယွင်းပျက်စီးစေရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးကြန့်ကြာစေရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ပူးပေါင်းကာ အဖျက်အမှောင့်လုပ်ရပ်အမျိုးမျိုး လုပ်ကိုင်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ထို့အပြင် ပြည်သူများပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို အဓမ္မလုယက်ယူဆောင်ခြင်း၊ ပြည်သူလူထုကို ပြန်ပေးဆွဲခြင်း၊ အဓမ္မဆက်ကြေးကောက်ခံခြင်း၊ ဂိတ်ကြေးကောက်ခံခြင်း၊ သယံဇာတပစ္စည်းများ ခိုးထုတ်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ တိုက်ပွဲဖြစ်နိုင်သည့်ဒေသများ၌ ဒေသခံပြည်သူများအား လူသားတံတိုင်းအဖြစ်အသုံးပြုပြီး ပြည်သူအချင်းချင်းချနင်းသည့် ရက်စက်သောလုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။ ၎င်းတို့အနေဖြင့် တော်လှန်ရေးဟုကြွေးကြော်ပြီး ပြည်သူကို ချနင်းဖျက်ဆီးသည့်လုပ်ရပ်များ လုပ်ဆောင်နေသည်ကို အားလုံးရှင်းရှင်းလင်းလင်း သဘောပေါက်ကြရန်လိုသည်။

အကြမ်းဖက်အဖွဲ့များနှင့်အဖျက်သမားများသည် မြို့ရွာများကို ပစ်မှတ်ထားပြီး အသုံးချလာသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်သူတို့၏ ပိုင်ဆိုင်မှုများကိုသာမက ဌာနဆိုင်ရာအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနေသည့် ကုန်ထုတ်လုပ်မှု စက်ရုံ၊ အလုပ်ရုံများ၊ လမ်းပန်းဆက်သွယ်ရေးဖြစ်သည့် လမ်းများ၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် စိုက်ပျိုးရေပေးဝေသည့် ဆည်တမံများကိုပါ သိမ်းပိုက်ခြင်း၊ ဒရော့ဗုံးချတိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသဖြင့် ဒေသများရှိ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် လူမှုစီးပွားဘဝများ အဘက်ဘက်တွင် နိမ့်ကျပျက်စီးနေသည်ကို တွေ့ရမည်ဖြစ်သည်။

ထင်ရှားသောသာဓကအနေဖြင့် အညာဒေသတွင် ရိုးသားစွာ လုပ်ကိုင်စားသောက်နေထိုင်ကြသော ပြည်သူများအား ဒီမိုကရေစီအရေးနှင့် ဒေသကောင်းစားရေးဟု နိုင်ငံရေးမက်လုံးများဖြင့် စည်းရုံးသိမ်းသွင်းကာ အကြမ်းဖက်လုပ်ရပ်များ၊ အကြမ်းဖက်သင်တန်းများ သွတ်သွင်းပေးပြီး အကြမ်းဖက်သမားများအဖြစ် မွေးထုတ်ပေးကာ မြို့ရွာများတွင် တိုက်ပွဲများဖော်ဆောင်ခြင်း၊ လုံခြုံရေးအားနည်းသော တပ်စခန်းငယ်များကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခြင်း၊ နိုင်ငံအကျိုးပြု စက်ရုံ၊ အလုပ်ရုံများကိုပါ တိုက်ခိုက်သိမ်းပိုက်ခြင်းများ ပြုလုပ်လာခဲ့သည်။ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ဆည်တော်ကြီးကျေးရွာအပါအဝင် ဒေသတစ်ဝိုက်ရှိ နယ်မြေခံ တပ်ဌာနချုပ်၊ ဆည်တော်ကြီးရေလှောင်တမံနှင့် နိုင်ငံအကျိုးပြု အယ်လ်ဖာဘိလပ်မြေစက်ရုံ၊ ဖယောင်းတောင်သတ္တုတွင်းနေရာတို့ကို လက်နက်အင်အား လူအင်အား အလုံးအရင်းဖြင့် ခေတ္တစိုးမိုးထိန်းချုပ်ထားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်သမားများ ယာယီထိန်းချုပ်ထားသော ဆည်တော်ကြီးကျေးရွာအပါအဝင် ဆည်တော်ကြီးရေလှောင်တမံနှင့် နိုင်ငံအကျိုးပြုစက်ရုံ၊ အလုပ်ရုံတို့ကို ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြင့် ပြန်လည်ရရှိရေး စီမံချက်အဆင့်ဆင့်ရေးဆွဲပြီး စစ်ကြောင်းများခွဲ၍ ပစ်ခတ်မှုနှင့် စစ်ကစားမှုတို့ကို ဟန်ချက်ညီညီပေါင်းစပ်ပြီးချေမှုန်းခဲ့ရာ ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ဖယောင်းတောင်သတ္တုတွင်း၊ အယ်လ်ဖာဘိလပ်မြေစက်ရုံတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဆည်တော်ကြီးနှင့် ပတ်ဝန်းကျင်တစ်ဝိုက်တို့ကို ပြန်လည်သိမ်းပိုက်ရရှိခဲ့ရာ အကြမ်းဖက်သမားများ မတ္တရာဒေသမြောက်ဘက်သို့ ထွက်ပြေးသွားခဲ့ကြသည်။ တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါစစ်ဆင်ရေးများတွင် တပ်မတော်အနေဖြင့် လူနေအိမ်များ၊ စက်ရုံများ၊ ဆည်အဆောက်အအုံနှင့် တာတမံတာပေါင် ရေထိန်းတံခါးများ ထိခိုက်ပျက်စီးမှုမရှိစေရေး ကန့်သတ်ချက်များကြားမှ ထိန်းထိန်းသိမ်းသိမ်း စနစ်တကျတိုက်စစ်ဆင်ခဲ့သည်။ အကြမ်းဖက်သမားများအနေဖြင့် ရေလှောင်တမံကို ထိန်းချုပ်ထားစဉ်က ရေပေးဝေမှုကို ထိန်းချုပ်ထားခဲ့သည့်အပြင် ၎င်းတို့လက်လွှတ်ထွက်ပြေးရသည့်အခါတွင် ဆည်ရေပိုလွှဲရေတံခါး အဖွင့်/အပိတ်မောင်းခလုတ်၊ ဆည်တမံတာပေါင်နှင့် ရေထိန်းတံခါးတို့ကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးရန် ယုတ်မာပက်စက်သည့်လုပ်ရပ်များကို တပ်မတော်က အချိန်မီကာကွယ်တားဆီးနိုင်ခဲ့ပါကြောင်း။ ။

Newspaper - 3344 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download