ဒီမိုကရေစီစနစ်နှင့်လျော်ညီသည့် ပြုပြင်ပြောင်းလဲမှုများဖော်ဆောင်


Ministry of Information/ Naypyitaw / May 08, 2026
image_latest


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို မေ ၆ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “ဒီမိုကရေစီနည်းလမ်းတကျ မိမိဆန္ဒဖြင့် လာရောက်မဲပေးကြသူများကို ဒီမိုကရေစီနိုင်ငံများမှ တန်ဖိုးထားရန်လိုပါကြောင်း၊ မည်ကဲ့သို့ပင်ဖြစ်စေ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်စေရေး ဆက်လက်ဆောင်ရွက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ဆက်လက်အကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်နှင့် လျော်ညီသည့် ပြောင်းလဲမှုများကိုလည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ယနေ့နိုင်ငံတော်အစိုးရအဖွဲ့သည် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ၎င်းတို့၏ စိတ်သဘောထားဆန္ဒအလျောက် ဆန္ဒမဲပေးရွေးချယ်ပြီး ထွက်ပေါ်လာခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များမှ ရွေးကောက်တင်မြှောက်ထားသည့် ရွေးကောက်ခံအစိုးရအဖွဲ့ဖြစ်သည်။ ရွေးကောက်ပွဲတွင် ပြည်သူများအနေဖြင့် တက်တက်ကြွကြွ စနစ်တကျစည်းကမ်းရှိစွာ လာရောက်မဲပေးခဲ့ကြသည်ကို တွေ့ကြရမည်ဖြစ်သည်။ ဤသို့ တက်တက်ကြွကြွ စနစ်တကျမဲပေးခဲ့ကြခြင်းသည် ပြည်သူလူထုက ရွေးကောက်ပွဲကိုလည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ နိုင်ငံရေးအရ ဆောင်ရွက်ချက်များကိုလည်းကောင်း ထောက်ခံမှုကို ပြသခဲ့ခြင်းပင်ဖြစ်သည်။

ပြည်သူ့ဆန္ဒနှင့်အညီ ဖြစ်ပေါ်လာသည့် လွှတ်တော်များမှ ပေါ်ထွက်လာသော အစိုးရဖြစ်သဖြင့် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးကောင်းမွန်စေရေး ဆောင်ရွက်သွားမည်ဖြစ်သည်။ နိုင်ငံတော်တွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာများ၊ ခေတ်စနစ်အတွေ့အကြုံများပေါ်တွင် သင်ခန်းစာယူပြီး နိုင်ငံတော်အစိုးရအနေဖြင့် ကောင်းမွန်သည့် ဦးဆောင်မှုများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးလည်မသုန် ထမ်းဆောင်သွားမည်ဟု သန္နိဋ္ဌာန်ပြုထားသည်။ သို့သော် အချို့သောနိုင်ငံများအနေဖြင့် ပြည်သူများက ရွေးချယ်ထားသည့် ဒီမိုကရေစီနည်းလမ်းနှင့်အညီ တာဝန်ထမ်းဆောင်နေသည့် အစိုးရအပေါ် ကန့်သတ်မှုများ၊ စီးပွားရေးပိတ်ဆို့မှုများကို ဖိအားပေးလုပ်ဆောင်နေကြဆဲ ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဒီမိုကရေစီစနစ်နှင့်လိုက်လျောညီစွာ နိုင်ငံတော်ကို ပုံဖော်တည်ဆောက်သွားမည်ဖြစ်သည်။

ပထမငါးနှစ်တာကာလအတွင်းက တပ်မတော်အနေဖြင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး ခေတ္တတာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ယခုငါးနှစ်တာကာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ဒီမိုကရေစီနည်းလမ်းတကျ ပြည်သူများ၏ဆန္ဒနှင့်အညီ ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်အကောင်အထည် ဖော်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီနိုင်ငံများနည်းတူ မိမိနိုင်ငံနှင့် လိုက်လျောညီထွေရှိသည့် ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာရပ်တည်တည်ဆောက် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ ပြည်သူများက ရွေးချယ်တင်မြှောက်ထားသည့် အစိုးရအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး အကောင်အထည်ပေါ်လာအောင် အားလုံးတက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ 

ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် ခေတ်စနစ်နှင့်လျော်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုများကိုရရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ အမျိုးသားရေးစရိုက်လက္ခဏာများကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုသည်။ အမျိုး၊ ဘာသာ၊ သာသနာ၊ ထုံးတမ်းအစဉ်အလာများ၊ ယဉ်ကျေးမှုစရိုက်လက္ခဏာများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို အားလုံးအနေဖြင့် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်သွားရန် တာဝန်ရှိသည်။ ယင်းတို့သည် ကိုယ်ပိုင်လက္ခဏာများ၊ အမျိုးသားရေးတာဝန်များဖြစ်၍ ယင်းတို့ကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်သွားရမည်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံသစ်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

ပြီးခဲ့သည့်ကာလများက နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့ရာတွင် အားသာချက်များရှိသလို အားနည်းချက်များလည်းရှိခဲ့မည်ဖြစ်သည်။ လက်ရှိကာလတွင် နိုင်ငံတော်အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် အားနည်းချက်များကို ထိန်းသိမ်းပြင်ဆင်ပြုပြင်၍ ဒီမိုကရေစီအစိုးရနှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီစနစ်နှင့်လျော်ညီသည့် ပြောင်းလဲမှုများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်၍ ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်စေရေး ဆက်လက်ဆောင်ရွက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ပါကြောင်း။ ။

Newspaper - 3519 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download