နိုင်ငံတော်နှင့်ဒေသအကျိုးအတွက် အားလုံးလက်တွဲပူးပေါင်းဆောင်ရွက်


Ministry of Information/ Naypyitaw / February 18, 2026
image_latest


မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးတစ်ရာကျော် စုစည်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းအနွယ်ဖွား တိုင်းရင်းသားလူမျိုးများသည် ပထဝီအနေအထားအရ မတူကွဲပြား နေထိုင်ကြသော်လည်း တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၍ အတူကြီးပြင်း လာခဲ့ကြသည့် မိသားစုဝင်များဖြစ်သည်။ အနေဝေးသော်လည်း သွေးမဝေးစေဘဲ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး အတူရှင်သန်ဖွံ့ဖြိုးစေနိုင်ရန်အတွက်လည်း နိုင်ငံတော်က ပေါင်းစည်းဆက်နွှယ်ပေးလျက်ရှိသည်။

တိုင်းရင်းသားလူမျိုးအချင်းချင်း ရင်းနှီးဆက်ဆံ အတူရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လမ်းပန်းဆက်သွယ်ရေးသည် အရေးအကြီးဆုံး အခြေခံအကျဆုံးအချက်ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှသာ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားရေးကဏ္ဍအားလုံး နောက်ကျမကျန်ရစ်ဘဲ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ခေတ်အဆက်ဆက်နိုင်ငံတော်ကို တာဝန်ယူခဲ့ကြသည့် အစိုးရများက မြို့ပြ၊ ကျေးလက်၊ တောင်တန်း၊ မြေပြန့်မကျန်အောင်လမ်း၊ တံတားများကို တစ်နိုင်ငံလုံးဖြန့်ကြက်၍ ကွန်ရက်သဖွယ် တည်ဆောက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ချင်းတွင်းမြစ်ကူး တံတား(ထမံသီ) တည်ဆောက်ဖွင့်လှစ်ပေးလိုက်သည်ကို တွေ့ရသည်။ အဆိုပါတံတားကြီးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးခဲ့သည်။ တံတားကြီးသည် အရှည် ၂၆၂၈ ပေရှိပြီး ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ ပြည်သူများ၏ လူမှုစီးပွား ဘဝနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက်ကုန်များ လွယ်ကူလျင်မြန်စွာ ပို့ဆောင်ပေးနိုင်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဖွံ့ဖြိုးရေးကို များစွာ အထောက်အကူဖြစ်လာမည်ဖြစ်သည်။

ပြည်ထောင်စုသားများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် တပ်မတော်အနေဖြင့် ပြည်ထောင်စုကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိသည်။ မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်တွင် နာဂဒေသသည်သွားလာရန် ခက်ခဲသဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်မနှင့် ဆက်သွယ်နိုင်သည့် လမ်းများ၊ တံတားများကောင်းမွန်မှသာ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

နိုင်ငံတော်ယာယီသမ္မတ လေရှီးမြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖ များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံစဉ် “မိမိတို့ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသတွင်နေထိုင်သူများက အမှန်တကယ်ဆောင်ရွက် သွားကြရန်လိုကြောင်း၊ မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားကြရန်နှင့် ဒီမြေမှာမွေး၊ ဒီရေကို သောက်ကြသူများဖြစ်သဖြင့် ဒေသအကျိုးနှင့် နိုင်ငံတော်အကျိုးအတွက်အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာတွင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အားလုံးက တစုတစည်းတည်း လျှောက်လှမ်းရန်လိုအပ်သဖြင့် ပြည်ထောင်စုစိတ်ဓာတ်မွေးမြူ၍ နိုင်ငံတော်အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားကြရန်” တိုက်တွန်းပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင် လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ် အပါအဝင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မြန်မာနိုင်ငံအနောက်မြောက်ပိုင်း အစွန်အဖျားဒေသဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသဖြစ်သည်။ ဝေးလံခေါင်ဖျားသည့် ဒေသဖြစ်သော်လည်း ဒေသတည်ငြိမ်အေးချမ်းပြီး မိမိတို့ဒေသကို မိမိတို့ ကိုယ်တိုင်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် အဆိုပါဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် ချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို တည်ဆောက်ဖွင့်လှစ်ပေးခဲ့သည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီဖြစ်သောကြောင့် ဒေသအတွင်း၌ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်၍ ဒေသခံတိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာပြီး အေးချမ်းသာယာဝပြောစွာ နေထိုင်နိုင်ကြမည်ဖြစ်သည်။

သို့ဖြစ်ရာ မိမိဒေသကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းသည် အရေးပါသောအချက်ဖြစ်သလို နိုင်ငံတော်ကလည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းပေးနိုင်ခြင်းဖြင့် ဒေသအေးချမ်းသာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည်ဖြစ်ရာ တိုင်းရင်းသားပြည်သူအားလုံး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တစုတစည်းတည်း ဝိုင်းဝန်းလက်တွဲ၍ ဒေသအကျိုး၊ နိုင်ငံတော်အကျိုးအတွက် ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။

Newspaper - 3445 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 12, 2026

Publication Date: 2026

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download