ဒုတိယဝန်ကြီး ဦးအောင်မြိုင် နေပြည်တော်- မန္တလေး ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှုနှင့် မန္တလေး-မြို့ဟောင်း-ဆည်တော်-ဇီးပင်ကြီး-ပြင်ဦးလွင် ရထားလမ်းပိုင်းအခြေအနေကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / September 08, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ယနေ့တွင် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ နေပြည်တော်- သာစည် - သဲတော - မန္တလေး ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှု၊ မန္တလေး - မြို့ဟောင်း - ဆည်တော် - ဇီးပင်ကြီး - ပြင်ဦးလွင် ရထားလမ်းပိုင်းရှိဘူတာများ၊ ရထားလမ်းတံတားများ၏ အခြေအနေနှင့် ဒီဇယ်စက်ခေါင်းပြင် စက်ရုံ (ပြင်ဦးလွင်)တို့ကို စစ်ဆေးသည်။

မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး

ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် နေပြည်တော် - သာစည် - သဲတော - မန္တလေးရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင် ပြေးဆွဲနိုင်ရေးအဆင့်မြှင့်တင်ပြုပြင်နေမှုကို RBE ရထားဖြင့် လိုက်ပါစီးနင်းစစ်ဆေးပြီး တံတားအဝင်၊ အထွက်နေရာများတွင် ခုန်ဆောင့်လူးမဖြစ်စေရေး Run Off Frame များ စနစ်တကျတပ်ဆင်သွားရန်နှင့် Alignment တိကျမှန်ကန်စေရေး စနစ်တကျစစ်ဆေးသွားရန်၊ တံတားနေရာများရှိ ဆွေးမြည့်နေသည့်သစ်သား ဇလီဖားများ လဲလှယ်ရန်၊ ကွေ့ဒီဂရီ၊ Alignment နှင့် Super Elevations များ မှန်ကန်မှုရှိစေရေး ပြုပြင်ဆောင်ရွက်သွားရန်၊ သံလမ်းအဆက်နေရာများတွင် သံလမ်းအဆက်ညှိခြင်းလုပ်ငန်းများဆောင်ရွက်ရန်၊ ရေတိုက်စားခံရသည့် တံတားရေလယ်တိုင်များတွင် ကျောက်ကြီးချရန်နှင့်လိုအပ်သည့် ရေလမ်းကြောင်းရရှိရန်အတွက် ရေကာတန်းများရိုက်ရန်၊ ရေတိုက်စားခံရသည့် တာပေါင်များသတ်မှတ်အကျယ်ရရှိအောင် မြေဖို့ဖိကြိတ်ခြင်းများဆောင်ရွက်ရန်နှင့် ရထားလမ်းပိုင်းအတွင်း သတ်မှတ်စံချိန်စံနှုန်းအတိုင်း လမ်းခင်းကျောက်များ စနစ်တကျ ဖြည့်သွင်းပြီး Hand Tamping Machine အပြင် Automatic Leveling, Lining & Tamping Machine (ALLTM) စက်ဖြင့် ကျောက်ပါကင်ရိုက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။

ဘူတာများသပ်ရပ်ရေး

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေး - မြို့ဟောင်း - ဆည်တော် - ဇီးပင်ကြီး - ပြင်ဦးလွင် ရထားလမ်းပိုင်းအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရထားလမ်းပိုင်းရှိ လွန်းထိုးလမ်းပိုင်းနေရာများကို စနစ်တကျပြုပြင် ထိန်းသိမ်းရန်၊ ဘူတာများနှင့် ဘူတာယာဒ်ဝင်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်ရန်၊ ကွန်ကရစ်ဇလီဖားတုံးများကို သတ်မှတ်အကွာအဝေးအတိုင်း ထည့်သွင်းဆောင်ရွက်ရန်နှင့် ဘူတာဆေးအရောင်များကို သတ်မှတ်ဆေးအရောင်များသုတ်ရန် ဆွေးနွေးမှာကြားသည်။

ခရီးသွားများစိတ်ချမ်းသာရေး

ထို့ပြင် ဒုတိယဝန်ကြီးသည် ရထားလမ်းဘေးရှိ ကျူးကျော်များရှင်းလင်းရေး၊ ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသည့် လူစီးရထားများ ဝင်ချိန်၊ ထွက်ချိန်မှန်ကန်စေရေး၊ ရထားများ ခရီးဆုံးဘူတာဆိုက်ရောက် ပြီးသည့်အခါ ရထားတွဲအတွင်း၊ အပြင်သန့်ရှင်းရေးစနစ်တကျ ဆောင်ရွက်စေရေး၊ ရထားစီးခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်သွားရန်၊ မြန်မာ့မီးရထား ဆေးပေးခန်း(ပြင်ဦးလွင်)တွင် ဝန်ထမ်းမိသားစုများ ဆေးကုသမှုပိုမိုခံယူနိုင်ရေး ကျန်းမာရေးဆွေးနွေးပွဲများ စီစဉ်ဆောင်ရွက်ပေးသွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3489 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download