ဒုတိယဝန်ကြီး ဒေါ်နုမြဇံ အနုပညာအထက်တန်းကျောင်း (မန္တလေး) နှင့် မန္တလေးယဉ်ကျေးမှု အမွေအနှစ်ဒေသစစ်ဆေး
ဒုတိယဝန်ကြီး ဒေါ်နုမြဇံ အနုပညာအထက်တန်းကျောင်း (မန္တလေး) နှင့် မန္တလေးယဉ်ကျေးမှု အမွေအနှစ်ဒေသစစ်ဆေး
Ministry of Information/ Naypyitaw / March 27, 2025
နေပြည်တော် မတ် ၂၆
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးမြို့ အနုပညာအထက်တန်းကျောင်းဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် နှစ်ထပ်ကျောင်းသူအဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မန္တလေးတိုင်းဒေသကြီး မြနန်းစံကျော်ရွှေနန်းတော် မြေနန်းပြာသာဒ်ဆောင်ရှိ လက်ယာ/ လက်ဝဲ ပွဲတက်ဆောင်များ၏ ကြမ်းခင်းကို ကွန်ကရစ်အစား သစ်သားလျှာထိုးခင်းခြင်းလုပ်ငန်း၊ နန်းဆောင်များအား ဆေးသုတ်ခြင်းလုပ်ငန်း၊ မြေနန်းပြာသာဒ်ဆောင်ရှိ တိုင်လုံးများကို မြန်မာမှုလက်ရာ ယွန်းကြိုးထိုးခြင်း လုပ်ငန်းနှင့် မှန်နန်းဆောင်ရှိ ဘုရင့်အိပ်ဆောင်ခန်းတွင် နန်းသုံးပစ္စည်းများ ပြုလုပ်မွမ်းမံခင်းကျင်းခြင်း လုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် သစ်တပ်မြို့ရိုးအတွင်းရှိ တံခါးနီမြို့ရိုး တူးဖော်၊ ထိန်းသိမ်းခြင်းလုပ်ငန်း၊ အမြောက်ပြတိုက်၊ စည်ရှည် တံတားတည်ဆောက်ပြီးစီးမှု၊ ပြအိုး၊ ပြာသာဒ်နှင့် မန္တလေး နန်းမြို့ရိုးတောင်ဘက်ခြမ်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး အတုမရှိကျောင်းတွင် ကိန်းဝပ်စံပယ်တော်မူသော စူဠာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုသည်။
ယင်းနောက် ကုသိုလ်တော်ဘုရားရှိ Pagoda Digital Directory ဆောင်ရွက်ထားရှိမှု၊ သုဓမ္မာဇရပ်အား ရှေးမူမပျက် ပြန်လည်ဖော်ထုတ်တည်ဆောက်မည့်နေရာနှင့် မန္တလေးယဉ်ကျေးမှုပြတိုက်တွင် ပြသပစ္စည်းများ ခင်းကျင်းပြသထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3371 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
