ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ (အောင်ဆန်းဆရာတော်)၏ နှစ်သစ်ကူးဆုတောင်းလွှာ
ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ (အောင်ဆန်းဆရာတော်)၏ နှစ်သစ်ကူးဆုတောင်းလွှာ
Ministry of Information/ Naypyitaw / April 17, 2026
ယနေ့ ၁၃၈၇ ခုနှစ်ကနေ ၁၃၈၈ ခုနှစ်ဆို နှစ်သစ်ကို ပြောင်းရွှေ့သွားတဲ့၊ နှစ်ကူးသွားတဲ့ နှစ်သစ်မင်္ဂလာအချိန်အခါဖြစ်ပါတယ်။ နှစ်သစ်မင်္ဂလာအချိန်အခါကောင်းသောနက္ခတ်၊ ကောင်းသောမင်္ဂလာ၊ ကောင်းသောအချိန်ဖြစ်ကြပါစေ။
ကောင်းသောနက္ခတ်၊ ကောင်းသောမင်္ဂလာ၊ ကောင်းသောအချိန်ကိုယူပြီးတော့ ၁၃၈၈ ခုနှစ် နှစ်သစ်မင်္ဂလာအချိန်အခါမှစ၍ သက်တမ်းတွေရှည်လျားပြီး အားလုံးသော မြန်မာနိုင်ငံအတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ ခုနစ်ရက်သားသမီးများ၊ နိုင်ငံတော်သမ္မတကြီးနဲ့အစိုးရ၏တာဝန် ကိုဆောင်ရွက်နေကြသော အစိုးရမင်းများနဲ့တကွ တိုင်းသူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း ပြည့်စုံကြပါစေ၊ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့ ဟီရိဩတ္တပ၊ သူတော်ကောင်းတရားနဲ့ အစဉ်ကိန်းဝပ်ပြီး ကောင်းကျိုးချမ်းသာ ခံစားစံစားရရှိနိုင်ကြပါစေ။
မြန်မာနိုင်ငံတော်ကြီးက ထေရဝါဒငါးနိုင်ငံတွင် ပါဝင်တဲ့တစ်နိုင်ငံဖြစ်ပြီး မြတ်စွာဘုရားရဲ့ အဆုံးအမဖြစ်တဲ့ သူတော်ကောင်းတရားခုနစ်ပါး အမြဲတမ်းကိန်းဝပ်ကြပါစေ၊ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့ ဟီရိဩတ္တပ သူတော်ကောင်းတရားခုနစ်ပါး သဒ္ဓါအားလုံးသော သတ္တဝါတွေကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်တယ်ဆိုတဲ့ မိမိရဲ့ကံ၏အကျိုးကို အားလုံးယုံကြည်နိုင်ကြပါစေ။
ကံ၊ ကံ၏အကျိုးဆိုတာက လူမျိုးနဲ့၊ ဘာသာနဲ့ မဆိုင်ပါဘူး၊ သတ္တဝါ ၊ သတ္တဝါတိုင်းမှာ ကောင်းတာ လုပ်ရင်ကောင်းတာဖြစ်တယ်၊ မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်၊ တစ်နေ့တာမှာ လူရယ်လုံးဝဖြစ်ပြီးတော့ သေသွားတဲ့ တစ်ဘဝအတွင်း နေ့စဉ်နေ့တိုင်းလှုပ်ရှားနေတာက မနက်မိုးလင်းပြီဆိုကတည်းက စိတ်ကနေကြံစည်တဲ့ မနောကံတွေ၊ နှုတ်ကနေပြောဆိုတဲ့ ဝစီကံတွေ၊ ကိုယ်ကိုယ်တိုင်ပြုလုပ်ကြတဲ့ ကာယကံတွေ၊ အဲဒီကံသုံးကံနဲ့ပဲ တစ်နေ့တစ်နေ့၊ တစ်လတစ်လ၊ တစ်နှစ်တစ်နှစ် အသက်တွေဘဝဆုံးတဲ့အထိ လှုပ်ရှားလာခဲ့ကြတယ်။ အဲဒီမှာ အရှုံးနဲ့အမြတ်ကိုပြန်တွက်ကြတယ်၊ မိမိမှာပိုင်ဆိုင်နေတဲ့ မနက်အိပ်ရာထချိန်ကစပြီးဖြစ်ပေါ် လာတဲ့မနောကံမှာ ကောင်းတဲ့မနောကံရှိတယ်၊ မကောင်းတဲ့မနောကံရှိတယ်၊ မကောင်းတဲ့ မနောကံများရင် တစ်နေ့တာအတွက် ဘဝမှာအရှုံးထွက်တာပဲ၊ ကောင်းတဲ့မနောကံတွေများရင် တစ်နေ့တာအတွက် အမြတ်ထွက်တာပဲ။ ထို့အတူပဲ ကံကောင်းကြလို့ နှုတ်ကောင်း၊ ပါးစပ်ကောင်းလေးတွေရကြတယ်။ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေးဆိုတဲ့စကားအရ မနက်မိုးလင်းကနေ ညအိပ်ရာဝင်ချိန်ကာလအထိ ကောင်းတဲ့ဝစီကံ၊ မကောင်းတဲ့ဝစီကံတွေ ဘယ်လောက်သုံးမိသလဲဆိုတာ မိမိကိုယ့်ကို နေ့စဉ်နေ့တိုင်း သုံးသပ်ကြည့်မိမယ်ဆိုရင် မကောင်းတဲ့ဝစီကံတွေဟာ ကိုယ့်မှာစည်းမဲ့ကမ်းမဲ့ မလိုတဲ့နေရာသုံးမိမယ်ဆိုရင် တစ်နေ့တာအတွက် အရှုံးထွက်တယ်၊ ကံကောင်းထောက်မလို့ လူ့ဘဝ၊ လူ့လောကရောက်လာပြီးတော့ သွားနိုင်၊ လာနိုင်၊ စားနိုင်၊ သောက်နိုင်တဲ့ရရှိနေတဲ့နှုတ်ကိုကောင်းတဲ့ကာယကံ၊ ကောင်းတဲ့ဝစီကံဆိုတဲ့ မှန်မှန်ကန်ကန်ပြောဆိုခြင်း၊ မုသားမပြောခြင်း၊ ကုန်းတိုက်မပြောခြင်း၊ ကြမ်းတမ်းတဲ့စကားတွေမပြောဘဲ ကောင်းသောစကားကိုသာ ပြောဆိုမယ်ဆိုရင် ဒီနေ့တစ်နေ့တာအတွက် လူ့ဘဝမှာ ငါတို့ကံကောင်းလို့၊ အမေမွေးလို့၊ ကံပစ်ချလိုက်လို့ပါးစပ်ကောင်း၊ နှုတ်ကောင်းလေးတွေရတဲ့အခါ ဒါကနေ ဒီတစ်နေ့တာအတွက် အမြတ်ထွက်သွားတာပဲ။ မသုံးတတ်လို့ကတော့ ဖြစ်ရင်ကံကောင်းလို့၊ အမေမွေးလိုက်လို့ ကောင်းကောင်းမွန်မွန်ရလာတဲ့ အခိုက်၊ မပြောတတ်ရင် အပါယ်ကိုရောက်နိုင်တယ်။ နောက် ကာယကံ၊ အတိတ်ကပြုလုပ်ခဲ့တဲ့ ကောင်းမှုကံစေတနာကြောင့် ဆွံ့အ၊ နားမကြားမဖြစ်ဘဲ ခြေအကောင်း၊ လက်အကောင်း၊ မျက်စိအကောင်း၊ နားအကောင်း၊ အကုန်လုံးကောင်းမွန်တယ်ဖြစ်တာက ကံအကောင်းတစ်မျိုး၊ ကောင်းတဲ့ကံရလာတဲ့အချိန်မှာ ကာယကံမှုတွေကို မနက်မိုးလင်းကနေ မိုးချုပ်အထိ ကာယကံမှုတွေနဲ့ မိမိတို့နေ့စဉ်နေ့တိုင်း မဆင်မခြင်ပြုလုပ်နေမယ်ဆိုရင် တစ်နေ့တာအတွက် မိမိဘဝမှာ ဆိုးကျိုးတွေရလိမ့်မယ်။ တန်ဖိုးရှိတဲ့ဘဝကြီးကို ဆိုးကျိုးတွေမဖြစ်ဘဲနဲ့ အမြဲတမ်းကာယကံမှုကလည်း ခြေတွေ၊ လက်တွေလှုပ်နိုင်သမျှ ကိုယ်မှတစ်ပါး ကိုယ်ကအစပြုတဲ့ အားလုံးသတ္တဝါတွေ ကာယကံကြောင့် အားလုံးအစစအရာရာ အဆင်ပြေပါစေ၊ အမေမွေးတဲ့လက်က နိဗ္ဗာန်ထိအောင်ပို့နိုင်တာ ဒီလက်၊ ဒီခြေပါပဲ။ အပါယ်ထိတောင် ဆင်းတာလည်း ဒီလက်၊ ဒီခြေပါပဲ။ ဒါတွေ အကောင်းဆုံးဖြစ်အောင် ယနေ့နှစ်သစ်ကူးတဲ့အချိန်ကစပြီး တစ်သက်တာမှာ ကောင်းတဲ့ကာယကံ ဆောင်ရွက်နိုင်ကြပါစေ၊ ဆောင်လည်းဆောင်ရွက်ကြပါ။ ဆောင်ရွက်မှသာလျှင် တန်ဖိုးရှိတဲ့ လူ့ဘဝ၊ လူ့လောကကြီးက မိမိဘဝအတွက် အမြတ်ထွက်မှာပါ။
သဒ္ဓါဆိုတဲ့တရားနဲ့ မိမိကံ၏ကံအကျိုးကို ယုံကြည်စွာဖြင့် ကောင်းတဲ့စကားတွေ၊ ကောင်းတဲ့ စိတ်တွေမွေးနိုင်ကြပါစေ၊ ကောင်းတဲ့အပြောတွေပြောနိုင်ကြပါစေ၊ ကောင်းတဲ့ဝစီကံတွေနဲ့ အချိန်သုံးပြီး ကုန်ဆုံးကြပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။ ထို့အတူပဲ သတ္တဝါတိုင်း၊ သတ္တဝါတိုင်း အားလုံးမကောင်းတဲ့စိတ်တွေ မမွေးကြပါနဲ့၊ မကောင်းတဲ့အပြောတွေ မပြောမိအောင်ရှောင်ကြဉ်ကြပါစေ၊ မကောင်းတဲ့ကာယကံတွေ မပြုမိကြပါစေနဲ့ တိုက်တွန်း နှိုးဆော်ပါတယ်၊ သဒ္ဓါဆိုတဲ့ကံ၊ ကံ၏အကျိုးကိုယုံကြည်စွာဖြင့် အားလုံးကျင့်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းမေတ္တာပို့သပါတယ်။
သီလတွေဆောက်တည်ကြပါ။ သီလဆောက်တည်ကြတဲ့အခါ သတ္တဝါ၊ သတ္တဝါတိုင်းရဲ့ လူ့ဘဝတစ်ခုလုံးရဲ့တန်ကြေးကိုကြည့်ရင် သီလပါပဲ၊ ငါးပါးသီလထဲမှာ တစ်ခုကျိုးပေါက်နေရင် လူ့ဘဝတန်ဖိုးမရှိတော့ဘူး၊ ငါးပါးသီလကိုတတ်နိုင်သလောက်ကြိုးစားပြီး ထိန်းသိမ်းသွားမယ်ဆိုရင် ယခုဘဝ အတိတ်ကံမည်မျှမကောင်းပါစေ၊ သီလရဲ့အကျိုးတရားကြောင့် သံသရာမှာ လူ၊ နတ်၊ နိဗ္ဗာန် သုံးတန် ချမ်းသာတိုင်အောင် ကောင်းကျိုးချမ်းသာရရှိမယ်လို့ ယုံကြည်တဲ့သီလတရားတွေ စောင့်ရှောက်ထိန်းသိမ်းနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။
မည်သည့်ဘာသာဝင်ဖြစ်ဖြစ် ဘာသာရေးနဲ့ပတ်သက်ပြီးတော့ ဗဟုသုတပြည့်ပြည့်စုံစုံရှိကြပါစေ၊ ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်တယ်ဆိုတဲ့ အသိတရားတွေရှိပြီးတော့ အားလုံးကျင့်သုံးနိုင်ကြပါစေ။
ကောင်းတာ၊ မကောင်းတာတွေကို နားလည်ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ အသိပညာတွေရှိသွားမယ်ဆိုရင် မကောင်းတာတွေမှာရှောင်ပြီး ကောင်းတာတွေလုပ်သွားမယ်ဆိုရင် လောကြီးတစ်ခုလုံး ကောင်းကျိုးချမ်းသာတွေရရှိကြပါတယ်။ သတ္တဝါတိုင်းမည်သူမျှ မကောင်းတာကို မလိုချင်ကြပါဘူး၊ ကောင်းတာတွေကို ကြားချင်၊ မြင်ချင်ကြတာပါ၊ ကောင်းတဲ့အရာတွေကို နှစ်သက်သလို မိမိတို့ကိုယ်တိုင်လည်း အစစအရာရာ နှစ်ကုန်ကနေစပြီး နှစ်သစ်ကူးသွားတဲ့အချိန်မှာ ရာသက်ပန်ကောင်းတဲ့အနေအထား ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။
မြန်မာနိုင်ငံနှင့်တကွ တစ်ကမ္ဘာလုံးရှိ အားလုံးသောလူသားတွေ ကျန်းမာချမ်းသာ အသက်ရှည်ပါစေ။
လူသားတွေအကျိုးပြုတဲ့ ရာသီဥတုလည်းမှန်ပါစေ။
တိုင်းပြည်တိုင်းမှာ အုပ်ချုပ်နေတဲ့ မင်းကောင်းမင်းမြတ်များ၊ တိုင်းပြည်ကို ငြိမ်းချမ်းအောင်အုပ်ချုပ်နိုင်သလို ယနေ့မြန်မာနိုင်ငံနှင့်တကွ တစ်ကမ္ဘာလုံးရှိ မင်းအစိုးရအပေါင်းတို့ တိုင်းပြည်ကိုအေးချမ်းသာယာအောင် အုပ်ချုပ်နိုင်ကြပါစေ၊ တိုင်းသူပြည်သားများကိုလည်း ရင်ဝယ်သားကဲ့သို့စောင့်ရှောက်ပြီး အစစအရာရာ ဆောင်ရွက်နိုင်ကြပါစေ။
တိုင်းသူပြည်သားများကလည်း မင်းနဲ့ပြည်သူအတူ လက်တွဲပြီးတော့ အပြန်အလှန်ကျေးဇူးတရားသိပြီးတော့ ပြည်သူများကလည်း တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရအပေါ်မှာ မိဘသဖွယ်အားကိုးပြီး တိုင်းပြည်အုပ်ချုပ်ကြတဲ့ မင်းအစိုးရများကလည်း တိုင်းသူပြည်သားတွေအပေါ်ရင်မှာ မွေးသောသားသမီးကဲ့သို့ စောင့်ရှောက်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။
မင်းနဲ့ပြည်သူ၊ ပြည်သူနဲ့မင်း အပြန်အလှန် မေတ္တာတရား၊ မုဒိတာတရား၊ ကရုဏာတရားတွေ ပွားများဖို့ဆိုရင် ယနေ့ဘုန်းကြီးတို့တန်ဖိုးရှိတဲ့ လူ့ဘဝလေးက တစ်ဘဝ၊ တစ်ခဏ အသက်ရှည်စွာနေရပါစေ၊ တန်ဖိုးရှိတဲ့လူ့ဘဝကြီးဖြစ်ပြီး ဤပြုရတဲ့ စေတနာ၊ မေတ္တာ၊ သဒ္ဓါတရား၊ ကောင်းမှုတွေကြောင့် ဒီဘဝမှာလည်း အေးချမ်းသာယာ၍ နောင်သံသရာမှာလည်း ရောဂါခပ်သိမ်းကင်းငြိမ်းပြီးတော့ အပါယ်လေးပါးကလွတ်ပြီး ကောင်းကျိုးချမ်းသာ ခံစားစံစားနိုင်ကြပါစေ။ ။
Newspaper - 3500 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
