နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော စာဆိုဗိမာန် အဆောက်အဦဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော စာဆိုဗိမာန် အဆောက်အဦဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
Ministry of Information/ Naypyitaw / March 04, 2026
နေပြည်တော် မတ် ၄
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ စာဆိုဗိမာန်အဆောက်အဦ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်မင်းခေါင်လမ်းရှိ အဆိုပါအဆောက်အဦ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး တက်ရောက်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး၊ အနုပညာနယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးမောင်မောင်အုန်း၊ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က စာဆိုဗိမာန် RC (၃) ထပ် အဆောက်အဦကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့က စာဆိုဗိမာန်အဆောက်အဦ ကမ္ဗည်းမော်ကွန်းကျောက်တိုင်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး ဂုဏ်ပြုအထိမ်းအမှတ် ကံ့ကော်ပင်ကို စိုက်ပျိုးပေးကြကာ စာဆိုဗိမာန် အဆောက်အဦ ကမ္ဗည်းမော်ကွန်းကြေးပြားအား နံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အဆောက်အဦအတွင်းပြသထားသည့် စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင် အနုသုခုမလက်ရာများနှင့် မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ စာဆိုဗိမာန်အဆောက်အဦ ဒုတိယထပ်ရှိ Theatre ခန်းမ၌ စာဆိုဗိမာန်တည်ဆောက်ခဲ့မှု မှတ်တမ်း video Clip ကိုပြသသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က စာဆိုဗိမာန်အဆောက်အဦသစ်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားရာတွင် ယနေ့တွင် စာပေနှင့်အနုပညာရှင်များအတွက် စာဆိုဗိမာန်ကြီးကို ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းသည် နိုင်ငံနှင့်လူမျိုးအတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်ဝစေပါကြောင်း၊ မိမိတို့နိုင်ငံသည် သရေခေတ္တရာ၊ ပျူ၊ ယဉ်ကျေးမှုမှစ၍ ခေတ်အဆက်ဆက်တိုင် စာပေနှင့်ယဉ်ကျေးမှု ထွန်းကားပြန့်ပွားရာ ဘူမိနက်သန်တစ်ခု ဖြစ်ခဲ့ကြောင်း၊ စာပေသည် နိုင်ငံ့ယဉ်ကျေးမှု၏ မျက်နှာစာဖြစ်ပြီး စာပေကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံသူ နိုင်ငံသားများ၏ နှလုံးရည်နှင့်ဉာဏ်ရည်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် လူငယ်၊ လူရွယ်များ အသိဉာဏ်ပြည့်ဝစေရန်နှင့် တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ထက်သန်စေရန် စာပေနှင့်ထိန်းကျောင်း လေ့ကျင့်ပေးကြရမည်ဖြစ်ကြောင်း။
ထို့ပြင် မိမိတို့နိုင်ငံ၏ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ရိုးရာအမွေအနှစ်များနှင့် အတွေးအမြင်များကို ရေးသားမှတ်တမ်းပြုကြသည့် ရဟန်းစာဆို၊ လူပညာရှိတို့၏ ကျေးဇူးတရားကိုလည်း ချန်လှပ်ထား၍ မရနိုင်ပါကြောင်း၊ ထို့ကြောင့် ယနေ့ဖွင့်လှစ်သည့် စာဆိုဗိမာန်အဆောက်အဦတွင် ၎င်းတို့၏ဂုဏ်ကျေးဇူးကို တန်ဖိုးထား အသိအမှတ်ပြုသည့်အနေဖြင့်သာမက မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်းမျှဝေနိုင်စေရန် စာပေနှင့်အနုပညာများ စုစည်းထားရှိရာ နေရာတစ်ခုအဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည့်အပြင် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့် မြန်မာမှုနယ်ပယ်မှ အနုပညာရှင်များအတွက်ပါ ဂုဏ်ပြုဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖွင့်လှစ်နိုင်ရန် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တက်ရောက်ခဲ့၍ ရတနာပန္နက်တော်စိုက်ထူပေးခဲ့ပြီး ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည့် မိတ်ဆွေအိန္ဒိယနိုင်ငံ အစိုးရကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် စာပေပညာရှင်ကြီးများ၊ စာဆိုတော်ကြီးများ၏ စာပေဂုဏ်ကျေးဇူးကို လေးမြတ်ဂုဏ်ပြုသည့်အနေဖြင့် စာပေဆုအမျိုးအစားများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်း ခေတ်ကာလနှင့်လျော်ညီစွာ ထိုက်ထိုက်တန်တန် တိုးမြှင့်ချီးမြှင့်ပေးလျက်ရှိကြောင်း။
ယနေ့ဖွင့်လှစ်သည့် စာဆိုဗိမာန်ကြီးတွင် ခေတ်အဆက်ဆက် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်လာခဲ့သည့် အထောက်အထားများ၊ နိုင်ငံတော်မှချီးမြှင့်ခဲ့သည့် စာပေဆုအမျိုးအစားများနှင့် ဆုတံဆိပ်များ၊ ဆုရစာအုပ်များ၊ စာပေပညာရှင်ကြီးများ၏ မှတ်တမ်းများ၊ အနုပညာနယ်ပယ်များအလိုက် ပြခန်း၊ ပြကွက်များ၊ စာပေဟောပြောပွဲများနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပနိုင်မည့် (Mini Theatre) ခန်းမငယ်တို့ ထည့်သွင်းထားသည့်အတွက် စာပေအနုပညာလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် မြန်မာမှု အနုသုခုမလက်ရာများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်နေကြသည့် ရဟန်းကဝိ၊ လူပညာရှိနှင့် အနုပညာရှင်များအနေဖြင့် သက်ဆိုင်ရာအခန်းကဏ္ဍများအလိုက် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို အနုသုခုမလက်ရာများဖြင့် ဆက်လက်အကျိုးပြုပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် အိန္ဒိယနိုင်ငံနိုင်ငံခြားရေးဝန်ကြီး၏ စာဆိုဗိမာန်အဆောက်အဦ တည်ဆောက်နိုင်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ဝမ်းမြောက်ဂုဏ်ပြုအမှာစကား Video Clip ကိုပြသပြီး အိန္ဒိယနိုင်ငံသံအမတ်ကြီးက အဆောက်အဦတည်ဆောက်ရာတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ရခြင်းအတွက် ဂုဏ်ပြုစကားပြောကြားသည်။
ဆက်လက်၍နိုင်ငံတော်ဝန်ကြီးချုပ်ထံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဆောက်အဦဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်အား နေရာအရောက်ပေးအပ်သည်။
ထို့နောက် အဆောက်အဦဖွင့်ပွဲ အခမ်းအနားအထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်ကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အိန္ဒိယနိုင်ငံသံအမတ်ကြီးအားလည်းကောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံ အိန္ဒိယနိုင်ငံသံအမတ်ကြီးကလည်းကောင်း အသီးသီးပေးအပ်ကြသည်။
ယင်းနောက် အမျိုးသားစာပေတစ်သက်တာဆုရ ဆရာကြီးဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က စာဆိုဗိမာန်အဆောက်အဦ ဖွင့်လှစ်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် အိန္ဒိယနိုင်ငံမှ ယဉ်ကျေးမှုအဖွဲ့နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနတို့မှ အကအဖွဲ့တို့၏ ဂုဏ်ပြုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက် ပြောင်းရွှေ့ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
Newspaper - 3459 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
