တောင်သူနည်းပညာဆွေးနွေးပွဲ အကြိမ် (၁၀၀) ပြည့်ကျင်းပ “လျစ်လျူရှုခံ အပင်မျိုးစိတ်များ၏ ဗီဇအရင်းအမြစ်များ ထိန်းသိမ်းခြင်းနှင့် အိမ်ခြံဝင်းဥယျာဉ်ငယ်၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ဆွေးနွေး


Ministry of Information/ Naypyitaw / February 08, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၇

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူသုတေသီများ အပတ်စဉ်တွေ့ဆုံ၍ စိုက်ပျိုးရေးဆိုင်ရာသုတနှင့် နည်းပညာပေးဆွေးနွေးပွဲကို အပတ်စဉ်စနေနေ့တိုင်း ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အကြိမ် (၁၀၀) ပြည့် ဆွေးနွေးပွဲကို “လျစ်လျူရှုခံအပင်မျိုးစိတ်များ၏ ဗီဇအရင်းအမြစ်များ ထိန်းသိမ်းခြင်းနှင့် အိမ်ခြံဝင်းဥယျာဉ်ငယ်၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် တန်ဖိုးမြင့်သီးနှံအမယ်သစ်များ ရှာဖွေပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း (AERDTC) ခန်းမ၌ ကျင်းပသည့် အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ဤခေါင်းစဉ်ဖြင့် ကျင်းပရခြင်းရည်ရွယ်ချက်မှာ တန်ဖိုးမြင့်သီးနှံအမယ်သစ်များ ရှာဖွေပေးနိုင်ရန်ရည်ရွယ်၍လည်းကောင်း၊ မိမိတို့နိုင်ငံတွင် ကျေးရွာပေါင်း ၆၄၉၈၇ ရွာရှိရာ ကျေးရွာသစ်စီမံကိန်းတွင် ကျေးရွာများမှာ ၂၅၀ ရှိကြောင်း၊ အဆိုပါကျေးရွာများတွင် တန်ဖိုးရှိပြီးဈေးကွက်တွင် အလားအလာကောင်းသော်လည်း ယနေ့အထိကျယ်ပြန့်စွာ ထုတ်လုပ်မှုမရှိသေးသည့် လျစ်လျူရှုခံသီးနှံအရင်းအမြစ်ကို အိမ်ခြံဝင်းဥယျာဉ်အနေဖြင့် စိုက်ပျိုးထိန်းသိမ်းအသုံးချနိုင်ရေးအတွက် နှိုးဆော်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စနစ်တကျစီမံကိန်းချဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

 မိမိတို့နိုင်ငံသည့် အပင်ဗီဇအရင်းအမြစ်များ ကြွယ်ဝချမ်းသာသည့် နိုင်ငံဖြစ်သည်နှင့်အညီ အချို့သီးနှံများသည် ကမ္ဘာ့ဈေးကွက်သို့ပို့နိုင်ရန် အလားအလာကောင်းများရှိနေသည်ကို လေ့လာတွေ့ရှိရကြောင်း၊ အိမ်ခြံဝင်းဥယျာဉ်မှစ၍ ကမ္ဘာ့ဈေးကွက်ဆီသို့ လှမ်းချီနိုင်ကြရန်လိုအပ်ကြောင်း၊ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများတွင် ထွက်ကုန်အခြေပြုရုံသာမက ပြည်ပဝင်ငွေရရှိနိုင်မှုကို တွက်ချက်၍ စိုက်ပျိုးနေကြသည်ကို တောင်သူကြီးများ သိရှိပြီဖြစ်၍ မိမိတို့ကျေးလက်ဒေသတွင် အလားအလာကောင်းမည့် သီးနှံများကို မပျောက်ဆုံးခင် အိမ်ခြံဝင်းအသွင်အဖြစ် ထိန်းသိမ်းစိုက်ပျိုးထားရှိရန် လိုအပ်ပါကြောင်း၊ ဥပမာ စိန်တစ်လုံးသရက်ဆိုပါက ကျောက်ဆည်၊ ဟန်မြင့်မိုရ်ဒေသမှ စတင်ပြန့်ပွားလာရာ ပြည်ပသို့ပင်တင်ပို့ရောင်းချသည့် အဆင့်အထိ ရောက်ရှိလာသည်ကို နမူနာယူကြရန်လိုအပ်ကြောင်းနှင့် အခြားအလားတူသီးနှံမျိုးများလည်းရှိနေကြောင်း၊ ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်မည့် ဈေးကွက်ရှာနိုင်မည့် လုပ်ငန်းရှင်များက ပို၍အရေးပါကြောင်း ပြောကြားသည်။

ယခု အိမ်ခြံဝင်းဥယျာဉ် သဏ္ဌာန်စိုက်ပျိုးထိန်းသိမ်းရေးမှသည် အော်ဂဲနစ်စနစ်သို့လည်းကောင်း၊ အော်ဂဲနစ်စနစ်မှသည် တန်ဖိုးမြင့်ထုတ်ကုန်နှင့် MSME ဖွံ့ဖြိုးရေးသို့လည်းကောင်း တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းသွား၍ ရနိုင်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာညိုမာထွေးက အပင်ဗီဇအရင်းအမြစ်များ၊ အသုံးပြုသည့် သီးနှံမျိုးကွဲဗီဇများ နည်းလာခြင်း၊ လျစ်လျူရှုခံအပင်မျိုးစိတ်များကို ထိန်းသိမ်းခြင်း၏ တန်ဖိုးများ၊ တောင်သူလယ်သမားများ လက်တွေ့ဆောင်ရွက်နိုင်သည့် လုပ်ငန်းများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ စောထိုလွီထူးက ခေတ်သစ်စိုက်ပျိုးရေးနှင့် အပူပိုင်းဒေသဂေဟစနစ်၊ အိမ်နောက်ဖေးတွင် ဈေးဆိုင်တည်ရန်နှင့် အိမ်ခြံဝင်းဥယျာဉ် (အိမ်ခြံဝင်းစိုက်ပျိုးရေး) ၏ အကျိုးကျေးဇူး၊ အိမ်ခြံဝင်းဥယျာဉ်များအတွက် အပင်စုဆောင်းသည့် နည်းလမ်းများ၊ စိုက်ပျိုးလေ့ရှိသည့် အပင်အုပ်စုများ၊ ဂေဟစနစ်အပေါ် သက်ရောက်မှု၊ အိမ်ခြံဝင်းဥယျာဉ်တွင် ဇီဝမျိုးစုံမျိုးကွဲတိုးပွားစေမည့် လုပ်ငန်းလိုအပ်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာကြသူများ၏ မေးမြန်းချက်များအပေါ် သက်ဆိုင်ရာပညာရှင်များက အသေးစိတ်ရှင်းလင်းဖြေကြားကြသည်။

အဆိုပါဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များနှင့် သုတေသီများ၊ စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်ရှစ်မြို့နယ်မှ တောင်သူများ ၁၀၈ ဦးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ စိုက်ပျိုးရေးပညာရှင်များ၊ စိုက်ပျိုးမွေးမြူရေး သိပ္ပံကျောင်းများမှ ဆရာ ဆရာမများနှင့် တောင်သူ ၂၀၃ ဦးတို့က Zoom point ၁၀၀ ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3455 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download