နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၆) ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲအခမ်းအနားတက်ရောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၆) ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲအခမ်းအနားတက်ရောက်
Ministry of Information/ Naypyitaw / January 16, 2025

နေပြည်တော် ဇန်နဝါရီ ၁၆
တပ်မတော်(လေ)၏ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၆) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် တက်ရောက်မိန့်ခွန်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်၊ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြကွင်းအတွင်း ချီတက်နေရာယူကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။
ယင်းနောက်ကာကွယ်ရေးဦးစီးချုပ်(လေ) ရောက်ရှိလာပြီး ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူ၍ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေးသည်။
ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေးဦးစီးချုပ်(လေ)အား အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။
ယင်းသို့တပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြစဉ် နည်းပြလေသူရဲများက အမောင်းသင်လေယာဉ်များ၊ အမောင်းသင်ရဟတ်ယာဉ်များဖြင့် အုပ်ဖွဲ့ပျံသန်း၍ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်အား အလေးပြုကြသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က ကျောင်းဆင်းအရာရှိများအား လေသူရဲတောင်ပံများကို တစ်ဦးချင်းအပ်နှင်းသည်။
ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(လေ)က လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၆)မှ စံပြလေသူရဲဆုနှင့် လေယာဉ်မောင်းထူးချွန်ဆုရ လေ ၄၅၄၄ ဗိုလ် ဆက်နိုင်လွင်အား လည်းကောင်း၊ စာပေထူးချွန်ဆုရ လေ ၄၅၈၈ ဗိုလ်ဒေါ်ယုဇနထွန်းအားလည်းကောင်း ထူးချွန်ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် တပ်မတော်(လေ)အတွက်သာမက နိုင်ငံတော်နှင့် တပ်မတော်အတွက်ပါ အားသစ်လောင်းမည့် မျိုးဆက်သစ်လေသူရဲများကို အောင်မြင်စွာလေ့ကျင့် မွေးထုတ်ပေးနိုင်ခဲ့သည့်အတွက် မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ နေ့တစ်နေ့ဖြစ်ကြောင်း။ လေသူရဲများဖြစ်လာအောင်လေ့ကျင့်ပေးရာမှာ နိုင်ငံတော်အနေနှင့် မျှော်မှန်းချက်ကြီးမားစွာထားရှိပြီး အချိန်ပေါင်းများစွာ၊ အရင်းအမြစ်ပေါင်းများစွာ၊ ငွေပေါင်းများစွာ အကုန်အကျခံဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်တပ်မတော်၏ မျှော်မှန်းချက်များ အကောင်အထည်ပေါ်လာရေးအတွက် မိမိကိုယ်မိမိတန်ဖိုးထားပြီး ကြိုးပမ်းတာဝန်ထမ်းဆောင်သွားကြရန် မှာကြားလိုကြောင်း။
သင်တန်းဆင်းပြီးနောက် သက်ဆိုင်ရာပျံသန်းရေးအုပ်များကို ရောက်ရှိသွားချိန်တွင် တစ်ဦးချင်းအနေဖြင့် ပျံသန်းရေးနှင့် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ရမည်ဖြစ်ပြီး အရာရှိများဖြစ်သည့်အတွက် ခေါင်းဆောင်မှုတာဝန်များကိုပါ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် လက်အောက်ငယ်သားများ၏ ရိုသေလေးစားမှု၊ ယုံကြည်ကိုးစားမှု၊ သစ္စာရှိစွာ လိုက်ပါလုပ်ဆောင်မှုတို့ရရှိလာအောင် ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ရပ်နှင့်အညီ ကြိုးပမ်းတည်ဆောက်ကြရမည်ဖြစ်ပြီး ရည်မှန်းချက်တာဝန်များကိုပါ ပြီးမြောက်အောင်မြင်အောင် ထမ်းဆောင်နိုင်စွမ်းရှိသည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်တိုက်ပွဲဝင်ရာတွင်ဖြစ်စေ၊ လေ့ကျင့်ရေး၊ အုပ်ချုပ်ရေးနှင့် အခြားတာဝန်များကို ထမ်းဆောင်ရာတွင်ဖြစ်စေ၊ စိတ်ဓာတ်မြင့်မားခိုင်မာနေမှသာ ပေးအပ်သည့်လုပ်ငန်းတာဝန်များကို အောင်အောင်မြင်မြင် အကောင်အထည်ဖော် ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ လေယာဉ်/ ရဟတ်ယာဉ်များကို မောင်းနှင်ပျံသန်း တိုက်ပွဲဝင်ကြရမည့်သူများအနေဖြင့် တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် အမြဲမြင့်မားနေရမည်ဖြစ်ပြီး စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်အောင်၊ ခံယူချက်ယုံကြည်ချက် မြင့်မားခိုင်မာနေအောင် ကြိုးစားလေ့ကျင့်တည်ဆောက်သွားကြရန် မှာကြားလိုပါကြောင်း။
မြန်မာနိုင်ငံသား တပ်မတော်သားလေသူရဲများဖြစ်သည့်အတွက် နိုင်ငံတော်က ထုတ်ပြန်ထားသော ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ တပ်မတော်ကထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့်များ၊ လုပ်ထုံးလုပ်နည်းများကို အပြည့်အဝ လိုက်နာစောင့်ထိန်းရမည်ဖြစ်ပြီး ပျံသန်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များကိုလည်း အတိအကျ လိုက်နာလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ စွမ်းဆောင်ရည်မြင့်မားပြီး တိုက်စွမ်းရည်ပြည့်ဝသည့် လေသူရဲကောင်းများဖြစ်လာစေရန် ပျံသန်းရေးနှင့်လုပ်ငန်းခွင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ကန့်သတ်ချက်၊ သတ်မှတ်ချက်များကို ခြွင်းချက်မရှိ အတိအကျလိုက်နာစောင့်ထိန်းကြရန် မှာကြားလိုကြောင်း၊ လေသူရဲတစ်ဦးအတွက် ကျန်းမာရေးကောင်းမွန်ရန်၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုရှိရန် လွန်စွာအရေးကြီးကြောင်း၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်နေမှသာ စိတ်ဓာတ်ခွန်အားကောင်းမွန်မြင့်မားပြီး မှန်ကန်မြန်ဆန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ကာ ပေးအပ်သည့်စစ်ဆင်ရေးနှင့် ပျံသန်းရေးတာဝန်များကို နေရာအချိန်အခါမရွေး အင်ပြည့်အားပြည့် ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း။
လေကြောင်းအာကာသနယ်ပယ်တွင်လည်း လေကြောင်းစွမ်းအားစုများသည် စစ်ပွဲအောင်နိုင်ရေးအတွက်သာမက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ လူနေမှုဘဝ အေးချမ်းတိုးတက်ပြည့်စုံရေးအတွက်ပါ ဘက်ပေါင်းစုံက အထောက်အကူများစွာ ပြုလျက်ရှိကြောင်း၊ လေကြောင်းစွမ်းအားစုများ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် သိပ္ပံနည်းပညာရပ်များ၊ စစ်နည်းဗျူဟာများ၊ စစ်ဆင်အသုံးချမှုနည်းလမ်းများလည်း အချိန်နှင့်အမျှ တိုးတက်ဖွံ့ဖြိုးပြောင်းလဲဖြစ်ပေါ်လျက်ရှိကြောင်း၊ ယခင်က Supersonic နည်းပညာသည် ရှေ့တန်းကရှိခဲ့ရာမှ ယခုအခါ Hypersonic အဆင့်သို့ တက်လှမ်းနေပြီဖြစ်ကြောင်း၊ ခေတ်မီအဆင့်မြင့် သိပ္ပံနှင့်နည်းပညာများ၊ စစ်နည်းဗျူဟာနှင့် စစ်ဆင်မှုနည်းလမ်းများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေကြရန်နှင့် လက်တွေ့အသုံးချနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ယခုအခါ လေသူရဲတောင်ပံအပ်နှင်းခံရပြီး သက်ဆိုင်ရာပျံသန်းရေးအုပ်အသီးသီးတွင် စစ်ဆင်ရေးနှင့် လေ့ကျင့်ရေးအပါအဝင် ပျံသန်းရေးတာဝန်အမျိုးမျိုးကို နောင်တော်လေသူရဲများနှင့် လက်တွဲကာ စတင်ထမ်းဆောင်ကြရတော့မည် ဖြစ်သောကြောင့် ပျံသန်းရေးတာဝန်များသာမက ပေးအပ်လာမည့် အခြားသောလုပ်ငန်းတာဝန်များကိုလည်း ကျေပွန်အောင် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်(လေ)၏ ကောင်းမွန်မြင့်မြတ်သည့် အစဉ်အလာများ၊ နောင်တော်လေသူရဲများ၏ စွန့်လွှတ်စွန့်စားမှုနှင့် ကျွမ်းကျင်ပိုင်နိုင်မှုများ၊ ပျံသန်းရေး၊ စက်မှုလက်မှုနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်ကြီး ၃ ရပ်က ဝိုင်းဝန်းပံ့ပိုး တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်(လေ) စစ်သည်တော်အပေါင်း၏ ကိုယ်ကျိုးစွန့်အနစ်နာခံမှုများကို စောင့်ထိန်းစံပြုဥပမာယူပြီး ကိုယ်တိုင်လည်း နိုင်ငံတော်နှင့် တပ်မတော်က အားထားရမည့် လေသူရဲကောင်းများ ဖြစ်လာအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်သည် ဝေဟင်မှ အုပ်ဖွဲ့ပျံသန်းအလေးပြုခဲ့ကြသည့် နည်းပြလေသူရဲများအား ဂုဏ်ပြုနှုတ်ဆက်ကာ ကျောင်းဆင်းအရာရှိများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် လေကြောင်း စစ်ဆင်ရေးသင်တန်းကျောင်းဧည့်ခန်းမ၌ ထူးချွန်ဆုရရှိသည့် ကျောင်းဆင်းအရာရှိများနှင့် မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ယနေ့လေသူရဲတောင်ပံအပ်နှင်းခြင်းခံရသူ ကျောင်းဆင်းအရာရှိများအနေဖြင့် သက်ဆိုင်ရာလေယာဉ်/ ရဟတ်ယာဉ်အလိုက် ပျံသန်းရေးအုပ်များတွင် ဆက်လက်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက်ညပိုင်းတွင် လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၆) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲ ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့်ဇနီး၊ တပ်မတော်(လေ)မှ အရာရှိကြီးများနှင့်ဇနီးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဂုဏ်ပြုညစာစားပွဲကျင်းပနေစဉ် ကျောင်းဆင်းအရာရှိများနှင့် တပ်မတော်(လေ) မိသားစုဝင်များက တပ်မတော်(လေ) တေးဂီတအဖွဲ့နှင့် တွဲဖက်၍ အဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။
ညစာစားပွဲအခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်သည် ကျောင်းဆင်းအရာရှိများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 3077 items

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက်၊ ဖေဖော်ဝါရီ ၁၄ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 14, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်၊ ဖေဖော်ဝါရီ ၁၃ ရက် ၊ကြာသာပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက် ၊တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 10, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၉ ရက် ၊တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၈ ရက် ၊စနေနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၇ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 07, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၆ ရက် ၊ကြာသာပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 06, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download