နိုင်ငံတော်၏အမျိုးသားနိုင်ငံရေး အလေးထားအကောင်အထည်ဖော်


Ministry of Information/ Naypyitaw / March 15, 2026
image_latest


နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်းများကို လေ့လာကြည့်သည့်အခါ အကောင်းမြင်လွန်းခြင်း၊ အဆိုးမြင်လွန်ခြင်းဟူသည့် အစွန်းနှစ်ပါးနှင့်ဒွန်တွဲနေသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။ အဆိုပါ အစွန်းတရားနှစ်မျိုးကို ရှောင်ရှားပြီး နိုင်ငံ၏ ပကတိအခြေအနေ၊ ပကတိအမြင်များဖြင့်သာ ရှုမြင်သုံးသပ်ပြောဆိုလုပ်ကိုင်ကြရမည်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုလျှင်လည်း အဆိုပါ အစွန်းတရားနှစ်မျိုးနှင့်မလွတ်ခဲ့သည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းသည် အကောင်းနှင့်အဆိုးတို့ ရောပြွမ်းဖြစ်တည်လာခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးလမ်းကြောင်းကို မုန်တိုင်းကထန်ထန် တိုင်းပြည်ကနုနု လှိုင်းကြီးလေထန်ဟုဆိုကြသလို နာတာရှည်ခရီးကြမ်းကြီးဟုလည်း ပြောဆိုကြသူများရှိသည်။ ကမ္ဘာပေါ်တွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ သက်ဆိုးအရှည်ဆုံးနိုင်ငံဟုပင် ပြောဆိုကြသူများရှိသည်။ အမှန်တကယ်တွင်လည်း လွတ်လပ်ရေးရပြီး နှစ်လအကြာကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခ မချုပ်ငြိမ်းသေးသည်မှာ ယနေ့တိုင်ဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခများ မချုပ်ငြိမ်းခြင်းသည် ကိုယ်ကျိုးစီးပွားအခြေခံသည့် လမ်းစဉ်များကြောင့်ဟုဆိုနိုင်သလို အမျိုးသားနိုင်ငံရေးအပေါ် ခံယူကျင့်သုံးမှု အားနည်းခြင်းအပေါ်အခြေခံသည့် ယုံကြည်ချက်၊ ခံယူချက်များ လွဲမှားခြင်းများကြောင့် ဖြစ်ပေါ်လာသည်ဟု ဆိုရမည်ဖြစ်သည်။ မြန်မာ့မျက်နှာစာသစ်ဖိုရမ်(ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု)ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အမျိုးသားရေးမူဝါဒနဲ့ အမျိုးသားနိုင်ငံရေးဆိုတာဟာ လူထုလူတန်းစားရေး၊ လူမျိုးရေး၊ ဝါဒရေးတို့ထက် အရေးကြီးတယ်ဆိုတာကို နိုင်ငံသားအားလုံး သတိပြုကြဖို့လိုအပ်ပါတယ်။ ဘယ်နိုင်ငံရဲ့ အမျိုးသားရေးဝါဒကိုပဲကြည့်ကြည့် မိမိတို့ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းကြောင်းနဲ့ သီးခြားခွဲထွက်မနေဘဲ ဆက်စပ်နေတယ်ဆိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အမျိုးသားနိုင်ငံရေးဆိုတာကတော့ ကျွန်တော်တို့ အမြဲတမ်းပြောနေတဲ့ ဒို့တာဝန်အရေးသုံးပါးပဲ” ဟုပြောကြားခဲ့သည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးသည် နိုင်ငံသူနိုင်ငံသားများ အစဉ်ထာဝရလက်ကိုင်ထားကြရမည့် အမျိုးသားနိုင်ငံရေးမူဝါဒဖြစ်သည်။ ယနေ့အချိန်ကာလတွင် လွတ်လပ်ရေးရရှိပြီးသည်မှာ နှစ်ပေါင်း ၈၀ နီးပါးရှိခဲ့ပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို အားလုံးလေးစားမြတ်နိုးတန်ဖိုးထားပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက် နေရဆဲဖြစ်သည်။ ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲမှုဆိုးမွေများကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲအောင် ကျားကန်နေရပြီး ပြည်ထောင်စုကြီးမပြိုကွဲအောင် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်လျက်ရှိသည်။ အဆိုပါအမျိုးသားနိုင်ငံရေးကိုအားလုံးက ဦးထိပ်ပန်ဆင်ထားကြရမည်ဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခြင်း၏ဇာစ်မြစ်ကိုကြည့်လျှင် လူမျိုးရေး၊ ဝါဒရေးကိုအခြေခံသည့် နိုင်ငံရေးကြောင့်ဖြစ်သဖြင့် နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်မှသာ အဖြေရှာတွေ့မည်ဖြစ်သည်။ နိုင်ငံရေးကို စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းနေသမျှကာလပတ်လုံး ငြိမ်းချမ်းရေးနှင့်အလှမ်းဝေးသည်ထက်ဝေးနေမည်ဖြစ်သည်။ အစိုးရအဆက်ဆက်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးစားအားထုတ်ခဲ့ကြသော်လည်း လုံးဝအဆုံးသတ်အောင်မြင်မှုရအောင် မတည်ဆောက်နိုင်သေးပေ။ သွေးကွဲခဲ့မှုအမွေဆိုးများနှင့် ပြည်တွင်း၊ ပြည်ပမှ သွေးထိုးနှောင့်ယှက်မှုအမျိုးမျိုးကြောင့် ငြိမ်းချမ်းရေးနှင့်အလှမ်းဝေးနေဆဲဖြစ်သည်။

တိုင်းရင်းသားလူမျိုးများအားလုံး၏ မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို အားသွန် ခွန်စိုက်ကြိုးပမ်းနေသည်။ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် ဒီမိုကရေစီအလေ့အကျင့်ကောင်းများ အားနည်းခဲ့မှု၊ အဖွဲ့အစည်းများအနေဖြင့် အတိတ်ဖြစ်ရပ်များကိုအခြေခံသည့် မကျေနပ်ချက်များ ဖြစ်ပေါ်လာအောင် သွေးထိုးလှုံ့ဆော်မှု၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကို ရှေ့တန်းတင်ပြီး နိုင်ငံအကျိုးကိုလျစ်လျူရှုမှု၊ လူပုဂ္ဂိုလ်အပေါ်၊ လူမျိုးစု အပေါ်အခြေခံမှုတို့ကြောင့် ပဋိပက္ခများဖြစ်ပေါ်လာပြီး တည်ငြိမ်အေးချမ်းမှုအားနည်းခဲ့သည်။ ဖက်ဒရယ်စနစ်ကိုကျင့်သုံးရာတွင် လူပုဂ္ဂိုလ်၊ လူမျိုးစုအပေါ် အခြေခံခြင်းမဟုတ်ဘဲ နေရာဒေသကိုအခြေခံပြီး ကျင့်သုံးခြင်းဖြစ်သည်ကို သတိချပ်ဖို့လိုသည်။

သို့ဖြစ်ရာ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းနှင့် ဆက်စပ်ဖြစ်ပေါ်လာသည့် လူမျိုး ရေး၊ ဝါဒရေး၊ လူပုဂ္ဂိုလ်ရေး အစွန်းတရားများကိုသင်ခန်းစာယူ၍ နိုင်ငံ၏ ပကတိ အခြေအနေနှင့် ထင်ဟပ်ကိုက်ညီသည့် အမျိုးသားရေးမူဝါဒ၊ အမျိုးသားနိုင်ငံရေးတို့ကို နိုင်ငံသူ နိုင်ငံသားအားလုံးက လေးစားလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ကြ ပြီး ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။ ။

Newspaper - 3470 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download