ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မြေအောက်ရေအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သီးထပ်စိုက်စွမ်းအား တိုးမြှင့်နိုင်ရေး ကွင်းဆင်းဆောင်ရွက်


Ministry of Information/ Naypyitaw / March 26, 2025
image_latest


နေပြည်တော် မတ် ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ကျောင်းဆောင်ကျေးရွာအနီး စလေးချောင်းမြေအောက်တမံဆောင်ရွက်နေမှုကိုလည်းကောင်း၊ မြို့သစ်မြို့နယ် လေးတိုင်စင်ကျေးရွာအနီး ပေါင်းကူးချောင်းမြေအောက်တမံနှင့် နတ်ရွာကျေးရွာအနီး ဆည်ရိုးချောင်းမြေအောက်တမံဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျွန်းခင်းကြီးရေလှောင်တမံနှင့် ဆက်စပ်အဆောက်အအုံများ တည်ဆောက်အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ကြက်မောက်တောင်ရေသောက်စနစ်ရှိ လက်ဝဲမြောင်း မြောင်းပေါင်ကြံ့ခိုင်လုံခြုံမှုရှိစေရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ လက်ဝဲမြောင်းရေသောက်စနစ်တွင် ကုန်းမြင့်လယ်ယာမြေကို ဆိုလာရေတင်စနစ်ဖြင့် ရေပေးဝေခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ဆိုလာစနစ်ဖြင့် ရေတင်ပြီး စိုက်ပျိုးခြင်းဖြင့် ကုန်ကျစရိတ်သက်သာစေသောကြောင့် သီးနှံများ ယခင်ကထက် ပိုမိုတိုးချဲ့စိုက်ပျိုးကြရန်နှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် စိုက်ပျိုးကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

ယင်းနောက် မိတ္ထီလာမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ခရိုင်ဦးစီးမှူးများနှင့် တွေ့ဆုံပြီး မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေး၊ သီးနှံပုံစံအလိုက် စိုက်ပျိုးရေလိုအပ်ချက်အတိုင်း အပြည့်အဝပေးဝေနိုင်ရေး၊ သီးထပ်စွမ်းအားတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသည်။

ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့နယ် တောမအုပ်စုဥယျာဉ်ကျေးရွာရှိ မိတ္ထီလာတောင်ကန်ဥယျာဉ်မြောင်း ရေသောက်စနစ်အတွင်း နွေနှမ်း (ဆင်းရတနာ-၃) မျိုးကို ပေါင်ကြီးတင်စနစ်ဖြင့် တောင်သူများ စံပြစိုက်ခင်းစိုက်ပျိုးထားရှိမှု၊ မိတ္ထီလာမြို့နယ် ကွက်ငယ်ကျေးရွာတွင် နွေစပါး (ဆင်းသုခ) မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပိုးမွှားရောဂါကျရောက်မှုကာကွယ်နိုင်ရေး အလေးထားဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3157 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2025

Publication Date: 2025

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်၊ ဧပြီ ၃၀ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download