နိုင်ငံတော်နှင့် ပြည်သူ ပူးပေါင်းလက်တွဲ ပြိုင်တူတွန်း၍ ပန်းတိုင်တက်လှမ်း
နိုင်ငံတော်နှင့် ပြည်သူ ပူးပေါင်းလက်တွဲ ပြိုင်တူတွန်း၍ ပန်းတိုင်တက်လှမ်း
Ministry of Information/ Naypyitaw / November 13, 2025
မြန်မာနိုင်ငံသည် သမိုင်းကြောင်းအရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ လွတ်လပ်စွာဆောင်ရွက်နိုင်ခဲ့သည့်နိုင်ငံဖြစ်သည်။ လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်ဆိုင်သည့်နိုင်ငံအဖြစ် အစဉ်အဆက် တရားဝင်ရပ်တည်နိုင်ခဲ့သည်။ အချုပ်အခြာအာဏာသည် နိုင်ငံသားထံမှဆင်းသက်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်တည်နေသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သည့်ဝါဒဖြစ်သည်။ သူတစ်ပါးနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းလည်းမရှိ မိမိနိုင်ငံ၏ ပြည်တွင်းရေးအားဝင်ရောက်စွက်ဖက်ခြင်းကိုလည်း လက်မခံသည့်နိုင်ငံဖြစ်သည်။
နိုင်ငံသူ နိုင်ငံသားများ၏ စည်းလုံးညီညွတ်သော ပြည်တွင်းအားဖြင့် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ပင် အကောင်းဆုံးဖန်တီးနေသောနိုင်ငံဖြစ်သည်။ မိမိနိုင်ငံနှင့်ကိုက်ညီသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့်စနစ်များကို မိမိတို့၏ ကိုယ်ပိုင်စွမ်းပကားများဖြင့် အကောင်းဆုံးဖြစ်အောင် နိုင်ငံတော်၏ဦးဆောင်မှုဖြင့် ပြည်သူအပေါင်းတို့ကပါဝင်ဆောင်ရွက်လျက်ရှိသည်။ ယခုအခါတွင် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်ရန် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက် စနစ်တကျအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်နေချိန် တွင် အနှောင့်အယှက် အဖျက်အမှောင့်များပေါ်ပေါက်လာသည်မှာ အထူးအဆန်းမဟုတ်သည့် လုပ်နေကျပင်ဖြစ်သည်။
အဓိကမှာ နိုင်ငံတော်ကောင်းကျိုး၊ ပြည်သူပြည်သားများ အကျိုးစီးပွားအတွက် တိုင်းရင်းသား ပြည်သူအားလုံးစည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်နှင့်အတူလက်တွဲပါဝင်ဆောင်ရွက်ကြဖို့ လိုအပ်သည်။ နိုင်ငံတော်တွင်တိုင်းရင်းသားလူမျိုးအချင်းချင်း သဘောထားကွဲလွဲခြင်း၊ စည်းလုံးညီညွတ်မှုမရှိခြင်း၊ အချင်းချင်းရန်လိုတိုက်ခိုက်လိုစိတ်ရှိခြင်းတို့ဖြင့် ရပ်တည်နေပါက အခြားတစ်ပါး မလိုလားသည့်သွေးခွဲလိုသူများ၊ ဝင်ရောက်စွက်ဖက်လိုသူများက ဝမ်းသာအားရ ဆက်လက်သွေးခွဲပြီး နှောင့်ယှက်နေကြမည်သာဖြစ်သည်။
ထို့ကြောင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်ရေး၊ နိုင်ငံတော်နှင့်ပြည်သူ နိုင်ငံတကာအလယ်တွင် တင့်တယ်မော်ကြွားစွာ ရပ်တည်နေနိုင်ရေးအတွက် ပြည်သူအားလုံး တစည်းတလုံးတည်းဖြင့် တက်ညီလက်ညီ ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံကိုတည်ဆောက်ရာ၌ ဒီမိုကရေစီစနစ်နှင့်အညီ မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုနှင့် မမှန်မကန်ဆောင်ရွက်ခဲ့မှုများကို သိရှိကြပြီးဖြစ်သည်။ ရွေးကောက်ပွဲအောင်မြင်မှသာ ပြည်သူများလိုလားသည့် နိုင်ငံရေး၊ စီးပွားရေးစသည်တို့ကို ပြည်သူများဆန္ဒနှင့်အညီဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပြီးခဲ့သည့်ကာလက ဒီမိုကရေစီအခင်းအကျင်းကို ပျက်ယွင်းစေသည့်အခြေအနေများကြောင့် ဒီမိုကရေစီစနစ်ကို ပြန်လည်တည့်မတ်ပေးနေခြင်းဖြစ်သည်။ ပုံဖော်ပေးနေခြင်းဖြစ်သည်။
ကျင့်သုံးနေသော ဒီမိုကရေစီစနစ်အရ ပြည်သူများကိုယ်စား ဆောင်ရွက်ပေးရမည့် လွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူလူထုကအမှန်တကယ်ဖြစ်စေရန် ရွေးချယ်ပေးရခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် ပြည်သူလူထုနှင့်အမြင်တူသူများ၊ ဖြစ်လိုသည့်ဆန္ဒကို ထပ်တူ သို့မဟုတ် အနီးစပ်ဆုံးဆောင်ရွက်ပေးနိုင်မည့်သူများ၊ နိုင်ငံတော်၏ အကျိုးစီးပွား၊ ပြည်သူများ၏အကျိုးစီးပွားကိုကိုယ်စားပြု အမှန်တကယ် ဖော်ဆောင်ပေးမည့်သူများကို ရွေးချယ်ခြင်းဖြစ်သည်။ ရွေးချယ်ပေးလိုက်သည့် ကိုယ်စားလှယ်သည် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့် ရှိ/မရှိ စောင့်ကြည့်ထိန်းကျောင်းနိုင်သည်။ ရွေးကောက်ပွဲတွင် မိမိနှစ်သက်သူကို ရွေးချယ်မှုများလေလေ ရွေးကောက်ခံကိုယ်စားလှယ်သည် တာဝန်ယူမှုပိုရှိလေလေဖြစ်သည်။ ထို့အပြင် ရွေးကောက်ခံကိုယ်စားလှယ်သာမက ရွေးကောက်ပွဲဂုဏ်သိက္ခာပါ မြင့်မားလာနိုင်သည်။
သို့ဖြစ်ရာ ရွေးကောက်ပွဲသည် အားလုံးနှင့်ဆိုင်သည့် အမျိုးသားရေးလုပ်ငန်းစဉ်ဖြစ်သည်။ ရွေးကောက်ပွဲတွင် အကြောင်းအမျိုးမျိုးဖြင့် မပါဝင်ဖြစ်ပါက နိုင်ငံသားတာဝန်ပျက်ကွက်ရာရောက်သည်။ ရွေးကောက်ပွဲဆိုသည်မှာ ပြည်သူ့အသံကိုနားထောင်ပြီး ပြည်သူများအတွက် ကောင်းကျိုးဆန္ဒများကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်သည့် ယန္တရားတစ်ခုဖြစ်သည်။ ပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်၊ မြို့ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကောင်းကျိုးလိုရာဆန္ဒများကို မိမိတို့ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှတစ်ဆင့် အစိုးရထံမှ တောင်းဆိုနိုင်သည့်အခွင့်အရေးများရရှိလာမည်ဖြစ်သည်။ အဆိုပါအခွင့်အရေးသည် နိုင်ငံသားများ၏ အခွင့်အရေးဖြစ်သည်။ နိုင်ငံသားများ၏ ရပိုင်ခွင့်များဖြစ်သည်။ နိုင်ငံသားရပိုင်ခွင့်များ၊ အခွင့်အရေးများမဆုံးရှုံးစေရန် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသူနိုင်ငံသားများအားလုံး ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။ ။
Newspaper - 3372 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
