ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူးသင်တန်းသားများနှင့် သင်တန်းနည်းပြများအား တွေ့ဆုံအမှာစကားပြောကြား


Ministry of Information/ Naypyitaw / May 28, 2026
image_latest


နေပြည်တော် မေ ၂၈

တပ်မတော်အနေဖြင့် နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော်ကို ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတည်ငြိမ်အေးချမ်းမှုသည် အရေးကြီးသဖြင့် အင်အားတောင့်တင်းခိုင်မာပြီး စွမ်းရည်ထက်မြက်သည့် တပ်မတော်ဖြစ်စေရေးအတွက် တပ်မတော်သားတစ်ဦးချင်းစီ၏ စွမ်းရည်ထက်မြက်စေရေး လေ့ကျင့်သွားရန်လိုအပ်ကြောင်းဖြင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ယနေ့မွန်းလွဲပိုင်းတွင် ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး သင်တန်းသားများနှင့် သင်တန်းနည်းပြများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ ဗထူးတပ်နယ်ရှိခြေလျင်တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး သင်တန်းသားများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်းက တွေ့ဆုံအမှာစကားပြောကြားရာတွင် ရှေ့တန်းစစ်မျက်နှာတွင် အသက်နှင့်ခန္ဓာကိုအပ်နှင်း၍ စစ်ဆင်ရေးတာဝန်များကို ရွပ်ရွပ်ချွံချွံထမ်းဆောင်ခဲ့ပြီး သင်တန်းလာရောက်တက်ကြသည့် သင်တန်းသားများနှင့်တွေ့ဆုံရသည့်အတွက် ဝမ်းသာဂုဏ်ယူကြောင်း။

မိမိတို့နိုင်ငံသည် ပထဝီနိုင်ငံရေးအရ အချက်အခြာနေရာ (Geopolitical Pivot) တစ်ခုအဖြစ် တည်ရှိနေပြီး နိုင်ငံရေးစနစ်မတူညီသည့် အင်အားကြီးနှစ်နိုင်ငံအကြားတွင် တည်ရှိကြောင်း၊ သမိုင်းကြောင်းအရ ကိုယ့်ထီးကိုယ့်နန်းနှင့် တိုင်းရင်းသားပေါင်းစုံ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်သည်ကို အင်အားကြီး နယ်ချဲ့အင်္ဂလိပ်တို့၏ မတရားကျူးကျော် သိမ်းပိုက်ခံခဲ့ရာမှ ပြည်သူနှင့်မျိုးချစ်တပ်မတော်တို့ ပူးပေါင်းတွန်းလှန်ခဲ့ခြင်းဖြင့် လွတ်လပ်ရေးရခဲ့ကြောင်း၊ သို့သော်လည်း အင်အားကြီးအနောက်နိုင်ငံ၏ မြှောက်ပင့်ပေးမှုဖြင့် ဖြစ်ပေါ်ခဲ့သည့် ပြည်ပကျူးကျော်မှုကိုလည်း တပ်မတော်နှင့် ပြည်သူလက်တွဲတိုက်ထုတ်ခဲ့ရကြောင်း၊ ထိုသို့ သမိုင်းအစဉ်အလာနှင့် နိုင်ငံ၏ ပထဝီအနေအထားကြောင့် မိမိတို့နိုင်ငံနှင့်သင့်လျော်သည့် ပြည်သူလူထုလိုလားသော စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်သည့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်စွမ်းရည်ပြည့်ဝအောင် မိမိတို့ကိုယ်စီ ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း။

ထို့ကြောင့် စွမ်းရည်ရှိသည့် တပ်မတော်သားများဖြစ်စေရေး မိမိတို့တတ်မြောက်ထားသည့် စစ်အတတ်ပညာများကို ကျွမ်းကျင်တတ်မြောက်စွာ အသုံးချနိုင်သည့်၊ ကျန်းမာကြံ့ခိုင်သည့် တပ်မတော်သားများဖြစ်အောင် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လျက်ရှိသည့် စစ်အသုံးအဆောင်နှင့် စစ်အတတ်ပညာများကို အသုံးချနိုင်ရန်အတွက် စဉ်ဆက်မပြတ် လေ့လာနေရမည်ဖြစ်ကြောင်း၊ လေ့လာသင်ယူထားသော စစ်ပညာရပ်များကို စစ်မြေပြင်တွင် အကျိုးရှိစွာ အသုံးချနိုင်ရန်လိုအပ်ပြီး တစ်ဦးချင်း၏ တိုက်စွမ်းရည်ကို ဟန်ချက်ညီညီပေါင်းစပ်ကာ အဖွဲ့အစည်း၏တိုက်စွမ်းရည်ကို မြှင့်တင်နိုင်ရန်လိုကြောင်း၊ မိမိတို့သည် တပ်မတော်အရာရှိဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာရှိရန်လိုအပ်ကြောင်း၊ ထို့ပြင် နိုင်ငံ၏သမိုင်းကြောင်း၊ တပ်မတော်၏ သမိုင်းကြောင်းများကို သိရှိအောင်လေ့လာမှတ်သားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် ခြေလျင်၊ လက်ရုံး ခွဲခြားမှုမရှိဘဲ အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်စေရေး လေ့ကျင့်ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ မိမိအတွက် အကျိုးဖြစ်စေမည့် စာပေအသိပညာ ဖတ်ရှုလေ့လာခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လေ့လာဖတ်ရှုမှုများကို အမြဲမပြတ် ဆောင်ရွက်နေမည်ဆိုပါက လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ပြီး မိမိတို့ဖတ်မှတ်ထားသည်များကို စစ်မြေပြင်တွင် လက်တွေ့အသုံးချခြင်းနှင့် ဝေမျှခြင်းများကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ လေ့လာဖတ်ရှုခြင်း၊ မှတ်သားခြင်း၊ ဆွေးနွေးခြင်း၊ အသုံးချခြင်းများမှတစ်ဆင့် အသိပညာများ ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ကိုယ်ကျင့်တရားပိုင်းနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲ၏ အမြဲလမ်းညွှန်မှာကြားချက်ဖြစ်သည့် သင့် (၄) သင့်ကို လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သင့် (၄) သင့်ဆိုသည်မှာ သွားသင့်သည့်နေရာကိုသွားရန်၊ ပြောဆိုသင့်သည့်စကားကိုသာပြောဆိုရန်၊ လုပ်သင့်သည့် အလုပ်ကိုသာလုပ်ရန်နှင့် ပေါင်းသင့်သည့်သူကိုသာ ပေါင်းသင်းသွားရန်တို့ဖြစ်ကြောင်း။

နိုင်ငံတော်နှင့်တပ်မတော်က အားထားရသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ရပ်နှင့်အညီ ကျင့်ကြံနေထိုင်ပြီး ခေါင်းဆောင်ကောင်းများပီသစွာဖြင့် တပ်ကိုကွပ်ကဲ ဦးဆောင်ကြရန်လိုကြောင်း၊ မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်မှုနှင့်ပတ်သက်၍ မိမိလက်အောက် အရာရှိ၊ စစ်သည်များ စည်းကမ်းစနစ်တကျဖြစ်စေရေး ထိန်းသိမ်းရန်လိုအပ်သကဲ့သို့ လက်အောက်ငယ်သားများအပေါ်တွင်လည်း ကိုယ်ချင်းစာတရားထား၍ စံနမူနာပြအုပ်ချုပ်ရန်လိုကြောင်း၊ လူတိုင်း (၁) ဖြစ်ခွင့်ရှိသော်လည်း လူတိုင်း (၁) မဖြစ်နိုင်ကြောင်း၊ သို့သော် လုံ့လ၊ ဝီရိယဖြင့်ကြိုးစားလျှင် အောင်မြင်မည်ဖြစ်၍ ဇွဲမလျှော့ဘဲကြိုးစားရန်လိုကြောင်း၊ မိမိတို့ တစ်ဦးတစ်ယောက်ချင်းစီ၏ ရည်မှန်းချက်တာဝန်များကိုဆောင်ရွက်ရာတွင် အသိတရား၊ သတိတရားဖြင့် ထိန်းသိမ်း၍ဆောင်ရွက်ကြမည်ဆိုပါက မိမိတို့၏လုပ်ငန်းဆောင်ရွက်မှုများကို အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်အဖွဲ့ဝင်များသည် သင်တန်းကျောင်းဝန်းအတွင်းရှိ သင်တန်းသားအိပ်ဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး သင်တန်းအဆောင်များအလိုက် စနစ်တကျရှိစေရေး၊ ထိန်းသိမ်းမှုကောင်းမွန်စေရေး၊ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့မှာကြားပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့ပြင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်အဖွဲ့ဝင်များသည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) ရှိ သုံးထပ်စာသင်ဆောင်၊ ရှင်းလင်းဆောင်သို့ရောက်ရှိကြရာ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး)၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) နှင့် တပ်မတော် (ကြည်း) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းတို့မှ ကျောင်းအုပ်ကြီးနှင့် ဒုတိယကျောင်းအုပ်ကြီးတို့က လေ့ကျင့်သင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ တပ်တည်ဆောက်ရေးလုပ်ငန်းကြီး (၄) ရပ်တို့အား ရှင်းလင်းတင်ပြရာ ရှင်းလင်းတင်ပြမှု များအပေါ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က ဗထူးမြို့သည် လေ့ကျင့်ရေးဆိုင်ရာ သင်တန်းကျောင်းကြီးများအခြေပြုရာ သမိုင်းအစဉ်အလာအရ ထူးခြားသည့်တပ်မြို့ဖြစ်ပြီး အဓိကတာဝန်သည် လေ့ကျင့်သင်ကြားပေးရန်ဖြစ်သည့်အတွက် လေ့ကျင့်သင်ကြားရေးနှင့်ပတ်သက်၍ ပီပီပြင်ပြင် လက်တွေ့ကျကျ လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ နည်းပြများအနေဖြင့် စစ်ဘက်ဆိုင်ရာ အသိပညာနှင့် အတတ်ပညာများ သင်ကြားလေ့ကျင့်ပေးရာတွင် စေတနာထား၍ တက်မြောက်သည်အထိ လေ့ကျင့်ပေးသွားရန်လိုကြောင်း၊ မိမိသိသလို၊ တတ်မြောက်သလို၊ ကျွမ်းကျင်သလို သင်တန်းသားများကိုလည်း တတ်သိကျွမ်းကျင်အောင် သင်ကြားပေးရန်လိုကြောင်းမှာကြားပြီး သိရှိလိုသည်များမေးမြန်းကာ လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 3539 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download