ဒီမိုကရေစီနှင့်ဖက်ဒရယ်အခြေခံသည့် ပြည်ထောင်စုကို ဝိုင်းဝန်းတည်ဆောက်
ဒီမိုကရေစီနှင့်ဖက်ဒရယ်အခြေခံသည့် ပြည်ထောင်စုကို ဝိုင်းဝန်းတည်ဆောက်
Ministry of Information/ Naypyitaw / January 19, 2026
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော လက်နက်ကိုင်ပဋိပက္ခများကြောင့် အကျိုးဆက်အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများ အားနည်းမှုများဖြစ်ပေါ်ခဲ့သည်မှာ အားလုံးအသိပင်ဖြစ်သည်။ ထို့ကြောင့် တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ငြိမ်းချမ်းမှသာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။
မျှော်မှန်းတည်ဆောက်နေသည့် ဒီမိုကရေစီပြည်ထောင်စုကြီးအတွက် လူ့စွမ်းအားအရင်းအမြစ်များနှင့် တိုးတက်စပြုနေသည့် အခြေခံအဆောက်အအုံများ လက်နက်ကိုင်လမ်းစဉ်ကြောင့် အမြောက်အမြားဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် နှစ်ပေါင်း ၇၀ ကျော်ကြာသည်အထိ မည်သည့်ရလဒ်မျှမထွက်သည်ကို သင်ခန်းစာယူဖို့လိုသည်။ လက်နက်ကိုင်လမ်းစဉ်သည် ဒီမိုကရေစီကို နောက်ပြန်ဆွဲခြင်းဖြစ်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ ဆုံးရှုံးနစ်နာနေသည်ကို သတိပြုရမည်ဖြစ်သည်။
အတိတ်ကာလက ဖြစ်ပေါ်ခဲ့သည်များကို သင်ခန်းစာယူပြီး မှန်ကန်သည့်လမ်းကြောင်းကို ရွေးချယ်ကြရန်နှင့် လောကကောင်းကျိုးကို ဆောင်ကြဉ်းပေးနိုင်ရန်လိုအပ်သည်။ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်အေးချမ်းရေးသည် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ နိုင်ငံအတွင်း နေထိုင်ကြသူများအားလုံးနှင့် သက်ဆိုင်သောကြောင့် အားလုံးဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ လက်ရှိတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ဆုံးရှုံးပျက်စီးခဲ့ရသည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအခြေအနေများ ပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ဆက်လက်ဖျက်ဆီးနေလျှင် ဆက်လက်နစ်မွမ်းနေမည်ဖြစ်ပြီး ဥသျှစ်သီးနှစ်လုံးထုသလို နှစ်ဦးစလုံးပင် ကြေကွဲပျက်စီးမည်ဖြစ်သည်။
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်တူညီသည်ဆိုပါလျှင် ပြည်ထောင်စုအကျိုးကိုရှေးရှုပြီး လက်နက်ကိုင်အဖွဲ့များအားလုံးအနေဖြင့် နိုင်ငံတော်က တံခါးဖွင့်ကြိုဆိုလျက်ရှိသည့် ဥပဒေဘောင်အတွင်းဝင်ရောက်ပြီး ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတူ လက်တွဲပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိတို့ဒေသအကျိုး၊ မိမိတို့ပြည်သူအကျိုးကိုဖြင့် ဆောင်ရွက်ပေးလိုပါလျှင် ဒီမိုကရေစီနည်းလမ်းဖြင့်ဆောင်ရွက်မှသာ ရရှိနိုင်မည်ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် အားလုံးတန်းတူညီမျှ ဆောင်ရွက်နိုင်ရေး အခွင့်အလမ်းများရှိသည်။
ငြိမ်းချမ်းရေးသည် မြန်မာနိုင်ငံသာမက ကမ္ဘာသူကမ္ဘာသားများအားလုံး နှစ်နှစ်ကာကာ လိုလားတောင့်တနေသောဆန္ဒဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် သွေဖည်လျှင် အားလုံးနှင့်ဝေးသထက်ဝေးသွားမည်ဖြစ်သည်။ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အတူတကွ ပူးပေါင်းအကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမှသာ ငြိမ်းချမ်းရေးကိုရရှိနိုင်မည်ဖြစ်သဖြင့် ဖြစ်လိုသည့်ဆန္ဒများအား ဦးစားပေးမှုကိုလျှော့ချပြီး ဖြစ်သင့်သည်များကိုတောင်းဆို၍ ဖြစ်နိုင်သည်များကို ညီညီညွတ်ညွတ် ပူးပေါင်းလုပ်ဆောင်သွားကြရမည်ဖြစ်သည်။
မတူညီသည်များကို ခေတ္တခဏဘေးဖယ်ထားပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာကြရန်နှင့် တူညီသည့်သဘောထားများကို ပူးပေါင်းအကောင်အထည်ဖော်သွားကြရမည်ဖြစ်သည်။ လက်တွေ့ကျပြီး အောင်မြင်ခိုင်မာသည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ကောင်းကျိုးကို ရှေးရှုဆောင်ရွက်နိုင်မည်ဖြစ်သည်။ အေးချမ်းသောဘဝများတွင် ရပ်တည်နေထိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ညီညီညွတ်ညွတ် အတူလက်တွဲလုပ်ကိုင်နေမှုများကို ပြင်းပြစွာမျှော်လင့်နေကြသည်။ ထို့ကြောင့် နိုင်ငံတော်နှင့်အတူလက်တွဲ၍ ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အားလုံးအတူပါဝင်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ယခုအခါ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)နှင့်အပိုင်း(၂)ကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ပြည်သူလူထု၏ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်သည်။ ဆက်လက်၍ ရွေးကောက်ပွဲအပိုင်း(၃)ကို အောင်မြင်စွာကျင်းပပြုလုပ်ပြီး ပြည်သူများလိုလားတောင့်တသည့် ဒီမိုကရေစီနိုင်ငံ တော်သစ်အခင်းအကျင်း ဆောင်ရွက်တော့မည်ဖြစ်သည်။ အဆိုပါအခင်းအကျင်းသစ်တွင် အားလုံးပါဝင်လက်တွဲဆောင်ရွက်ပြီး ဘုံရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကိုတည်ဆောက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
Newspaper - 3468 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
