ဒေသဝမ်းစာ ဖူလုံရေးအပြင် ဈေးကွက်လိုအပ်ချက်ရှိနေသည့် အသားကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး


Ministry of Information/ Naypyitaw / February 17, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၆

ဒေသဝမ်းစာဖူလုံရေးအပြင် ဈေးကွက်လိုအပ်ချက်ရှိနေသည့် အသားကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် ရွှေမြို့မွေးမြူရေးဇုန်ရှိ မွေးမြူရေးတောင်သူ ဦးမြတ်မင်းလတ်၏ ဒေသဆိတ် (ထိန်စမ်း) မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တာဝန်ရှိသူများက ဒေသဆိတ် (ထိန်စမ်း) ၁ဝ၇ ကောင် မွေးမြူထားရှိမှု၊ တိရစ္ဆာန်အစာပင် နေဗီယာ တစ်ဧက၊ နှံစားပြောင်း နှစ်ဧက၊ မတ်ပဲ တစ်ဧက စိုက်ပျိုးခြင်း၊ တိရစ္ဆာန်အစာထုတ်လုပ်မှု ထားရှိမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဒေသဆိတ် မွေးမြူထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး အစာကျွေးမွေးမှု၊ အာဟာရပြည့်ဝစေမှုအပါအဝင် မွေးမြူမှုစနစ်များနှင့် ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို မွေးမြူထုတ်လုပ်မှုအဆင့်ဆင့်တိုင်းကို အလေးထားဆောင်ရွက်သွားရန် လိုကြောင်း မှာကြားသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေသနွား (ပြာစိမ်းနှင့် ရွှေနီ) မျိုးထိန်းမျိုးပွား ၅၈ ကောင် မွေးမြူထားရှိမှုကိုလည်းကောင်း၊ ဥစားဘဲ (ကာကီကင်း) အကောင်ရေ ၁၅၅၈ ကောင် မွေးမြူထားရှိမှုကိုလည်းကောင်း၊ ဘဲဥဖောက်စက်ဖြင့် ဘဲသားပေါက်များ ဖောက်လုပ်နေမှုကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဥစားဘဲမျိုးကောင်းမျိုးသန့်ဖြန့်ဖြူးနိုင်ရေး၊ ဘဲမွေးမြူရေး ပိုမိုကျယ်ပြန့်လာရေးအတွက် နည်းပညာပေးဆောင်ရွက်ကြရန် မှာကြားသည်။

ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်

ယင်းနောက် Super Cow နို့စားနွားမွေးမြူရေးခြံတွင် မွေးမြူထားရှိသည့် နို့စားနွား အကောင်ရေ ၇၀ မွေးမြူထားရှိမှုနှင့် အင်မိုင်ခနွားမွေးမြူရေးခြံတွင် မွေးမြူထားသည့် ဒေသနွား (ပြာစိမ်း) အကောင်ရေ ၁၅၀ တို့ကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်၏ အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေးသည် ပုဂ္ဂလိကကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုပေါ် များစွာတည်မှီနေသဖြင့် ဌာနနှင့် ပုဂ္ဂလိကများအကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ဇေယျာသီရိမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ရေဆင်းငါးလုပ်ငန်းစခန်းသို့ ရောက်ရှိရာ တိုင်းတာဝန်ခံကလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်၊ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်လိုကြောင်း၊ ငါးမျိုးပြုန်းတီးမှုမှ ကာကွယ်ရန်နှင့် ငါးသယံဇာတထိန်းသိမ်းခြင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားပြီး ငါးလုပ်ငန်းစခန်းအတွင်းရှိ ရေစင်တည်ဆောက်နေမှုနှင့် ငါးသားဖောက်လုပ်မှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ် (၃၆) အစည်း အဝေးခန်းမ၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများကို တွေ့ဆုံ၍ ပြည်သူများ၏ စားရေရိက္ခာဖူလုံရေးသည် မိမိတို့တွင် တာဝန်ရှိပါကြောင်း၊ မွေးမြူသူများအတွက် အကောင်းဆုံးအကျိုးအမြတ် ရရှိနိုင်စေရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူများအနေဖြင့် ကျရာအခန်းကဏ္ဍများမှ ကြိုးပမ်း အားထုတ်ကြရန်လိုကြောင်း၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ပိုင်တစ်နိုင် ယူနစ်အလိုက် မွေးမြူရေးစီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ ပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရေးအတွက် တိရစ္ဆာန်ကူးစက်ရောဂါများကို အလေးထားဆောင်ရွက်ရန်နှင့် သဘာဝအရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းပြီး ဒေသတွင်း ကူးစက်ရောဂါများကို စဉ်ဆက်မပြတ် စောင့်ကြည့်၍ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3444 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 12, 2026

Publication Date: 2026

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download