ဒုတိယဝန်ကြီး ဦးသိုက်စိုး ပုသိမ်မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


Ministry of Information/ Naypyitaw / March 03, 2026
image_latest


နေပြည်တော် မတ် ၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက်ပိုင်းတွင်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကဦးဆောင်၍ ပုသိမ်မြို့နယ် မရမ်းချောင်းကျေးရွာတွင်ကျင်းပသည့် (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားသို့ တက်ရောက်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာပေါင်း ၂၁ ရွာမှ အိမ်ခြေ ၇၀၈၁ အိမ်အား အကျိုးပြုမည့် ရွှေမြင်တင်ကျောင်းလမ်း အရှည် ၅ ဒသမ ၅ ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ လမ်းပခုံးများ စနစ်တကျဖြစ်စေရေး မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မြို့ချောင်းကျေးရွာသို့သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေဖြင့် ပေ ၄၀ အကျယ်ရှိ ကွန်ကရစ်ဆိပ်ခံတံတား တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး၊ ရေယာဉ်များနှင့် ရေလုပ်သားများအတွက် အမှန်တကယ်အကျိုးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်မှာကြားကာ ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပုသိမ်မြို့ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်းသို့သွားရောက်၍ ဦးစီးဌာနလေးခုမှ ဝန်ထမ်းများ၊ သင်တန်းကျောင်းမှ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးရေး၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ဦးစီးဌာနအလိုက်၊ သင်တန်းကျောင်းများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ ထိရောက်အောင်မြင်ရေး၊ ဝန်ထမ်များ မိမိတို့ဘဝတိုးတက်မြင့်မားရေးနှင့် သင်တန်းနည်းပြ ဆရာ ဆရာမများက နှစ်စဉ် သင်တန်းသားပိုမိုရရှိရေး၊ အမျိုးသားရေးစိတ်ဓာတ် နှင့် လူမှုရေးစိတ်ဓာတ် အခြေခံပြည့်ဝသည့် သမဝါယမစီးပွားရေးပညာတတ်လူငယ်လူရွယ်များ မွေးထုတ်ပေးနိုင်ရေး၊ သမဝါယမကောလိပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်နိုင်သည်အထိ စေတနာထား၍ သင်ကြားပို့ချပေးရေး တိုက်တွန်းမှာကြားကာ ဝန်ထမ်းများနှင့် ဆရာ ဆရာမများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3458 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download