နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ ကျင်းပသည့် ၂ဝ၂၅ ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ တက်ရောက်


Ministry of Information/ Naypyitaw / January 16, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်အဖွဲ့ဝင်များသည် နာဂရိုးရာနှစ်သစ်ကူးပွဲတော်တက်ရောက်ရန်အတွက် ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် လဟယ်မြို့သို့ရောက်ရှိစဉ် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ နာဂတိုင်းရင်းသားမျိုးနွယ်စုများက ရိုးရာအကအလှများဖြင့် လှိုက်လှဲနွေးထွေးစွာခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမင်းသိန်းဇံ၊ Jeng Phang နော်တောင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ တက်ရောက်သည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားကို စတင်ကျင်းပပြုလုပ်ခဲ့ရာ အစီအစဉ်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ မတူကွဲပြားကြသော်လည်း တိုင်းရင်းသားလူမျိုးများအားလုံး မိသားစုစိတ်ဓာတ်မွေးမြူပြီး တစ်ဦးပေါ်တစ်ဦးတန်ဖိုးထားကာ လေးစားမှုဖြင့် ရှေးပဝေသဏီကတည်းက အတူတကွနေထိုင်ခဲ့ကြကြောင်း၊ မွေးဖွားရာဇာတိ နေထိုင်ရာအရပ်ဒေသ ပြောဆိုသုံးနှုန်းသည့် စာပေ၊ စကား၊ ကိုးကွယ်ယုံကြည်သည့် ဘာသာ၊ လိုက်နာကျင့်သုံးသည့် ဓလေ့ထုံးတမ်းအစဉ်အလာများ မည်သို့ပင်ကွဲပြားစေကာမူ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် အေးအတူပူအမျှ မရှိအတူ ရှိအတူ စည်းလုံးညီညွတ်စွာဖြင့် ဆွေမျိုးသားချင်းပမာ လက်တွဲနေထိုင်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် နာဂတိုင်းရင်းသားများနှင့် အနယ်နယ်အရပ်ရပ်ရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်းများနှင့်အတူ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်ပါကြောင်း၊ နာဂတိုင်းရင်းသားလူမျိုးများ၏ မျိုးနွယ်စုရိုးရာ ဓလေ့ထုံးတမ်းများနှင့် ရိုးရာမြေဝိုင်းအကပဒေသာများ မပျောက်ပျက်အောင် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်လာသည့်အတွက် ဝမ်းသာပီတိဖြစ်မိပါကြောင်း၊

နာဂဒေသသည် တည်ငြိမ်အေးချမ်းသည့်ဒေသဖြစ်သည့်အတွက် ကဏ္ဍအလိုက်လိုအပ်သည်များကို နိုင်ငံတော်အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် လုပ်ငန်း ၈၂ ခု ၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်း ၁၅၈ ခုဖြင့် နာဂဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊

ဆူပူသောင်းကျန်းမှုမရှိသည့် အေးချမ်းသည့်ဒေသများမှာ မိသားစုအကျိုး၊ ရပ်ရွာအကျိုး၊ ဒေသအကျိုးများကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများ အစဉ်တိုးတက်နေမည်ဖြစ်ပါကြောင်း၊ နာဂဒေသသည်လည်း အေးချမ်းသည့်၊ ငြိမ်းချမ်းသည့်ဒေသအဖြစ် အမြဲထိန်းသိမ်းထားရန်လိုအပ်ပြီး နာဂလူမျိုးများ၊ ဒေသတွင်းနေ အခြားတိုင်းရင်းသားလူမျိုးများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေအောင် ဆောင်ရွက်ရန် ဒေသတွင်းနေတိုင်းရင်းသား ပြည်သူအားလုံးမှာတာဝန်ရှိပြီး အလုပ်ကိုကြိုးစားလုပ်ကိုင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် နာဂဒေသ၏ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍများတွင် နှစ်စဉ်တိုးတက်မှုများရှိခဲ့သည်ကို ဒေသတွင်းနေ တိုင်းရင်းသားပြည်သူများ သိရှိပြီးဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့် အုပ်ချုပ်မှုအဖွဲ့အစည်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်သူများအားလုံးကိုလည်း အထူးကျေးဇူးတင်ဂုဏ်ပြုအပ်ပါကြောင်း၊ တောင်ပေါ်ဒေသတစ်ခုဖြစ်သည့် နာဂဒေသ၏ဖွံ့ဖြိုးတိုးတက်မှုများကို ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ဒေသခံတိုင်းရင်းသား ညီအစ်ကိုမောင်နှမများက တက်ညီလက်ညီဝိုင်းဝန်းဆောင်ရွက် ပေးကြရမည်ဖြစ်သကဲ့သို့ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နှစ်သစ်အမှာစကားပြောကြားပြီး နာဂတိုင်းရင်းသားတစ်ဦးမှ နာဂရိုးရာနှစ်သစ်ကူးပွဲတော် ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းအား ဖတ်ကြားရှင်းလင်းပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးပေါင်ခုက နှစ်သစ်ကူးအမှတ်တရ လက်ဆောင်ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးပစ္စည်းများအားပေးအပ်ခဲ့ရာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်တာဝန်ရှိသူများ လက်ခံရယူသည်။

ယင်းနောက် သဘာပတိက နိဂုံးချုပ်စကားပြောကြားကာ နာဂနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရိုးရာယဉ်ကျေးမှုပြခန်းနှင့် ဌာနဆိုင်ရာပြခန်းများအား လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် လဟယ်မြို့ရှိ ဟွေထိုက်ရေအား လျှပ်စစ်စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြပြီး ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ၎င်းနောက် ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ ဆေးကုသမှုခံယူနေကြသော ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ တာဝန်ရှိသူများနှင့်အတူ အာဟာရဖြည့်စွက်စာများ ပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လဟယ်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း၊ မိုးဒန်းအပန်းဖြေအလှကန် တည်ဆောက်ပြီးမှုအခြေအနေ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများသို့သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ်၊ နာဂရိုးရာ ယဉ်ကျေးမှုမီးပုံပွဲသို့တက်ရောက်ပြီး ဒေသခံတိုင်းရင်းသားများနှင့် အတူတကွပါဝင် ဆင်နွှဲသည်။ ဦးစွာဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် လဟယ်မြို့နယ်၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌတို့က နာဂရိုးရာယဉ်ကျေးမှု မီးပုံပွဲကိုမီးထွန်းညှိဖွင့်လှစ်ပေးခဲ့ကြပြီး နာဂရိုးရာမျိုးနွယ်စုများအလိုက် ရိုးရာအကများဖြင့် ကပြဖျော်ဖြေနေမှုများအား ကြည့်ရှုအားပေးကြကာ နာဂမျိုးနွယ်စုရိုးရာအကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြင့်ငွေများပေးအပ်သည်။

အဆိုပါ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နာဂရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရေးအတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်၊ နာဂရိုးရာယဉ်ကျေးမှုအနုပညာများကိုဖော်ထုတ်၍ ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်ရန်၊ နာဂတိုင်းရင်းသားလူမျိုးစုများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်မှုများ ပိုမိုရရှိလာနိုင်စေရန်၊ နာဂဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် နာဂတိုင်းရင်းသားများ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် နာဂမျိုးနွယ်စုအချင်းချင်း ရင်းနှီးချစ်ကြည်မှုကိုအခြေခံ၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုဖော်ဆောင်ကာ ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များလည်း စိတ်ဝင်တစားဖြင့် လာရောက်ကြည့်ရှုလေ့လာကြပြီး မီးပုံပွဲများတွင်လည်း ပျော်ရွှင်စွာဖြင့်အတူတကွပါဝင် ဆင်နွှဲလေ့ရှိကြောင်း သတင်းရရှိသည်။

 

Newspaper - 3465 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download