ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) သင်တန်း အမှတ်စဉ် (၄၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း


Office of the Auditor General of the Union/ NPT / March 24, 2026


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်နှင့်ရန်ကုန်တို့တွင် မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် ဒီပလိုမာ စာရင်းကိုင် (ဒုတိယပိုင်း) သင်တန်းအမှတ်စဉ် (၄၃) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည့် အရည် အချင်းပြည့်မီသော စာရင်းကျွမ်းကျင်သူများ တိုးပွားလာစေရန် မြန်မာနိုင်ငံစာရင်းကောင်စီမှ အရည် အချင်းပြည့်ဝသည့် စာရင်းပညာရှင်များနှင့် စာရင်းကျွမ်ကျင်သူများကို စဉ်ဆက်မပြတ် လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းသားများသည် နိုင်ငံတော်၏ စာရင်းနယ်ပယ်ကဏ္ဍအတွက် ခွန်အားသစ်များ ဖြည့်ဆည်းပေးမည့်မျိုးဆက်သစ်လူငယ်များဖြစ်သဖြင့်လုပ်ငန်းနယ်ပယ်အသီးသီးတွင် ကျင့်ဝတ်သိက္ခာများစောင့်ထိန်းလိုက်နာပြီး လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရ မှာဖြစ်ကြောင်း၊ သင်တန်းတွင်သင်ကြားပေးခဲ့သည့် ဘာသာရပ်များသည် သိသင့်သိထိုက်သည်များကို ခြုံငုံမိအောင် သင်ကြားပေးခဲ့ခြင်းဖြစ်သဖြင့် လက်တွေ့လုပ်ငန်းခွင်တွင် ထိရောက်စွာ ပြန်လည်အသုံးချ စေလိုကြောင်း၊ ထို့အပြင် ယခုသင်တန်းသည် စာရင်းပညာရှင်အဆင့်သို့ တက်လှမ်းနိုင်မည့် သင်တန်း တစ်ခုလည်းဖြစ်ရာ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ဟန်ချက်ညီစွာ ကြိုးစားအားထုတ် လေ့လာဆည်းပူးသွားကြ ရန်နှင့် ပြောင်းလဲတိုးတက်နေသည့် စာရင်းပညာရပ်များကို စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးသွားကြ ရန်၊ နိုင်ငံ့အကျိုး၊ ဌာနအကျိုးသယ်ပိုးဆောင်ရွက်နိုင်သည့် နိုင်ငံ့သားကောင်းများဖြစ်ရန် ကြိုးစားကြ စေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက်သင်တန်းသားများကိုယ်စား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ စာရင်းကိုင် (၂)၊ ဒေါ်မိုးသူဇာဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်းမှ သင်တန်းသား (၂၂) ဦး၊ ရန်ကုန်သင်တန်းကျောင်းမှ သင်တန်းသား (၁၄) ဦး စုစုပေါင်းသင်တန်းသား (၃၆) ဦး တက်ရောက်ခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယ ဥက္ကဋ္ဌ(၁)ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ငွေတိုက်ဦးစီးဌာနနှင့် ဤရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်း ကထိကများနှင့် သင်တန်းသားများက နဝရတ်ခန်းမတွင်လည်းကောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များ အသင်းအလုပ်အမှုဆောင်များ၊ စာရင်းကိုင်အလုပ်သင်နှင့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများ ကြီးကြပ်ရေးကော်မတီဝင်များ၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံးမှ တာဝန်ရှိသူများ၊ ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်းများမှတာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက Online ဖြင့် တက်ရောက်ခဲ့ကြသည်။

Newspaper - 3479 items

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 18, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download