ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျ အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး)ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို တွေ့ဆုံအားပေး
ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျ အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး)ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို တွေ့ဆုံအားပေး
Ministry of Science and Technology/ Nay Pyi Taw / May 23, 2025
နေပြည်တော် ဧပြီ ၂၂
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဧပြီ ၂၁ နံနက်ပိုင်းတွင် အစိုးရနည်းပညာ အထက်တန်းကျောင်း (တောင်ကြီး)သို့ ရောက်ရှိပြီး ဦးစွာ မန္တလေးငလျင်ကြီးကြောင့် အလုပ်ရုံအတွင်းရှိ စက်ပစ္စည်း အစိတ်အပိုင်းများထုတ်လုပ်ခြင်းနည်းပညာသင်တန်းဆိုင်ရာ တွင်ခုံများ၊ ဝန်ထမ်းအိမ်ရာရှိ နံရံများများနှင့် ကော်လံတိုင် အပေါ်ယံများ၊ သုံးထပ်နှင့် နှစ်ထပ်စာသင်ဆောင်တို့ရှိ အပေါ်ဆုံးထပ် စာသင်ခန်းများတွင် မျက်နှာကြက်များ ပျက်စီးမှုများ၊ ကျောင်းသားဆောင်တွင် မျက်နှာကြက်များ ပျက်စီးမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် တွေ့ဆုံပွဲတွင် ကျောင်းအုပ်ကြီးက ပြုပြင်ရေးလုပ်ငန်းအစီအစဥ်များကို ရှင်းလင်းတင်ပြပြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဉာဏ်ဝင်းသန်းက ဖြည့်စွက်ရှင်းလင်း တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပျက်စီးယို့ယွင်းလျက်ရှိသော အဆောက်အအုံများမှ ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်၊ အဆောက်အအုံများနှင့် လက်တွေ့သုံးပစ္စည်းများ ပြုပြင်ရေးဆိုင်ရာ လုပ်ငန်းများကို ကျောင်းဖွင့်ချိန်အမီ စံနှုန်းများနှင့်အညီ ဆောင်ရွက်ရန်၊ ဒေသတွင်း စက်မှုဇုန်နှင့် MSME များ ဖွံ့ဖြိုးရေး၊ ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက် ရေးအတွက် လက်တွေ့ကျကျ အထောက်အကူပြုသည့် ကာလတိုနှင့် ပုံမှန်သင်တန်းများကို အရည်အသွေးပြည့်မီစွာဖွင့်လှစ်ရန်၊ နည်းပညာရည်ပြည့်ဝပြီး ကျင့်ဝတ်များကို လေးစားလိုက်နာသည့် ဗလ ငါးတန်နှင့် ပြည့်စုံသော လူငယ်ပညာရှင်များ စဥ်ဆက်မပြတ် ပေါ်ထွန်းလာရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးကာ လိုအပ်ချက်တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။
Newspaper - 3181 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။
