နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ၂၀၂၅ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်


Ministry of Information/ Naypyitaw / March 16, 2025
image_latest


နေပြည်တော် မတ် ၁၆

၂၀၂၅ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သဘင်ဆောင်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူစိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသည့် ပုဂ္ဂိုလ်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ် စေရန်ဘက်စုံထောင့်စုံက ကြိုးပမ်းတည်ဆောက်နေရာ၌ ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူအားလုံး၏အင်အားသည် အဓိကကျပြီး အားလုံး၏ပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ဦးချင်းစီက စိတ်ဓာတ်၊ အသိအမြင်၊ ကာယဉာဏစွမ်းအားများနှင့် ပူးပေါင်းပါဝင်မှုအင်အားဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ကြရာတွင် သာမန်အဆင့်ထက်သာလွန်သည့် လုံ့လ၊ ဝီရိယ၊ ခွန်အားစိုက်ထုတ်ပြီး ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့ကြသည့်ပုဂ္ဂိုလ်များလည်း ရှိနေသည်ကိုတွေ့ရသည့်အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုနှင့်အတူ စိတ်ရောကိုယ်ပါနှစ်မြှုပ်ပြီး မိမိတတ်စွမ်းသမျှ အသိပညာ၊ အတတ်ပညာများနှင့် ထူးကဲစွာဆောင်ရွက်သူ၊ ကိုယ်ကျိုးမဖက်နိုင်ငံ့အတွက် စွန့်လွှတ်စွန့်စားအကျိုးဆောင်သူများကို လွတ်လပ်ရေးနေ့နှင့် နေ့ထူးနေ့မြတ် အခါသမယများတွင် ထိုက်သင့်သည့်ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များချီးမြှင့်အပ်နှင်း ဂုဏ်ပြုလျက်ရှိကြောင်း။

အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကိုတည်ဆောက်ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်းဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များနှင့်အညီ ထူးခြားစွာ အားထုတ်ကြိုးပမ်းဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် သံတမန်တာဝန်များကို ထူးချွန်စွာဆောင်ရွက်သည့် ပုဂ္ဂိုလ်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသောပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီ အောင်မြင်စွာတီထွင်ဖန်တီးစွမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာတတ်မြောက်ပြီး အကျိုးပြုကြသည့် ပုဂ္ဂိုလ်များသည် နိုင်ငံတော်အတွက် စံနမူနာပြပုဂ္ဂိုလ်များပင်ဖြစ်ကြကြောင်း၊ ထိုသို့ ထူးချွန်ပြောင်မြောက်ပြီး နိုင်ငံ့အကျိုးကို ဆောင်ရွက်ခဲ့ကြသည့်ပုဂ္ဂိုလ်များကို လေးစားတန်ဖိုးထားသည့်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နှစ်စဉ်ဂုဏ်ပြုချီးမြှင့်မှုများ ပြုလုပ်လျက်ရှိကြောင်း။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်တွင်းက ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းခြင်းခံထိုက်သူများကိုသာမက ပြည်ပနိုင်ငံများက မြန်မာနိုင်ငံ၏ကောင်းရာကောင်းကျိုးကို စိတ်ကောင်းစေတနာအပြည့်ဖြင့် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များကိုလည်း နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်အတွက် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်အပ်နှင်းလျက်ရှိကြောင်း။

ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်ချီးမြှင့်အပ်နှင်းရေးဆိုင်ရာ လုပ်ငန်းများကို ဂုဏ်ထူး ဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ စနစ်တကျ စိစစ်ရွေးချယ်ပြီး အမှန်တကယ် ဂုဏ်ပြုချီးမြှင့်ထိုက်သူများကိုသာ ထိုက်ထိုက်တန်တန် ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်သဖြင့် ဘွဲ့ခံပုဂ္ဂိုလ်များနှင့် မိသားစုဝင်များအတွက် အထူးဂုဏ်ယူ ဝမ်းမြောက်မိသည်ကို ပြောကြားလိုကြောင်း။

ယနေ့ကျင်းပသည့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် (လွတ်လပ်ရေးနေ့) နှင့် မတ်လ (၂) ရက် (တောင်သူလယ်သမားနေ့) တို့တွင် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးဖြစ်သည့် စည်သူဘွဲ့ (၁၃) ဦး၊ သူရဘွဲ့ (၃) ဦး၊ ဇေယျကျော်ထင်ဘွဲ့ (၁၇) ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ (၁၄) ဦး၊ အလင်္ကာကျော်စွာဘွဲ့ (၁) ဦး၊ သိပ္ပကျော်စွာဘွဲ့ (၂) ဦး၊ စုစုပေါင်း (၅၀) ဦးကို သက်ဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရက ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်၊ အမျိုးသားရေးရည်မှန်းချက် (၂) ရပ် စသည့် လုပ်ငန်းစဉ်များသည် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အလွန်ကျယ်ပြန့်နက်ရှိုင်းကြောင်း၊ ဥပမာပြောရမည်ဆိုပါက တိုင်းပြည်သာယာဝပြောရေး လုပ်ငန်းစဉ်များထဲတွင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ အေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ပြည်သူများ ကိုယ်စိတ်နှလုံးအေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး စသည့်အချက်များစွာပါဝင်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဦးတည်ချက်လုပ်ငန်းစဉ်နှင့် ရည်မှန်းချက်တိုင်းမှာ ကဏ္ဍအလိုက် အသေးစိတ် ဖော်ဆောင်ရမည့် လုပ်ငန်းတာဝန် များစွာရှိနေကြောင်း။

အားလုံးသိရှိပြီးဖြစ်သည့်အတိုင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကျင်းပနိုင်ရန်အတွက် လိုအပ်သည့်ပြင်ဆင်မှုများကိုလည်း စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အစိုးရနှင့်ပြည်သူ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်သည်ကို ပြောကြားလိုကြောင်း။

နိုင်ငံတော်အတွက် ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့ကြသူများ၊ စွန့်လွှတ်စွန့်စားမှု၊ အနစ်နာခံမှုတို့ဖြင့် တာဝန်ကျေခဲ့ကြသူများကို နိုင်ငံတော်အစိုးရအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ဂုဏ်ယူပါကြောင်းကို ထပ်လောင်းပြောကြားလိုကြောင်း။

မိမိတို့၏ ဘဝတစ်သက်တာအတွင်း တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ယခုကဲ့သို့ မှတ်တမ်းတင်ဂုဏ်ပြုချီးမြှင့်ခြင်းခံရသကဲ့သို ဆက်လက်ပြီး နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏သားစဉ်မြေးဆက်များကိုပါ ယခုကဲ့သို့ ကြိုးပမ်းဆောင်ရွက်စေရန် စံနမူနာကောင်းများ ပြကြပါဟု တိုက်တွန်းမှာကြားလိုကြောင်း ဖြင့်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များဖြစ်ကြသည့် စည်သူဘွဲ့ရရှိသူ ၁၃ ဦး၊ တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာဘွဲ့များဖြစ်ကြသည့် သူရဘွဲ့ရရှိသူ ၃ ဦး၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်ကြသည့် ဇေယျကျော်ထင်ဘွဲ့ရရှိသူ ၁၇ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူ ၁၄ ဦး၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ ၁ ဦး၊ သိပ္ပကျော်စွာဘွဲ့ရရှိသူ ၂ ဦးတို့ကို ဂုဏ်ထူးဆောင်ဘွဲ့များ တစ်ဦးချင်းလက်ရောက်ချီးမြှင့်အပ်နှင်းပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများနှင့်အတူ မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများနှင့် ၎င်းတို့၏မိသားစုဝင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 3416 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 20, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download