နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်း အမှတ်စဉ်(၂) အပိုင်း(၁) (Diploma in IFRS ၊ Batch-2 ၊ Level-I) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း
နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်း အမှတ်စဉ်(၂) အပိုင်း(၁) (Diploma in IFRS ၊ Batch-2 ၊ Level-I) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း
Office of the Auditor General of the Union/ NPT / July 11, 2025
မြန်မာနိုင်ငံစာရင်းကောင်စီမှကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်တွင်ဖွင့်လှစ်သည့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်း အမှတ်စဉ် (၂)၊ အပိုင်း(၁) (Diploma in IFRS ၊ Batch-2 ၊ Level-I) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် နံနက် ၉း၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦးက မြန်မာနိုင်ငံစာရင်းကောင်စီအနေဖြင့် ပုဂ္ဂလိကနှင့် နိုင်ငံပိုင်ကဏ္ဍအဖွဲ့အစည်းများတွင် စာရင်းပညာကျွမ်းကျင်သူများ၊ စာရင်းပညာရှင်များ အချိုးညီတိုးပွားများပြားလာစေရေးအတွက် Diploma in IPSAS နှင့် Diploma in IFRS သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ယခုသင်တန်းကို တက်ရောက်ခြင်းဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ပိုမိုပြည့်ဝတိုးတက်လာနိုင်ပြီး ပိုမိုကောင်းမွန်သောတာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိတဲ့ ဘဏ္ဍာရေးအစီရင်ခံစာများကို ရေးဆွဲနိုင်ခြင်း၊ မိမိလုပ်ငန်း၏ ဘဏ္ဍာ ရေး အခြေအနေနှင့် လုပ်ငန်းဆောင်တာအခြေအနေတို့ကို အခြားလုပ်ငန်းများ၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့် နှိုင်းယှဉ်ကြည့်ခြင်းဖြင့် လေ့လာစိစစ်သုံးသပ်နိုင် သည့် အကျိုးကျေးဇူးများကို ရရှိစေခြင်း၊ သင်တန်းမှသိရှိထားသည် အသိပညာများသာမက ခေတ်ကာလနှင့်အညီ စာရင်းစံဆိုင်ရာပြောင်းလဲမှုများကို စဉ်ဆက်မပြတ် ဆက်လက်ဆည်းပူးရခြင်း၊ လုပ်ငန်းနယ်ပယ်တွင် လက်တွေ့အသုံးချခြင်း၊ ဌာနရှိဝန်ထမ်းများကို ပြန်လည်မျှဝေပေးခြင်းတို့ဖြင့် ဌာနအကျိုး၊ နိုင်ငံ့အကျိုး ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားကြစေလိုပါကြောင်း၊ ထို့အပြင် ယခုသင်တန်းအောင်မြင်ပြီး အပိုင်း(၂)၊ အပိုင်း(၃)သို့ ဆက်လက်တတ်ရောက်ပြီး ဘွဲ့လွန်ဒီပလိုမာ ရရှိစေရေး ဆက်လက်ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ သည်။
အဆိုပါသင်တန်းသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သင်တန်းသား (၉) ဦး၊ ဝန်ကြီးဌာန၊ အဖွဲ့ အစည်းများမှ သင်တန်းသား (၂၈) ဦး စုစုပေါင်း သင်တန်းသား (၃၇) ဦး တက်ရောက်ပြီးမြောက်ခဲ့ပြီး အပိုင်း (၃) အထိ အောင်မြင်ပြီးမြောက်သူများအား ဒီပလိုမာဘွဲ့ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်း ဝန်နှင့် တာဝန်ရှိသူများ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သင်တန်းကထိကနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
Newspaper - 3465 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
