နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း ဦးစားပေးဆောင်ရွက်သွားမည့်လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ဝန်ထမ်းများနှင့်တွေ့ဆုံပွဲကျင်းပ


Ministry of Information/ Naypyitaw / April 25, 2026
image_latest


နေပြည်တော် ဧပြီ ၂၄

နိုငံတော်သမ္မတ၏ ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပခဲ့သော ကတိသစ္စာပြုပွဲအခမ်းအနား၊ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများအား တွေ့ဆုံမှာကြားသည့် မိန့်ခွန်း၊ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်သစ်ကူးနှုတ်ခွန်းဆက်မင်္ဂလာစကားနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် အမှာစကားပြောကြားခဲ့မှုများအရ အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း ဦးစားပေးဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် ရှေ့ဆက်လက်အကောင်အထည်ဖော်မည့်လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် ဒေသစာရင်းစစ်ရုံးများမှ ဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များတွင် ပြည်ထောင်စု၏လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊

နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်များကို ဌာနအဖွဲ့အစည်းများက အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူများနှင့်အတူ စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ တိုးတက်ဖြစ်ပေါ်မှုကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများကို အခြေခံကာ ကုန်ထုတ်လုပ်မှုနှင့် ပို့ကုန်တိုးမြှင့်ရေး၊ ဒေသအလိုက် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည်ဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးချရေး စသည်တို့ကို အားပေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း ထပ်ဆင့်ရှင်းလင်းသည်။

ဆက်လက်၍ လမ်းညွှန်မှာကြားချက်များအရ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့်လည်း ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊ ရက် (၁၀၀) ကာလအတွင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ စစ်ဆေးအစီရင်ခံတင်ပြခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်တကျ သင်ကြားလေ့ကျင့်ပေးခြင်း၊ နိုင်ငံတကာစံနှုန်းနှင့်အညီဖြစ်သည့် စစ်ဆေးရေးနည်းပညာရပ်များ သိရှိအသုံးချနိုင်ရေးအတွက် နိုင်ငံတကာစာရင်းစစ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရန် လျာထားအစီအစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ငွေရေးကြေးရေး ကဏ္ဍစုံတိုးတက်ဖြစ်ပေါ်စေရေး ဆောင်ရွက်မှုများအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အနေဖြင့်လည်း ရှေ့ကာလများတွင် ဆောင်ရွက်ရမည့် ကိစ္စရပ်များ အောင်မြင်ပြီးမြောက်မှု ရှိစေရေး အစီအမံများချမှတ်၍ တိုးမြှင့်ဆောင် ရွက်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်း၍ စစ်ဆေးရေးလုပ်ငန်းများကို နိုင်ငံတကာစစ်ဆေးရေးစံနှုန်းများ၊ စာရင်းစစ် ကျင့်ဝတ်သိက္ခာများနှင့်အညီ ဌာနအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးစီမံ ခန့်ခွဲမှုများပိုမိုကောင်းမွန်စေရေး၊ မလိုလားအပ်သော မသမာမှု၊ အလွဲသုံးစားမှုများ ကြိုတင်တားဆီးနိုင်စေရေး၊ ရှေ့ဆက်ဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များတွင် ကောင်းမွန်မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးတို့အတွက် စစ်ဆေးရေး အမျိုးအစားအလိုက် အပြုသဘောဆောင်သည့် အကြံပြုချက်များပေးနိုင်ရန် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းတာဝန်များကို ဆက်လက်ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ဒုတိယစာရင်းစစ်ချုပ် ဒေါ်ခိုင်ခိုင်အောင်က အစိုးရ၏ရက် (၁၀၀) ကာလအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာ အချက်အလက်များကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ စုစုပေါင်း ၉၀၂ ဦး တက်ရောက်ကြကြောင်းသိရသည်။

သတင်းစဉ်

Newspaper - 3506 items

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download