ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ကွမ်ရှီး CPC ပါတီ အတွင်းရေးမှူး Mr. Chen Gang တို့ AI ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး
ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ကွမ်ရှီး CPC ပါတီ အတွင်းရေးမှူး Mr. Chen Gang တို့ AI ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး
Ministry of Information/ Naypyitaw / December 08, 2025
နေပြည်တော် ဒီဇင်ဘာ ၇
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြား ဉာဏ်ရည်တုနည်းပညာ (AI)ကဏ္ဍ၌ နှီးနှောဖလှယ်မှုများ ဆောင်ရွက်နိုင်ရန် ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာ မြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နန်နင်းမြို့သို့ ဒီဇင်ဘာ ၅ ရက်၌ လေ့လာရေးခရီးစဉ် ရောက်ရှိကြသည်။
ခရီးစဉ်တွင် ဒုတိယဝန်ကြီးသည် ကွမ်ရှီးကွန်မြူနစ်ပါတီအတွင်းရေးမှူး Mr. Chen Gang နှင့် ယင်းနေ့မွန်းလွဲပိုင်းတွင် ကွမ်ရှီးကွန်မြူနစ်ပါတီကော်မတီရုံး၌ တွေ့ဆုံဆွေးနွေးသည်။ ဆွေးနွေးပွဲသို့ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီကော်မတီအမြဲတမ်းအဖွဲ့ဝင်နှင့် ဒုတိယဥက္ကဋ္ဌ လူရှင်နင်းနှင့် တာဝန်ရှိသူများ၊ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းတို့ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးစဉ် Mr. Chen Gang က ကွမ်ရှီးသည် အာဆီယံအတွက် နိုင်ငံတကာ AI ပူးပေါင်းဆောင်ရွက်ရေး ဗဟိုအချက်အချာဖြစ်ရန် တရုတ်-အာဆီယံနိုင်ငံများ AI အသုံးချပူးပေါင်းဆောင်ရွက်ရေးဗဟိုဌာနကို အရှိန်မြှင့်တင်တည်ဆောက်လျက် ရှိကြောင်း၊ ကွမ်ရှီးနှင့် မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ နီးကပ်ပြီးဆက်ဆံရေးနက်ရှိုင်း ကျယ်ပြန့်ကာ နှစ်နိုင်ငံအရေးပါသော သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်ရှိရာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး အဓွန့်ရှည်ခိုင်မြဲစေလျက် နှစ်နိုင်ငံဘုံအကျိုးကျေးဇူးများ ဖြစ်ထွန်းစေမည့် မြန်မာနိုင်ငံနှင့် AI ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဒုတိယဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ AI အပါအဝင် ထွန်းသစ်စ ဒစ်ဂျစ်တယ်နည်းပညာများကို အကျိုးရှိထိရောက် စွာအသုံးချနိုင်ရေးအတွက်ဌာနများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ အမျိုးသားအဆင့်ဉာဏ်ရည် တုနည်းပညာမဟာဗျူဟာနှင့် မူဝါဒတို့ကို ရေးဆွဲခဲ့ပြီး မကြာမီချမှတ်ဆောင်ရွက်သွားရန်ရှိပါကြောင်း၊ ယခုနှစ်သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး တည်ထောင်သည့် (၇၅)နှစ်မြောက် စိန်ရတုနှစ်လည်းဖြစ်ရာ ယခုခရီးစဉ်ကို အခွင့်အရေးခြေလှမ်းတစ်ရပ် အဖြစ်အသုံးချ၍ ညီအစ်ကိုသဖွယ် ချစ်ကြည်ရင်းနှီးလှသော ဆွေးမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုအဓွန့်ရှည် ခိုင်မြဲစေလျက် ကွမ်ရှီးဒေသနှင့် ဒစ်ဂျစ်တယ် ပိုးလမ်းမကြီးစီမံကိန်း၌ AI ကဏ္ဍဖွံ့ဖြိုး ရေး ထိရောက်နက်ရှိုင်းလှသော ပူးပေါင်းဖလှယ် ဆောင်ရွက်မှုသစ်များ စဉ်ဆက်မပြတ်အရှိန်မြှင့်တင်ပြီး အေးအတူပူအမျှ မျှဝေသောအနာဂတ်အသိုက် အဝန်းကောင်းများကို အတူတကွ တည်ဆောက်သွားကြရန် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3420 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
