နိုင်ငံတည်ငြိမ်အေးချမ်းရေးတည်ဆောက် ဒို့တာဝန်အရေးသုံးပါး ကာကွယ်စောင့်ရှောက်
နိုင်ငံတည်ငြိမ်အေးချမ်းရေးတည်ဆောက် ဒို့တာဝန်အရေးသုံးပါး ကာကွယ်စောင့်ရှောက်
Ministry of Information/ Naypyitaw / November 18, 2025
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးအချိန်ကတည်းက လက်နက်ကိုင်သောင်းကျန်းမှုများ ပေါ်ပေါက်လာခဲ့သည်။ လက်နက်ကိုင်သောင်းကျန်းသူများကြောင့် ပြည်တွင်းတည်ငြိမ်အေးချမ်းမှုများပျက်ယွင်းပြီး ဒေသတွင်းနေထိုင်ကြသောပြည်သူများ ထိခိုက်ခံစားရသကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိခိုက်မှုများရှိခဲ့သည်။ ထို့ကြောင့် ပြည်ထောင်စုကြီးအတွင်း တည်ငြိမ်အေးချမ်းမှုများပျက်ပြားအောင် ပြုလုပ်နေသူများသည် ဒေသများအတွင်းရှိ လက်နက်ကိုင်သောင်းကျန်းသူများဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ဒေသခံပြည်သူများ ပညာသင်ကြားနိုင်မည်၊ ပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်မှုပေးနိုင်မည်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်း ဖွံ့ဖြိုးတိုးတက်မှုကို ဖျက်ဆီးနေသည့်၊ တည်ငြိမ်အေးချမ်းမှုကို ပျက်ယွင်းအောင် ပြုလုပ်နေသည့် သောင်းကျန်းသူအဖျက်သမားများကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်ကတိုက်ဖျက်နှိမ်နင်းလျက်ရှိသလို ဒေသတွင်းနေထိုင်ကြသူများအနေဖြင့်လည်း ဒေသတည်ငြိမ်အေးချမ်းမှုပျက်ယွင်းအောင် ပြုလုပ်နေကြသူများကို ဝိုင်းဝန်းပူးပေါင်း ရှင်းလင်းဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ဒေသတွင်း၌ တည်ငြိမ်အေးချမ်းမှုပျက်ယွင်းအောင် ပြုလုပ်နေသူများကို ထိရောက်စွာ တိုက်ဖျက်နှိမ်နင်းလျက်ရှိရာ ဒေသများအား ပြန်လည်ထိန်းချုပ် ကာကွယ်စောင့်ရှောက်ပေးနိုင်သည်ကို တွေ့မြင်နေရပြီဖြစ်သည်။ အလားတူ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုနှင့် ဒုစရိုက်မှုမျိုးစုံပြုလုပ် နေကြသော အဖျက်သမားများနှင့် ဝိသမလောဘသားများကို တိုက်ဖျက်နှိမ်နင်း လျက်ရှိသည်။ ပြီးခဲ့သည့်ကာလက နယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းမှု အားနည်းလာသဖြင့် အချို့နယ်စပ်ဂိတ်များကို ပိတ်ထားခဲ့ရသည်။ အချို့သောဝန်ထမ်းများ၊ နိုင်ငံတော်နှင့် ငြိမ်းချမ်းရေးယူထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက နိုင်ငံတော်အပေါ် သစ္စာစောင့်သိခြင်းမရှိဘဲ ကိုယ်ကျိုးစီးပွားအတွက် တရားမဝင်ကုန်သွယ်ရေးကို ပြုလုပ်လာကြသည်။
တရားမဝင်ကုန်သွယ်မှုများပြုလုပ်မှုကြောင့် နယ်စပ်ဒေသများရှိ လက်နက်ကိုင်အဖွဲ့အစည်းများ သက်ဆိုးရှည်စေနိုင်သကဲ့သို့ အကြမ်းဖက်သောင်းကျန်းမှုများကို အားပေးရာရောက်ခဲ့သည်။ ထို့အပြင်တရားမဝင်ကုန်သွယ်မှုကြောင့် နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သော အခွန်အခများမရရှိသည့်အတွက် နိုင်ငံတော်အတွက် ထိခိုက်နစ်နာမှုများဖြစ်ခဲ့ရသည်။ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှု၊ ခိုးထုတ်ခိုးသွင်းမှုနှင့် အွန်လိုင်းဒုစရိုက်မှုများမရှိစေရေး၊ ကျူးလွန်သူများ ပပျောက်စေရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး ၎င်းတို့အခြေပြု ဆောင်ရွက်လျက်ရှိသည့် အခြေခံအဆောက်အအုံများကိုပါ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ချိန်တည်းတွင် မကြာမီကာလ၌ကျင်းပမည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲကို လုံခြုံရေးပိုင်းဆိုင်ရာအရ အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိသည်။ ရွေးကောက်ပွဲပြုလုပ်ရာတွင် မဲမသမာမှုများ ပြုလုပ်၍မရနိုင်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ မဲမသမာမှုများ မဖြစ်စေရေးနှင့် မဲပေးခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးကို ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်သူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံရေးစနစ်ကိုကျင့်သုံးရာတွင် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကိုကျင့်သုံးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ နည်းလမ်းတကျဖြစ်သည့် နိုင်ငံရေးစနစ်ဖြစ်စေရန် ရွေးကောက်ပွဲကိုအခြေခံသဖြင့် အထွေထွေရွေးကောက်ပွဲအောင်မြင်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံတော်အကျိုးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုရာရောက်မည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းသာယာဝပြောအောင် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများကလည်း ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ ဒေသအကျိုးကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးနိုင်သူ၊ နိုင်ငံ့အကျိုးကို ဆောင်ရွက်ပေးနိုင်သူ၊ နိုင်ငံတော်ကတရားဝင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့် အတူတကွပူးပေါင်း၍ နိုင်ငံတော်အကျိုးကို ဆောင်ရွက်နိုင်သည့်စိတ်ရှိသူ၊ မိမိတို့၏ အမျိုး၊ ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်လိုစိတ်ရှိသူ၊ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်သူများကိုရွေးချယ်ပြီး တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
Newspaper - 3353 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 18, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 14, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 10, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
