နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၁ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံ


Ministry of Information/ Naypyitaw / April 21, 2026
image_latest


နေပြည်တော် ဧပြီ ၂၀

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံ အဖွဲ့ဝင်အမျိုးသား ၁၁ ဦးသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြပြီး တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံ အဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကျပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းစသည့်အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်နေမှုများကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်း နှင့်တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်ခြင်းမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုး ပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင် လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့မှ အမျိုးသားနှစ်ဦး၊ နတ်တလင်းမြို့မှ အမျိုးသားတစ်ဦး၊ မင်းလှမြို့မှ အမျိုးသား နှစ်ဦး၊ ညောင်လေးပင်မြို့မှ အမျိုးသားခြောက်ဦး စုစုပေါင်း အမျိုးသား ၁၁ ဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ် ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား အသိပညာပေး အမှာစကားပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် MA1 သေနတ်တစ်လက်၊ MA3 သေနတ်နှစ်လက်၊ BA63 သေနတ်တစ်လက်၊ M79လက်လုပ်သေနတ်တစ်လက်၊ ကျည်မျိုးစုံ ၂၅၂ တောင့်၊ ကျည်အိမ်မျိုးစုံ ရှစ်ခု၊ ၄၀မမ ဗုံးသီး တစ်လုံးတို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက် လာကြသူများအား မောင်းပြန်ရိုင်ဖယ်သေနတ်တစ်လက်အတွက် ဆုကြေးငွေ ကျပ် သိန်း ၅၀ နှုန်းဖြင့် လေးလက်အတွက် ငွေကျပ် သိန်း ၂၀၀၊ လက်လုပ်သေနတ် တစ်လက်အတွက် ဆုကြေးငွေ ငါးသိန်းကျပ်၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတစ်ဦးလျှင် သုံးသိန်း ကျပ်နှုန်းဖြင့် ၁၁ ဦးအတွက် ၃၃ သိန်းကျပ်နှင့် ထောက်ပံ့ပစ္စည်းများကိုပေးအပ်ရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ခံဝန်ကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးအပ်ခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ် သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများနှင့် ၎င်းတို့၏ မိဘများထံမှ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

၁။ PDF ထဲကို ရောက်ရှိလာတာရွာ အနီးက လူတွေက ကျေးရွာကိုကာကွယ်ဖို့ အဲဒီလိုမျိုး ဖွဲ့စည်းခြင်းမျိုး ဖွဲ့စည်းမယ်ဆို ပြီး သွားရောက်ခြင်းဖြစ်တယ်။ ဆင့်ကဲဆင့်ကဲ အဲဒီလိုမျိုး သူတို့ကခိုင်းတယ်။ ကျွန်တော်တို့က အဲဒီလိုမျိုးဟာတွေမကြိုက်ဘူး။ လုံးဝအပြစ်မရှိတဲ့ ပြည်သူတွေအပေါ်ကို နိုင်ထက်စီးနင်း အဲဒီလိုမျိုး ပြောတာတွေကို ကျွန်တော်တို့က လက်မခံနိုင်ဘူး။ အဲဒီလိုမျိုးတွေလည်း မကြိုက်ဘူး။ သူတို့ခေါင်းစဉ်တပ်ထားတာ ပြည်သူ့ကာကွယ်ရေးဆိုပြီးတော့ ခေါင်းစဉ်တပ်ထားခဲ့တာ၊ တကယ်တမ်းကျတော့ ခေါင်းစဉ်အလိုက်နဲ့ ဘာမှမသက်ဆိုင်တဲ့အတွက် ကျွန်တော်တို့လည်း ဆက်ပြီးတော့ သူတို့ဘက်မှာ ရပ်တည်ပေးနေစရာ အကြောင်းမရှိဘူး။ သူတို့ခိုင်းစေတာ လုပ်ပြီးတော့ ကျွန်တော်တို့နေပေးစရာ အကြောင်းမရှိတော့ဘူး။ ကျွန်တော်တို့က အသားလွတ် မြေစာပင် အသေခံရမှာ။ အလင်းဝင်ဖို့ စဉ်းစားခဲ့တာတော့ကြာပြီ၊ ဒါပေမယ့် မဝင်ရဲဘူး။ အရင်တုန်းကတော့ ဝါဒမှိုင်းတွေ မိထားတဲ့အတွက် ဒီအထဲကို ရောက်လို့ရှိရင် ဘယ်လိုမျိုးဖြစ်မလဲ။ စပြီး ထွက်လာကတည်းက နည်းနည်းတော့ တုန်လှုပ်တာပေါ့။ ကျွန်တော်တို့ အမှား လုပ်ခဲ့တာကို ခွင့်လွှတ်ပေးပြီးတော့ နွေးထွေးစွာပြန်လည်ကြိုဆို ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်။ အမြင်မှန် အမြန်ဆုံးရပြီးတော့ ဝင်စေချင်တယ်။ သူတို့လည်းဝင်ဖို့ ဆန္ဒတွေတော့ရှိတယ်။ ဒါပေမယ့်သူတို့က အကြောက်တရားလေး နည်းနည်းရှိနေသေးတယ်။ မေးလာခဲ့ရင် ပွင့်ပွင့်လင်းလင်းပဲပြောမှာ၊ ဒီဘက်က ဘယ်လိုထားတယ်။ ဘယ်လိုအဆင်ပြေ အောင် လုပ်ပေးခဲ့တဲ့အကြောင်းတွေ ပွင့်ပွင့်လင်းလင်းပြောပြပြီးတော့ခေါ်ချင်တယ်။

၂။ ရွာမှာ အဲဒီလို ကိုယ့်ကိုစည်းရုံးတဲ့အချိန်မှာ သူတို့ပြောတဲ့စကားတွေကို ယုံပြီးတော့ ကျွန်တော်ပါသွားခဲ့တာ။ ပြန်ဝင်လာဖြစ်တဲ့ အကြောင်းရင်း ကတော့ ကျွန်တော်တို့လူငယ်တွေ မြေစာပင်ဖြစ်နေတဲ့အတွက် ကျွန်တော် တို့ကတော့ အလကားနေ အလကား အသေမခံနိုင်ဘူး။ သူတို့ကောင်းစားဖို့ အတွက်တော့ ကျွန်တော်တို့ မလုပ်နိုင်ဘူး ဆိုတဲ့အနေနဲ့ပဲ ကျွန်တော်တို့ ပြန်ဝင်လာခဲ့တာပါ။ ကျွန်တော်တို့ ဒီဘက်ကိုရောက်လာတော့ သူတို့ပြောတဲ့ ဟာတွေနဲ့ အလွန်ကွာခြားလွန်းတယ်။ ဒီဘက်မှာဆို ညီအစ်ကိုလိုသွားလာတယ်။ တော်တော်လည်းပျော်ပါတယ်။ နောက်ထပ်လာမယ့် ညီအစ်ကိုတွေကို လာခဲ့ပါလို့ပဲဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ဒီမှာ မိသားစုလို နွေးနွေးထွေးထွေးနဲ့ မိသားစုနဲ့ ကောင်းကောင်းမွန်မွန် နေရပါတယ်လို့ ပြောချင်ပါတယ်။

သတင်းစဉ်

Newspaper - 3502 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download