နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


Ministry of Information/ Naypyitaw / May 25, 2025
image_latest


နေပြည်တော် မေ ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ရွှေတြိဂံရိပ်သာ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) မှ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးဆန်လူ၊ ဦးကြည်မြင့်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့နှင့်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် တွေ့ဆုံဆွေးနွေးရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့ မိတ်ဆွေဟောင်းများနှင့် ပြန်လည်တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံတော်တစ်ခုဖြစ်ပြီး စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းနေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီရင်းအကို မောင်နှမများအားလုံးအနေဖြင့် စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကို ဖော်ဆောင်သွားနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကိုဖြစ်ပေါ်စေရေးအတွက် ကောင်းမွန်စေလိုသည့်စိတ်ဖြင့် လုပ်ငန်းရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဦးစားပေးအနေဖြင့် အရေးကြီးသည့်ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသတစ်ခု၊ နိုင်ငံ့တစ်ခုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များပေါကြွယ်ဝရေးသည် မဖြစ်မနေလုပ်ဆောင်ရမည့် အချက်တစ်ချက်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ကျောင်းတက်ရောက်နိုင်စေရေး အခြေခံပညာသင်ကျောင်းများကို ဖွင့်လှစ်ပေးသွားရန်လိုကြောင်း၊ မိမိတို့သည်ပြည်ထောင်စုနိုင်ငံတော်ဖြစ်သဖြင့် နိုင်ငံတော်မှပြဋ္ဌာန်းထားသည့် ရုံးသုံးဘာသာစကားနှင့် စာပေကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တတ်မြောက်ထားရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးကဏ္ဍတွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်ထောင်စုစနစ်ပညာရေးကို သင်ကြားရမည်ဖြစ်ကြောင်း၊ အခြေခံပညာအဆင့် တက်ရောက်အောင်မြင်ပြီးချိန်တွင် ပြည်တွင်းရှိ တက္ကသိုလ်များသို့ တက်ရောက်နိုင်ရေးဆောင်ရွက်သွားကြရန်လိုကြောင်း။

ဒေသတွင်းစိုက်ပျိုးဖြစ်ထွန်းသည့် ရာဘာကိုအခြေခံသော စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားကြရန်လိုပြီး အဆင့်မြင့်ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အလားတူ ဒေသတွင်းအသားငါးများ လုံလောက်စွာထုတ်လုပ်နိုင်ရေးအတွက် မွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြစေလိုပြီး နိုင်ငံတော်မှလည်း လိုအပ်သည်များကို ထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်၍လည်း နိုင်ငံတော်မှလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ ကျန်းမာရေးနှင့်ပတ်သက်၍လည်း ကျေးလက်ဒေသများအဆင့်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က တည်ငြိမ်အေးချမ်းရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆွေးနွေးတင်ပြရာတွင် ယခုကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အကြီးအကဲများအား တွေ့ဆုံခွင့်ရသည့်အတွက် မိမိတို့အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) မှ ဥက္ကဋ္ဌဟောင်းကြီးကွယ်လွန်ဆုံးပါးခဲ့ချိန်တွင်လည်း နိုင်ငံတော်နှင့် ပြည်သူများက ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည့်အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မကြာသေးမီက ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ချိန်တွင် နိုင်ငံတော်နှင့်ပြည်သူလူထုတို့၏ ထိခိုက်ဆုံးရှုံးခဲ့ရမှုများအတွက်လည်း မိမိတို့အနေဖြင့် ထပ်တူဝမ်းနည်းမိပါကြောင်း၊ မိမိတို့အနေဖြင့် အထူးဒေသ (၄) အတွင်းရှိ လုပ်ငန်းရှင်များနှင့် ပြည်သူများပူးပေါင်း၍ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ကူညီဆောင်ရွက်ပေးနိုင်ရေးဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) ၏ သဘောထားခံယူချက်အနေဖြင့် နှစ် ၃ဝ ကျော် ကျင့်သုံးလာခဲ့သည့်အတိုင်း နိုင်ငံတော်မှချမှတ်ထားထားသည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးစသည့် တို့တာဝန်အရေးသုံးပါးအတွက် အဓိကထားဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုမြန်ဆန်ချောမွေ့စေရေးအတွက်လည်း ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့ဒေသအတွင်း ပညာရေးကဏ္ဍနှင့်ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိမိတို့ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့် မည်သည့်နိုင်ငံရေးအဖွဲ့အစည်းကိုမျှလက်ခံထားခြင်းမရှိကြောင်း၊ မိမိတို့အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းရေးလုပ်ငန်းရပ်များအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် မိမိတို့ဒေသအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားဆောင်ရွက်ပေးစေလိုပါကြောင်းဖြင့် ဆွေးနွေးတင်ပြသည်။

ယင်းနောက် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) မှ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့နှင့် ဦးဆန်လူတို့ကို အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ရာ NDAA (မိုင်းလား) အဖွဲ့မှ ဒေသထွက်လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် တက်ရောက်လာကြသူများက အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီအဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီအဖွဲ့ဝင်များသည် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြပြီး နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

Newspaper - 3174 items

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၁၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၁၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download