နိုင်ငံ့ဂုဏ်၊ မိမိရဲ့ကျောင်းဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ အနာဂတ်ရည်မှန်းချက်အနေနဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် အကျိုးပြုနိုင်မယ့်သူတစ်ဦးဖြစ်ချင်ပါတယ်-မောင်ထက်ဦးလွင်
နိုင်ငံ့ဂုဏ်၊ မိမိရဲ့ကျောင်းဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ အနာဂတ်ရည်မှန်းချက်အနေနဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် အကျိုးပြုနိုင်မယ့်သူတစ်ဦးဖြစ်ချင်ပါတယ်-မောင်ထက်ဦးလွင်
Ministry of Information/ Naypyitaw / May 20, 2025
The Open International Biology Olympic (OIBO) 2025 ပြိုင်ပွဲသည် စက်မှုလုပ်ဖော်ကိုင်ဖက်များနှင့်ပူးပေါင်းကာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် အတွေ့အကြုံဖလှယ်ခြင်းတို့ကို ဖွံ့ဖြိုးတိုးတက်စေမည့် ကျောင်းသားလူငယ်များအား လက်ရှိဇီဝဗေဒနှင့် ဇီဝနည်းပညာဆိုင်ရာပြဿနာများကို လေ့လာရန်နှင့် ဖြေရှင်းရန်အတွက်ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့၌ မေ ၁၀ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့သည့် ပြိုင်ပွဲတွင် အထက-၁ (ဒဂုံ) မှ ကျောင်းသား ကျောင်းသူများ သွားရောက်ယှဉ်ပြိုင်ခဲ့ကြရာ တစ်ဦးချင်းအလိုက် တတိယဆုများ ရရှိခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၏ ဝမ်းသာဂုဏ်ယူစကားသံများမှာ-
မောင်ထက်ဦးလွင် (Grade-10)
အထက (၁) ဒဂုံ
ကျွန်တော်ကတော့ အထက (၁) ဒဂုံမှ Grade-10 ကျောင်းသား မောင်ထက်ဦးလွင် ဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ခေါင်းစဉ်က The Open International Biology Olympic (OIBO)ဖြစ်ပြီး ပြိုင်ပွဲမှာ ၂၁ ရာစုအတွင်း ကြုံတွေ့နေရတဲ့ ဇီဝဗေဒဆိုင်ရာစိန်ခေါ်မှု၊ ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် လူငယ်တွေကို စုစည်းပြီး ပြိုင်ပွဲတစ်ခုအနေနဲ့ ကျင်းပတာ ဖြစ်ပါတယ်။ ရုရှားအိုလံပစ်ပြိုင်ပွဲမှာဆိုရင် သူတို့အနေနဲ့ အပိုင်း သုံးပိုင်းခွဲခြားထားပါတယ်။ သတ္တဗေဒ၊ ရုက္ခဗေဒ၊ လက်တွေအပိုင်းမှာ Calculation ၊ Theory Round ဆိုပြီး အပိုင်း နှစ်ပိုင်းခွဲထားပါတယ်။ Practical Round မှာဆိုရင် အပင်တွေ၊ သတ္တဝါတွေရဲ့အစိတ်အပိုင်းတွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာရပြီး လေ့လာချက်မှာ တွေ့ရှိရတဲ့စမ်းသပ်ချက်တွေကို မှတ်တမ်းပြုခဲ့ရပါတယ်။ သီအိုရီအပိုင်းဆိုရင် သူတို့ပေးထားတဲ့ ဇီဝဗေဒဆိုင်ရာ ပုစ္ဆာတွေကို ဘယ်လိုဖြေရှင်းတွက်ချက်မလဲဆိုတာတွေကို မေးမြန်းခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ စေ့စပ်သေချာစွာ ဖြေဆိုခဲ့ရပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတကာဆိုင်ရာ တတိယဆုကို ရရှိခဲ့ပါတယ်။ နိုင်ငံပေါင်း ၈၂ နိုင်ငံ မှ ကျောင်းသား ကျောင်းသူပေါင်း ၄၀၀ ကျော် ယှဉ်ပြိုင်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံ့ဂုဏ်၊ မိမိရဲ့ကျောင်းဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ အနာဂတ်ရည်မှန်းချက်အနေနဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် အကျိုးပြုနိုင်မယ့်သူတစ်ဦး ဖြစ်ချင်ပါတယ်။
မရွှန်းလဲ့ဝတီကျော် (Grade-9)
အထက (၁) ဒဂုံ
ကျွန်မကတော့ အထက (၁) ဒဂုံမှ Grade – 9 အောင်မြင်ပြီးတဲ့ ကျောင်းသူ မရွှန်းလဲ့ဝတီကျော် ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် ၁၅ နိုင်ငံမှာ သီအိုရီအပိုင်း၊ လက်တွေ့အပိုင်းနဲ့ Project Round အပိုင်းသုံးပိုင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ပြိုင်ပွဲဝင် ၇၅ ဦးထဲမှာ သမီးက တတိယဆုရရှိခဲ့ပါတယ်။ နိုင်ငံ့ဂုဏ်ဆောင်ရတာ အလွန်ဝမ်းသာပါတယ်။ တခြားနိုင်ငံက ပြိုင်ပွဲဝင်တွေနဲ့ မိတ်ဆွေ ဖြစ်ခွင့်ရခဲ့တဲ့အပြင် သမီးတို့နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေ ဖလှယ်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ဒီပြိုင်ပွဲကို သမီးယှဉ်ပြိုင်ခွင့်ရတာ အလွန်ဂုဏ်ယူပါတယ်။ အခုလို နိုင်ငံ့ဂုဏ်ဆောင်ပြီးတော့ ပထမဦးဆုံး သွားရောက်ယှဉ်ပြိုင်ရာမှာ တတိယဆုရခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ တခြားနိုင်ငံတကာပြိုင်ပွဲတွေလည်း ယှဉ်ပြိုင်နိုင်အောင် ကြိုးစားသွားပါမယ်။
မောင်ဉာဏ်ရှိန် (Grade-10)
အထက (၁) ဒဂုံ
ကျွန်တော်ကတော့ အထက (၁) ဒဂုံမှာ ပညာသင်ကြားနေတဲ့ Grade-10 ကျောင်းသား မောင်ဉာဏ်ရှိန် ဖြစ်ပါတယ်။ The Open International Biology Olympic (OIBO) 2025 ပြိုင်ပွဲမှာ Theory Round ၊ Practical Round နဲ့ Project Round ဆိုပြီးတော့ သုံးပိုင်း ယှဉ်ပြိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ကြိုးစားပြီး မေးသမျှ မေးခွန်းတွေကို ကိုယ်တတ်နိုင်သမျှ အားသွန်ခွန်စိုက် ကြိုးစားဖြေဆိုခဲ့လို့ အခုလိုတတိယဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်။ ဆုရရှိတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ အခုလို ဆုရရှိအောင် ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြတဲ့ ကျောင်းအုပ်ဆရာမကြီးနဲ့ ဆရာ ဆရာမအားလုံးကို ကျေးဇူးတင်ပါတယ်။
ဒေါ်နှင်းဝတ်ရည်
အထက်တန်းပြဆရာမ
အထက (၁) ဒဂုံ
ကျွန်မကတော့ အထက (၁) ဒဂုံမှ အထက်တန်းပြဆရာမ ဒေါ်နှင်းဝတ်ရည် ဖြစ်ပါတယ်။ The Open International Biology Olympic (OIBO) 2025 ပြိုင်ပွဲကို အဖွဲ့ခေါင်းဆောင်အနေနဲ့ ဦးဆောင်ပြီး ရုရှားကို သွားရောက်ခဲ့ပါတယ်။ အခု ကျွန်မတို့ပြိုင်ပွဲကြီးကို သတ္တဗေဒအထူးပြုဘာသာ ရပ်ခွဲတွေအနေနဲ့ မသွားခင် ကတည်းက Theory အပိုင်းမှာပဲဖြစ်ဖြစ်၊ Practical အပိုင်းမှာဖြစ်ဖြစ် အများကြီးလေ့ကျင့်ပြင်ဆင်သွားခဲ့ပါတယ်။ ပြင်ဆင်သွားခဲ့တဲ့အတိုင်းလည်း အကျိုးရှိရှိ ပြန်ပြီးအသုံးချနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲကတော့ မေ ၁၀ ရက်ကနေ ၁၇ ရက်အထိ ဖြစ်ပါတယ်။ ပြိုင်ပွဲကာလအတွင်း လက်တွေ့အပိုင်းမှာ နှစ်ကြိမ်၊ သီအိုရီပိုင်းမှာ တစ်ကြိမ် ပြိုင်ခဲ့ရပါတယ်။ ကျွန်မတို့ ကြိုတင်ပြင်ဆင်လေ့ကျင့် သွားတဲ့အတိုင်းပဲ ရုက္ခဗေဒနဲ့ သတ္တဗေဒအပိုင်းမှာပဲဖြစ်ဖြစ် ကျွန်မတို့ကလေးတွေဟာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ကျွန်မတို့ပြိုင်ပွဲဝင် ခြောက်ဦးအနက် ကျောင်းသား နှစ်ဦးနဲ့ ကျောင်းသူ တစ်ဦးက တတိယဆုရရှိခဲ့ပါတယ်။ ကျွန်မတို့ကလေးတွေအနေနဲ့ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီးတော့ ဘာသာရပ်ဆိုင်ရာမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စွမ်းစွမ်းတမံ ကြိုးစားယှဉ်ပြိုင်နိုင်ခဲ့တာကို ဝမ်းသာဂုဏ်ယူမိပါတယ်။
သတင်းစဉ်
Newspaper - 3446 items
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 18, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 17, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 16, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 15, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 14, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 12, 2026
Publication Date: 2026
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 11, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 10, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
