နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့်မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / January 16, 2026


ဘားအံ ဇန်နဝါရီ ၁၆

နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်တင့်တယ်စေမည့် ဉာဏ်ရည်၊ နှလုံးရည်၊ တွေးခေါ် မြော်မြင်ဆင်ခြင်နိုင်မှုစွမ်းအားများ မြင့်မားသော နိုင်ငံတော်အတွက် ကောင်းကျိုးပြုနိုင်မည့်အရည်အသွေးမြင့်မားသော ထူးချွန်ထက်မြတ်သည့် အင်ဂျင်နီယာပညာရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး ပထမနှစ် မောင်မယ်သစ်လွင်ကျောင်းသား၊ကျောင်းသူ ၁၆၄ ဦးအတွက် ငွေကျပ် ၂၉၂၀၀၀ဝိ/-(နှစ်ဆယ့်ကိုးသိန်း နှစ်သောင်းကျပ်)ကို ဒုတိယပါမောက္ခချုပ်ဒေါက်တာအောင်ဇော်လတ်နှင့်ကျောင်းသား၊ကျောင်းသူများထံ ချီးမြှင့်ပေးအပ် သည်။

ထို့နောက် နည်းပညာတက္ကသိုလ်(ဘားအံ) ဒုတိယပါမောက္ခချုပ်က သင်ကြား၊ သင်ယူမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ကျောင်းသား၊ကျောင်းသူများက တိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြ ဖျော်ဖြေကြကာ တက္ကသိုလ် King & Queen ကို ရွေးချယ်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဥ္စမနှစ်တို့ တွင် ထူးချွန်စွာအောင်မြင်ခဲ့သူများ၊ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အလွတ်တန်းဆောင်းပါး ပြိုင်ပွဲ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြ သူများ၊ တိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေပေးခဲ့ကြသည့် အဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး သယံဇာတရေးရာဝန်ကြီးနှင့် နည်းပညာတက္ကသိုလ်(ဘားအံ)ရူပဗေဒဌာနမှူးတို့က King & Queen ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ ပထမနှစ်မောင်မယ်သစ်လွင်ကျောင်းသား၊ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

နည်းပညာတက္ကသိုလ်(ဘားအံ)ကို ၁၉၉၈ ခုနှစ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းအဖြစ်စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် အစိုးရနည်းပညာကောလိပ်၊ ၂၀၀၇ ခုနှစ်တွင် နည်းပညာတက္ကသိုလ်(ဘားအံ)အဖြစ် အဆင့်ဆင့် တိုးတက်ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ အင်ဂျင်နီယာစုစုပေါင်း ၃၉၉၂ ဦးကိုမွေးထုတ်ပေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများသည် မောင်မယ်သစ်လွင်များနှင့်ကျောင်းသား၊ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ် ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၅-၂၀၂၆ ခုနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၃၆၀ ဒဿမ ၄၆၉ သန်းဖြင့် ၁၅၀ပေ x ၈၅ ပေ အတိုင်းအတာ ဖူဆယ်အားကစားကွင်း တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါ သည်။

Newspaper - 3412 items

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download