နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းရတနာ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၃) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းရတနာ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၃) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်
Ministry of Information/ Naypyitaw / May 30, 2026
နေပြည်တော် မေ ၂၉
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိ သည့်အပြင် “နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးအတွက် နိုင်ငံသားတိုင်း တွင်တာဝန်ရှိသည်” ဟူသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များ ကို လက်တွေ့အကောင်အထည်ဖော်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ယင်းတာဝန်များ ကို ထမ်းဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ စာရင်းပေးသွင်းကြသည့် လူငယ်များအား ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၃) ၏ သင်တန်းဆင်းပွဲ အခမ်းအနားများကို တိုင်းစစ်ဌာနချုပ် အသီးသီးရှိ နယ်မြေခံသင်တန်းကျောင်းများ၌ ကျင်းပပြုလုပ်ကြရာ အဆိုပါသင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။ ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်း အမှာစကားများ အသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆု ရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့် ကြသည်။
သင်တန်းဆင်းပွဲ အခမ်းအနားများ အပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၃)မှ သင်တန်းဆင်း နိုင်ငံ့သားကောင်း စစ်သည်များအား သင်တန်းကျောင်းခန်းမများ၌ တွေ့ဆုံအမှာစကား ပြောကြားပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၃)မှ သင်တန်းသားများကို ကြံ့ခိုင်ရေး ဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာ ဘာသာရပ်စသည့် ဘာသာရပ်များနှင့် အထွေထွေဘာသာရပ်များကို အဆင့်ဆင့်လေ့ကျင့်သင်ကြားပေးခဲ့ကြကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်ရာ နိုင်ငံတော်ကပေးအပ်သည့် တာဝန်များကို နိုင်ငံကြီး သားပီသစွာနှင့် ကျေပွန်စွာထမ်းဆောင်ရန် ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်း သင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို အမြဲတမ်းစစ်မှုထမ်းများ နှင့်အတူ ထမ်းဆောင်နေကြပြီ ဖြစ်သည်။
ထိုသို့ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၃) တွင် တက်ရောက်ခဲ့ကြသည့် အတွေ့ အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့ တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက်တာဝန်ထမ်းဆောင် သွားမည့် အခြေအနေများနှင့်ပတ်သက်၍ သင်တန်းဆင်း နိုင်ငံ့သားကောင်း စစ်သည်များ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
၁။ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၂၃) မှာ ရရှိခဲ့တဲ့ ဆုကတော့ စစ်သည်တော်ကျင့်ဝတ်ဆု ဖြစ်ပါတယ်။ ဒီဆုကိုရရှိဖို့အတွက် ဆရာသမားတွေရဲ့ သွန်သင်ဆုံးမမှု သင်ပြမှုအပါဝင် ကျွန်တော် ကိုယ်တိုင်အားစိုက်မှုတွေနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ ပြည်သူ့စစ်မှု ထမ်းအမှတ်စဉ်(၂၃)မှာ ကျွန်တော်ရရှိခဲ့တဲ့ အမှတ်တရအဖြစ်ဆုံးကတော့ ဒီဆုကိုရရှိခဲ့တဲ့အချိန်ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပြင်မှာ ကျွန်တော်ကျောင်းတက် တုန်းကလည်း အတန်းတွေမှာဆိုရင် ပထမဆု၊ ဒုတိယဆုတွေကို အကြိမ်ပေါင်းများစွာ ရရှိသူတစ် ယောက်ဖြစ်ပါတယ်။ တပ်မတော်အတွင်းမှာ ဒီဆုကို ရရှိခဲ့တဲ့ခံစားရတဲ့ခံစားချက်နဲ့တော့ လုံးဝခြားနားပါတယ်။ အပြင်လောကမှာ ရရှိခဲ့တဲ့ဆုတွေထက် ဒီဆုကို ရရှိတဲ့အချိန်မှာ ရရှိတဲ့ခံစားချက်က အများကြီး သာလွန်ပါတယ်။ ဒီသင်တန်းမှာ ရောက်ရှိနေတဲ့ ညီအစ်ကိုတွေက ဘဝပေါင်းစုံ အလွှာပေါင်းစုံက လူတွေအများကြီးရှိပါတယ်။ ဒီလူတွေနဲ့ သင့်မြတ်အောင် ပေါင်းသင်းဆက်ဆံရတယ်။ အပြင်လောကမှာနဲ့ ဒီတပ်မတော်အတွင်းမှာနဲ့ နေထိုင်ရတာ အစစအရာရာမတူပါဘူး။ အပြင်လောကမှာ စည်းစနစ် သိပ်မရှိဘူး။ တပ်မတော်အတွင်းမှာက မနက်မျက်လုံးဖွင့်ချိန်ကစပြီး စည်းစနစ် ကျဖို့လိုတယ်။ အချိန်ကန့်သတ် ချက်ရှိတယ်။ တပ်မတော်မှာ One For All ဆိုတဲ့ စကားလုံး ရှိပါတယ်။ တစ်ယောက်မကောင်းဘူးဆိုရင် အကုန်လုံးမကောင်းပါဘူး။ တစ်ယောက်ချင်းစီက ကောင်းမှ တပ်မတော်က ကောင်းမှာပါ။ ဒါကြောင့် ဒီအတွေ့အကြုံလေးတွေ ကျွန်တော်ရရှိခဲ့ပါတယ်။
၂။ သင်တန်းမှာ ရရှိခဲ့တဲ့ဆုကတော့ ချေမှုန်းရေးဆု ဖြစ်ပါတယ်။ ကိုယ်တစ်ယောက်ထဲ ကောင်းလို့တော့ မရပါဘူး။ ချေမှုန်းရေးဆု ဆိုတာကတော့ ကိုယ့်နောက်လိုက် ရဲဘော်တွေ ကောင်းတာရယ် ဆရာကြီးတွေရဲ့ သင်ပြပေးတဲ့ နည်းစနစ်တွေကို လိုက်နာကျင့်သုံးပြီးမှ ဒီဆုကိုရရှိခဲ့တာပါ။ အများကြီးပြောင်းလဲလာပါတယ်။ ကျွန်တော်တို့ အပြင်မှာနေရင် စည်းကမ်းမရှိနေတာကများတယ်။ စားတယ်၊ သောက်တယ်။ အခုဒီမှာဆိုတော့ နေမှုထိုင်မှုနဲ့ အပြောအဆိုတွေကအစ စည်းနဲ့ကမ်းနဲ့ နေထိုင်ရတယ်။ ပြောရ ဆိုရတယ်။ ကိုယ့်ထက်ကြီးတဲ့ သူကို ဘယ်လိုဆက်ဆံရတယ်က အစနည်းပြတွေက သင်ကြားဆုံးမတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူပါတယ်။ သင်တန်းဆင်းတော့ သင်ကြားပေးတဲ့ နည်းပြများ၊ သင်တန်းအတူ တက်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေနဲ့ ခွဲခွာရတော့မယ့်အတွက်ကြောင့် ဝမ်းနည်းမိပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ပေးဖို့လိုတယ်လို့ ယုံကြည်ပါတယ်။ နောက်တက်ရောက်မယ့် ညီငယ်တွေကိုလည်း တိုင်းပြည်ကို ကာကွယ်ရန်အတွက် ပြည်သူ့စစ်မှုထမ်းကို လာရောက်ထမ်းဆောင် တက်ရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
သတင်းစဉ်
Newspaper - 3541 items
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
