နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / December 11, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၀

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိရာ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း လုပ်ငန်းများအချိန်မီပြီးစီးရေး၊ ဆောင်ရွက်ပြီးစီးခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်နိုင်ရေး စည်းရုံးဆောင်ရွက်သွားကြရန်မှာကြားပြီး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ကာ ရုံးဝင်းအတွင်း ဆောင်ရွက်ထားရှိသည့် ကျောက်စီမြေထိန်းနံရံနှင့် ရာသီသီးနှံစိုက်ပျိုးရေးဆောင်ရွက်ထားရှိမှုများ၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဒေသကြက်မွေးမြူထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို ထိန်းသိမ်းနိုင်အောင် ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မြဲအောင် ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းကျောင်းရှိ တာဝန်ရှိသူများက ကြိုးပမ်းသွားကြရန် မှာကြားကာ ချီးမြှင့်ငွေများ ပေးအပ်၍ သင်တန်းစင်တာအတွင်း ဖွင့်လှစ်ထားရှိသည့် ကွန်ပျူတာအခြေခံသင်တန်းနှင့် ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်း လက်တွေ့သင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အေးသာယာမြို့ရှိ စွယ်တော်ကျောင်းတိုက် ဆရာတော်များအား ဖူးမြော်ကြည်ညို၍ နယ်စပ်ရေးရာဝန်ကြီးဌာနမှ နှစ်စဉ်ထောက်ပံ့လှူဒါန်းလျက်ရှိသည့် ဆွမ်းဆန်တော်နှင့် ကျောင်းတိုက်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပညာသင်ကြားလျက်ရှိသော နယ်စပ်ဒေသအသီးသီးမှ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်လှူဒါန်းပြီး ကျောင်းတိုက်အတွင်း လှည့်လည်ကြည့်ရှုကာ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သော ကိစ္စရပ်များကို စီမံဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ တာဝန်ရှိသူများနှင့်အတူ ပင်းတယမြို့နယ် ကုံလုံစံကျောင်းသွားလမ်းခွဲမှ ကုံလုံစံကျောင်းသို့ ဆက်သွယ်ထားရှိသည့် ကျောက်လမ်းတစ်မိုင် တစ်ဖာလုံကို ကတ္တရာထပ်ပိုးလွှာခင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတိုင်းရင်းသားပြည်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ သင်တန်းကျောင်း ကျောင်းအုပ်၊ ဝန်ထမ်းများ၊ နည်းပြများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ၌ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဒို့တာဝန်အရေး (၃) ပါးကို ဦးထိပ်ထားလျက် ထူးချွန်ထက်မြက်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများ ဖြစ်ပေါ်လာစေရေး အလေးထားပြုစုပျိုးထောင်ပေးသွားရန်၊ နိုင်ငံတော်မှ အခမဲ့ပညာသင်ကြားပေးသည်သာမက စားသောက်နေထိုင်ရေးကိစ္စများပါ တာဝန်ယူဆောင်ရွက်ပေးနေကြောင်း၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံပြီး အသိဉာဏ်၊ ဆင်ခြင်တုံတရားနှင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ရေးအတွက် ပြုစုပျိုးထောင်ပေးသွားကြရန်၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဝေးဝေးကရှောင်ရှားကြရန် ယခုအရွယ်ကစတင်၍ ကိုယ်ခန္ဓာကျန်းမာအောင်၊ စိတ်ဓာတ်ကြံ့ခိုင်အောင် ပြုစုပျိုးထောင်ပေးကြရန် မှာကြား၍ ချီးမြှင့်ငွေများပေးအပ်ကာ ကျောင်းဝင်းအတွင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပင်းတယမြို့မှ အောင်ပန်းမြို့ရှိ စက်မှုလက်မှုလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိရာ သင်တန်းကျောင်းအုပ်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားကာ ဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်၍ ဘာသာရပ်အလိုက် လေ့ကျင့်သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3466 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download