နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ဖော်ဆောင်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ဖော်ဆောင်
Ministry of Information/ Naypyitaw / November 19, 2025
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအနေဖြင့်နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းပြီးနောက် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့”၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့”၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဆိုသည့် ဆောင်ပုဒ် (၃) ခုကို ချမှတ်ပြီး ဆောင်ပုဒ်တစ်ခုချင်းအလိုက် ဦးတည်ချက်များ၊ ရည်မှန်းချက်များ၊ စီမံကိန်းများ အောင်မြင်စွာအကောင်အထည်ပေါ်လာအောင် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဦးတည်နှိုးဆော်ဆောင်ပုဒ် (၃) ခုသည် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော် ဖြစ်ပေါ်လာစေရန်အတွက် အဓိကကျသော အလုပ်လမ်းညွှန်များဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာစေရန် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ရေခံ၊ မြေခံကောင်းများ ပြည့်စုံပြီးသားဖြစ်ပြီး စိုက်ပျိုးရန်အတွက် သဘာဝအခြေခံကောင်းများ ပိုင်ဆိုင်ထားပြီးဖြစ်သည်။ အဓိကမှာ ဒေသတစ်ခုလုံး၊ နိုင်ငံတစ်နိုင်ငံလုံးအနေဖြင့် အလုပ်လုပ်နိုင်သူများ အမှန်တကယ်အလုပ်လုပ်ကိုင်ကြမှသာ ကုန်ထုတ်လုပ်ငန်းများ အောင်မြင်ပြီး ဖွံ့ဖြိုးတိုးတက်လာမည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအားလုံး တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်သကဲ့သို့ ဒေသတွင်းနေထိုင်ကြသော ပြည်သူအားလုံးကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာအောင် ဆောင်ရွက်ခြင်းသည် ပုဂ္ဂလိကကဏ္ဍအတွက်သာမက နိုင်ငံတော်အတွက်ပါ အကျိုးရှိသည့်လုပ်ငန်းစဉ်ဖြစ်သည်။ ကုန်ထုတ်လုပ်ငန်းများ အားကောင်းလာအောင် ဆောင်ရွက်ရာ၌ အတတ်ပညာများ တတ်မြောက်ကြရန်လိုအပ်သည်။ အတတ်ပညာများရရှိရန်အတွက် အတန်းပညာများ မြင့်မားလာရန်လိုအပ်သဖြင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဆောင်ပုဒ်ကို အောင်မြင်အောင် ဖော်ဆောင်ရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးမြှင့်တင်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ ပညာရေးအားနည်းသူများကို ကုန်ထုတ်စွမ်းအား မြှင့်တင်ရေးလုပ်ငန်းများ၌ ထိရောက်စွာအသုံးချနိုင်ရန် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ကြပြီး မအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူအမြောက်အမြားရှိသည်။ ၎င်းတို့အတွက် မည်သို့အထောက်အကူပြုနိုင်မည်ကို စဉ်းစားဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုဆိုင်ရာ အထက်တန်းကျောင်းများနှင့် ပိုလီတက္ကနစ်ကျောင်းများ နိုင်ငံအနှံ့ တွင် ဖွင့်လှစ်သင်ကြားပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
တိုးတက်သည့်နိုင်ငံတိုင်းသည် ပညာတတ်များ ပေါများကြွယ်ဝပြီး ရာနှုန်းပြည့်နီးပါးခန့် အဆင့်မြင့်ပညာတတ်မြောက်သည့် နိုင်ငံများဖြစ်သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၌ အခြေခံပညာအဆင့်၊ အလယ်တန်းပညာအဆင့်၊ အထက်တန်းပညာအဆင့်နှင့် အဆင့်မြင့်ပညာအဆင့်များအလိုက် သင်ယူပြီးဆုံးမှုအနေဖြင့် ရာခိုင်နှုန်းအလိုက် နည်းပါးနေသည်ကို တွေ့ရသည်။ ပညာတတ်များ ရာခိုင်နှုန်း ပြည့်မီစွာ ဖွံ့ဖြိုးတိုးတက်လာအောင် မဆောင်ရွက်နိုင်သေးမီ ကြားကာလများအတွင်း ပညာရေးကိုပြီးဆုံးအောင် မသင်ယူနိုင်ခဲ့သူ လူငယ်များအား ဒေသအလိုက် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး အမှန်တကယ်အလုပ်လုပ်နိုင်ခွင့်များရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။
စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း လိုအပ်လျက်ရှိသော တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး၊ သီးထပ်စွမ်းအားမြင့်မားရေးကို အားပေးမြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ပါက ဒေသဝမ်းစာဖူလုံမှုနှင့် ဒေသဝင်ငွေတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ကုန်များ ပိုမိုထုတ်လုပ်ပြီး ပြည်ပသို့ပါ တင်ပို့နိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့မှသာ နိုင်ငံအတွင်း ငွေကြေးလည်ပတ်မှုကောင်းမွန်လာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ရေ၊ မြေ၊ တော၊ တောင်၊ မြစ်ချောင်း၊ တောင်တန်းများပေါများပြီး သာယာလှပသည့်နိုင်ငံဖြစ်သည့်အပြင် ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များ ပေါများသည့်နိုင်ငံဖြစ်သည်။ တန်ဖိုးကြီးမားသော အရင်းအမြစ်များ ရေရှည်တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်နေစေရန် သဘာဝပတ်ဝန်းကျင် မပျက်ယွင်းအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်။ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းပြီး သာယာလှပသော သဘာဝပတ်ဝန်းကျင်နှင့် နှစ်လိုဖွယ်ရာအခင်းအကျင်းများ မပျက်ယွင်းဘဲ တည်တံ့နေမှသာ ပြည်တွင်း၊ ပြည်ပခရီးသွားများ စဉ်ဆက်မပြတ် တိုးတက်လာရောက်နိုင်ပြီး ဒေသတွင်းအလုပ် အကိုင်အခွင့်အလမ်းများပေါများကာ နိုင်ငံ့ဝင်ငွေလည်း တိုးတက်ရရှိလာမည် ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်က ဦးတည်ရည်မှန်းချမှတ်ထားသော “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့”၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့”၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့”ဆိုသည့် ဆောင်ပုဒ် (၃) ခုကို လက်တွေ့အကောင်အထည်ပေါ်လာအောင် ဒေသတွင်းနေထိုင်သူများအားလုံး က အမှန်တကယ် အလုပ်လုပ်ကြရမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3354 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 18, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 14, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
