ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ၄၈ စတုရန်းကီလိုမီတာလျှင် ကျားသစ်တစ်ကောင်မှ သုံးကောင်အထိ နေထိုင်ကျက်စားလျက်ရှိ


Ministry of Information/ Naypyitaw / May 18, 2026
image_latest


ဟုမ္မလင်း မေ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်အတွင်း ချင်းတွင်းမြစ်၏ အရှေ့ဘက်၌ တည်ရှိသည့် ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတွင် ၄၈ စတုရန်း ကီလိုမီတာလျှင် ကျားသစ်တစ်ကောင်မှ သုံးကောင်အထိ နေထိုင်ကျက်စားလျက်ရှိကြောင်း ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အဆိုပါတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၌ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဘေးမဲ့တော၏ နမ့်ပုဂွန်ချောင်းနှင့် နမ့်အီးဇူးချောင်းဧရိယာတို့၌ အလိုအလျောက်ရိုက် ထောင်ချောက်ကင်မရာ ၄၈ လုံးဖြင့် ရက်ပေါင်း ၆၀ (နှစ်လ)ကြာ သုတေသနပြုလုပ်ခဲ့ရာမှ ကျားသစ်များ နေထိုင်ကျက်စားမှုကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။

ကျားသစ်ကောင်ရေ၊ ကျက်စားရာဒေသအပါအဝင် ပေါက်ရောက်သည့် သီးပင်၊ စားပင်များ၏ အခြေအနေကိုသာမက ကင်မရာထောင်ချောက်မှတစ်ဆင့် တွေ့ရှိချက်များအပေါ် အခြေခံကာ စီမံအုပ်ချုပ်နိုင်ရေးအတွက် စနစ်တကျသုတေသနပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ထမံသီဘေးမဲ့တောရဲ့ စာရင်းကောက် ဧရိယာနှစ်ခုစလုံးကရရှိတဲ့ အချက်အလက်တွေကို အခြေခံတွက်ချက်ကြည့်တာ စတုရန်းကီလိုမီတာ ၄၈ မှာ ကျားသစ်တစ်ကောင်ကနေ သုံးကောင်အထိ ​ နေထိုင်ကျက်စားနေတာ လေ့လာသိရှိရပါတယ်။ ဒါပေမယ့် ဒီဘေးမဲ့တောမှာ ကျားသစ်ကောင်ရေ တိုးလာသလား၊ လျော့နည်းသွားသလား ဆိုတာတော့ ဘေးမဲ့တောအနှံ့ တစ်ပြိုင်တည်း လေ့လာနိုင်မှကျားသစ်ကောင်ရေ အတိအကျကို ပြောလို့ရမှာပါ”ဟု ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျားသစ်သတ္တဝါ”ကို အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ IUCN က မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သောမျိုးစိတ် Vulnerable(VU) အဖြစ် သတ်မှတ် ထားပြီး မြန်မာနိုင်ငံအနေဖြင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ စာရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။

ပိန်းဇလုပ် -သိန်းညွန့်

Newspaper - 3529 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download