နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ၌ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၇)၊ အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၂၅)နှင့် စာရေးဝန်ထမ်းကြီးကြပ်သင်တန်းအမှတ်စဉ် (၉၉) သင်တန်းဆင်းပွဲများ ကျင်းပ


Ministry of Information/ Naypyitaw / March 27, 2026
image_latest


ရန်ကုန် မတ် ၂၆

စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၇)၏ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရှိ စစ်ရေးပြ ကွင်း၌ကျင်းပသည်။

ဦးစွာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်က သင်တန်းသားစံပြဆုကို ဦးအောင်ဘုန်းမြင့် အငယ်တန်းစာရေး အင်းစိန်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပြည်ထဲရေးဝန်ကြီးဌာနအားလည်း ကောင်း၊ သင်တန်းသူစံပြဆုကို ဒေါ်ထက်ထက်သိန်းဇော်ဝင်း အငယ်တန်း အင်ဂျင်နီယာ-၃ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အားလည်းကောင်း၊ စာပေထူးချွန်ဆုကို ဒေါ်ရည်မွန်ကျော် အငယ်တန်းအင်ဂျင်နီယာ - ၃ လှည်းကူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အားလည်းကောင်း၊ သေနတ်ပစ်ထူးချွန်ဆုကို ဦးဝေလင်းဖြိုး အငယ်တန်းစာရေး မြန်မာ့သစ်လုပ်ငန်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအားလည်းကောင်း၊ စစ်ရေးပြ ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကိုလည်းကောင်း ချီးမြှင့်ပေးအပ်ပြီး သင်တန်းဆင်းအမှာစကားပြောကြားသည်။

သင်တန်းဆင်းပွဲသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား ၁၄၆ ဦး၊ သင်တန်းသူ ၂၄၃ဦး စုစုပေါင်း ၃၈၉ ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကို ဖေဖော်ဝါရီ ၂ ရက်မှ မတ် ၂၆ ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ထို့နောက် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၂၅)၏ သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရှိ စစ်ရေးပြကွင်း၌ကျင်းပသည်။

သင်တန်း ဆင်းပွဲတွင် ပါမောက္ခချုပ်က သင်တန်းကာလအတွင်း ဆုရရှိသူများအား ဆုများ ချီးမြှင့်ရာ သင်တန်းသားစံပြဆုကိုဦးမျိုးဇော် ဦးစီးအရာရှိ မီးသတ်ဦးစီးဌာန ပြည်ထဲရေးဝန်ကြီးဌာန အားလည်းကောင်း၊ သင်တန်းသူ စံပြဆုကို ဒေါက်တာမိုးဆမ်းပန်း၊ ဦးစီးအရာရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအားလည်းကောင်း၊ စာပေထူးချွန်ဆုနှင့် စစ်ရေးပြထူးချွန်ဆုကို ဦးအောင်ကျော်ဖြိုး လက်ထောက် အင်ဂျင်နီယာရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအားလည်းကောင်း၊ စစ်‌ရေးပြထူးချွန်ဆုကို ဒေါ်ဆုဇင်မာလွင် ဦးစီးအရာရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန အမျိုးသားစီမံကိန်းဝန်ကြီးဌာန အားလည်းကောင်း၊ သေနတ်ပစ်ထူးချွန်ဆုကို ဒုတိယရဲမှူးအောင်မြင့်မြတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာနအားလည်းကောင်း၊ သင်တန်းဆင်းအောင်လက်မှတ်များကိုလည်းကောင်း ချီးမြှင့်ပေးပြီး သင်တန်းဆင်းအမှာစကားပြောကြားသည်။

 သင်တန်းဆင်းပွဲသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား ၉၁ ဦး၊ သင်တန်းသူ၁၁၇ ဦး၊ စုစုပေါင်း ၂၀၈ ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကို ဖေဖော်ဝါရီ ၂ ရက်မှ မတ် ၂၆ ရက် အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် စာရေးဝန်ထမ်း ကြီးကြပ်သင်တန်း အမှတ်စဉ် (၉၉) ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) ရှိ ရတနာသိင်္ဃခန်းမ၌ကျင်းပရာ ပါမောက္ခချုပ်က သင်တန်းသားစံပြဆုကို ဦးကျော်သက် ဌာနခွဲစာရေး အဆင့်မြင့်ပညာဦးစီးဌာန ပညာရေးဝန်ကြီးဌာနအားလည်းကောင်း၊ သင်တန်းသူစံပြဆုကို ဒေါ်ရီရီဝင်း ရုံးအုပ်စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာနနိုင်ငံခြားရေး ဝန်ကြီးဌာနအားလည်းကောင်း၊ စာပေထူးချွန်ဆုကို ဒေါ်သက်ဖူးငုံရုံးအုပ် ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန နိုင်ငံခြားရေး ဝန်ကြီးဌာနအားလည်းကောင်း၊ သေနတ်ပစ် ထူးချွန်ဆုကို ဒေါ်မေမြတ်သူ ဌာနခွဲစာရေး ပြည်ထောင်စုတရားလွှတ်တော်ချုပ်အားလည်းကောင်း၊ စစ်ရေးပြထူးချွန်ဆုရရှိ သူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကိုလည်းကောင်း ချီးမြှင့်ပေးပြီး ပါမောက္ခချုပ်က သင်တန်းဆင်းအမှာစကားပြောကြားသည်။

 သင်တန်းဆင်းပွဲသို့ နိုင်ငံ့ ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)မှ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား ၂၆ ဦး၊ သင်တန်းသူ ၆၅ ဦး စုစုပေါင်း ၉၁ ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကို ဖေဖော်ဝါရီ ၂ ရက်မှ မတ် ၂၆ ရက်ထိ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

သတင်းစဉ်

Newspaper - 3482 items

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 18, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download