ထွန်းသစ်စနည်းပညာအရွေ့များနှင့် အမီလိုက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်
ထွန်းသစ်စနည်းပညာအရွေ့များနှင့် အမီလိုက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်
Ministry of Information/ Naypyitaw / January 21, 2026
နေပြည်တော် ဇန်နဝါရီ ၂၀
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပင်မဆောင်မြေညီထပ်၌ မောင်မယ်သစ်လွင် ကြိုဆိုပွဲတွင် ဖျော်ဖြေနိုင်ရန်အတွက် ကျောင်းသူများ ဇာတ်တိုက်လေ့ကျင့်နေမှု၊ ကျောင်းသားအဆောင်နှင့် ကျောင်းသူအဆောင်ဝန်းကျင်၌ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျောင်းသား ကျောင်းသူများအနေဖြင့် နိုင်ငံ့အကျိုးပြု IT ပညာ ရှင်ကောင်းများအဖြစ် အနာဂတ်၌ တာဝန်များ ပခုံးပြောင်းထမ်းဆောင်နိုင်ရေးရည်မှန်းချက်ချမှတ်ပြီး ကျောင်းသားဘဝ တန်ဖိုးရှိသော အချိန်များကို အကျိုးရှိရှိ အသုံးချသွားရန်၊ ထွန်းသစ်စနည်းပညာအရွေ့များနှင့် အမီလိုက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ Agro-based Industries၊ MSME၊ Cybersecurity လုပ်ငန်းများဖွံ့ဖြိုးရေး အထောက်အကူပြုနိုင်မည့် Agentic AI ဆိုင်ရာ သုတေသနလုပ်ငန်းများကို အဖွဲ့လိုက် ကြိုးပမ်းလေ့လာသွားရန် တိုက်တွန်းမှာကြားကာ ကျောင်းသား ကျောင်းသူများအား AI၊ သုတ/ရသ စာအုပ်များနှင့် အားကစားပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ) ၌ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဒေသတွင်းလူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်မှုမှသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးတိုက်ရိုက်ထိရောက်မြန်ဆန်စွာ အကျိုးပြုနိုင်သည့် အင်ဂျင်နီယာနည်းပညာဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်းများကို စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားကာ စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များကို ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာဘာသာရပ်အလိုက် လက်တွေ့ခန်းများနှင့် အလုပ်ရုံများ၌ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေသည့် ဆရာ ဆရာမများကို လှည့်လည်ကြည့်ရှုအားပေးပြီး ရွှေပြည်သာစက်မှုဇုန်နှင့် MSME များ ဖွံ့ဖြိုးရေး နည်းပညာလိုအပ်ချက်များကို လက်တွေ့ကျကျဖြည့်ဆည်းပေးနိုင်မည့် သုတေသနများကို ဦးစားပေးကာ ဆက်စပ်ဌာနများနှင့် အရှိန်မြှင့်တင်ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3472 items
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
