ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး မွန်ပြည်နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်


Ministry of Hotel & Tourism/ နေပြည်တော် / March 21, 2025


နေပြည်တော် မတ်လ ၂၀

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံး၌ ဝန်ထမ်းများ၊ ဟိုတယ်နှင့်ခရီးသွား အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ရည်မှန်းချက်ထားဆောင်ရွက်

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မွန်ပြည်နယ်အတွင်းရှိ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် ယင်းနှင့် ဆက်စပ်သည့် MSME လုပ်ငန်းများပါ ဖွံ့ဖြိုးတိုးတက်လာရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်း တိုးတက်ရေးမှာ ပုဂ္ဂလိကကဏ္ဍက အဓိကထားအကောင်အထည်ဖော်ကြရသည့်အတွက် ဝန်ထမ်းများအနေဖြင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခရီးသွား လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လုပ်ငန်းရပ်များအလိုက် Standard Operating Procedure (SOP) များ ရေးဆွဲဆောင်ရွက်လျက်ရှိရာတွင် မိမိတို့ပြည်နယ်နှင့် သက်ဆိုင်မှုရှိသည့် ခရီးသွားလုပ်ငန်းများ စနစ်တကျပါဝင်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြ ရန်လိုအပ်ကြောင်း၊ မွန်ပြည်နယ်အတွင်းရှိ ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပစေရေးနှင့် မိမိတို့ဒေသအတွင်းသို့ ခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာစေရန် မွန်ပြည်နယ် အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များနှင့် ဝန်ထမ်းများက ဝိုင်းဝန်းပူးပေါင်း၍ ရည်မှန်း ချက်ထား ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော်ဆောင်ရွက်ကြရာတွင် မိမိတို့လုပ်ငန်းနှင့် ဆက်စပ်သည့် ဗဟုသုတများပါ တိုးတက် ရရှိစေရန် ကြိုးစားလေ့လာကြပြီး နိုင်ငံတော်နှင့် ဝန်ကြီးဌာနအကျိုး၊ ပြည်သူလူထု အကျိုးအတွက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မွန်ပြည်နယ် ရုံးအဆောက်အအုံသစ်ဆောက်လုပ်နေမှု၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်ထားသောအရည်အသွေး၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီရေး အလေးထား ဆောင်ရွက်ကြရန်၊ ပစ္စည်းများအလေ အလွင့်မရှိစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Source From: Kyemon

Newspaper - 3512 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download