နိုင်ငံသားစိစစ်ရေးကတ်ပြား တန်ဖိုးထားထိန်းသိမ်းကိုင်ဆောင်
နိုင်ငံသားစိစစ်ရေးကတ်ပြား တန်ဖိုးထားထိန်းသိမ်းကိုင်ဆောင်
Ministry of Information/ Naypyitaw / June 12, 2025
နိုင်ငံတစ်နိုင်ငံတွင် ပိုင်နက်နယ်နိမိတ်၊ အုပ်ချုပ်သည့်အစိုးရ၊ မှီတင်းနေထိုင်သည့် ပြည်သူနှင့် အချုပ်အခြာအာဏာတည်းဟူသော ဥပဓိရုပ်လေးပါးနှင့် ပြည့်စုံရန်လိုသည်။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် နိုင်ငံ၏ အချုပ်အခြာအာဏာသည် ပြည်သူမှ တိုက်ရိုက်ဆင်းသက်ပြီး ပြည်သူတို့က ဆန္ဒပြုရွေးကောက်တင်မြှောက်သူ ကိုယ်စားလှယ်များနှင့် အစိုးအရဖွဲ့စည်းရခြင်းဖြစ်ရာ ပြည်သူ၏ကဏ္ဍမှာ အရေးကြီးသည်။
သို့ဖြစ်ရာ ပြည်သူ သို့မဟုတ် နိုင်ငံသားဆိုသည်ကို ဥပဒေဖြင့် တိကျစွာ အနက်အဓိပ္ပာယ်ဖွင့်ဆိုပြီး အခွင့်အရေးနှင့် တာဝန်တို့ကို လည်း ဥပဒေတွင် ရှင်းလင်းစွာပြဋ္ဌာန်းပေးအပ်ထားသည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူများသည် နိုင်ငံသားဖြစ်မှုဥပဒေအရ စိစစ်ထုတ်ပေးထားသည့် ကတ်ပြားတစ်မျိုးမျိုးကို မိမိတို့၏ဘဝတစ်သက်တာတစ်လျှောက် ကိုင်ဆောင်ကြရခြင်းဖြစ်ရာ မပျောက်မပျက်စေရန် စနစ်တကျထိန်းသိမ်းကြဖို့လိုသည်။ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများသည် မိမိကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် တရားမဝင်ပြင်ခြင်း၊ ဖျက်ခြင်း၊ ရေးသွင်းခြင်းမပြုလုပ်ရန်၊ မိမိကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် ဓာတ်ပုံပျက်စီး၊ မထင်မရှားဖြစ်ပါက မိမိသဘောဖြင့် ဓာတ်ပုံလဲလှယ်ခြင်း၊ ကပ်ခြင်းမပြုလုပ်ရန်၊ မိမိကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားသည် အခြားသူတစ်ဦးထံသို့ လွှဲပြောင်းကိုင်ဆောင်ခြင်းမပြုရန်၊ အခြားသူတစ်ဦးတစ်ယောက်၏ နိုင်ငံသားစိစစ်ရေးကတ်ပြားကို ကောက်ရ/တွေ့ရှိပါက သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူးရုံးသို့ သွားရောက်အပ်နှံရန်၊ မိမိနေအိမ်မှ မြို့နယ်ကျော်ခရီးသွားလျှင် မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားကို တစ်ပါတည်းယူဆောင်သွားရန်၊ မိမိကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးလျှင် နီးစပ်ရာရဲစခန်းသို့ တိုင်ကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူးရုံးသို့ မိတ္တူထုတ်ပေးခွင့်ကို ကိုယ်တိုင်လျှောက်ထားရန်နှင့် လူတစ်ဦးတစ်ယောက်တည်း နံပါတ်တစ်ခုထက်ပို၍ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ထားကြောင်း တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း သတိပြုလိုက်နာရန် အချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦးဖြစ်ကြောင်း နိုင်ငံတော်ကထုတ်ပေးထားသည့် အခိုင်မာဆုံးသော သက်သေအထောက်အထားပင်ဖြစ်ရာ နေရာဌာနများစွာ၊ အရေးကိစ္စများစွာတို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ကို ကိုယ်ရေးအချက်အလက်တစ်ခုအဖြစ် ဖြည့်သွင်းရခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းကို တင်ပြရခြင်း၊ မိတ္တူကို စာရွက်စာတမ်းများနှင့်အတူ တွဲ၍တင်ရခြင်း စသည်ဖြင့် အသုံးပြုနေကြရသည်။ နိုင်ငံသားစိစစ်ရေးကတ်ကို ဤသို့ မသုံးမဖြစ်သုံးနေကြရခြင်းဖြစ်ရာ ဒုစရိုက်သမားများက ၎င်းတို့၏ ရာဇဝတ်မှုမကင်းသော ကိစ္စများအတွက် နိုင်ငံသားစိစစ်ရေးကတ်အတု ပြုလုပ်သုံးစွဲခြင်း၊ အခြားသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ကို နည်းအမျိုးမျိုးဖြင့် ရယူသုံးစွဲခြင်းတို့ ပြုလုပ်လာကြသည်။ သို့ဖြစ်သည့်အလျောက် မိမိပိုင်နိုင်ငံသားစိစစ်ရေးကတ်၊ Mobilc SIM Card၊ Mobile Payment Account၊ Bank Account များအား မသက်ဆိုင်သူထံသို့ အခကြေးငွေဖြင့် ရောင်းချခြင်း၊ ငှားရမ်းအသုံးပြုစေခြင်းများ ဆောင်ရွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခံရနိုင်ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် မကြာခဏ ဖော်ပြသတိပေးနေခြင်းဖြစ်သည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားသည် ကိုင်ဆောင်သူအတွက် အခိုင်မာဆုံး သက်သေအထောက်အထားဖြစ်သကဲ့သို့ ကိုင်ဆောင်သူ၏ ကိုယ်ရေးအချက်အလက်တစ်ခုလည်းဖြစ်သည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် ရောင်းချရန်၊ ပေါင်နှံရန်၊ ငှားရမ်းရန်မဟုတ်ကြောင်း သိရှိကြရမည်ဖြစ်သကဲ့သို့ မိမိတို့၏ ကိုယ်ရေးအချက်အလက်များသည်လည်း လိုအပ်သည့်အခါ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း၊ ရုံးဌာနများသို့ တင်ပြရန်မှတစ်ပါးလုံခြုံစွာလျှို့ဝှက်ထားရမည့် အရာများအဖြစ် ထိန်းသိမ်းကြရပါမည့်အကြောင်း။ ။
Newspaper - 3192 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download