နိုင်ငံ့အကျိုးပြု အင်ဂျင်နီယာလူငယ်ကောင်းများ စံနှုန်းများနှင့်အညီ ပျိုးထောင်ဆောင်ရွက်


Ministry of Information/ Naypyitaw / January 18, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လမ်းညွှန်မှာကြားချက်များအတိုင်း တိကျစွာ ဆက်လက်လိုက်နာဆောင်ရွက်သွားရန် ပြောကြားသည်။

ဖြည့်ဆည်းဆောင်ရွက်

ယင်းနောက် ဒုတိယဝန်ကြီးသည် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများနှင့် တွေ့ဆုံပြီး နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး အမှန်တကယ်အားထားရသည့် အင်ဂျင်နီယာ လူငယ်ကောင်းများ ပေါ်ထွန်းလာ စေရေးအတွက် ကျောင်းသားများကို အင်ဂျင်နီယာပညာဒဿနအမြင်၊ အသိပညာ ဆန်းစစ်လေ့လာတွေးခေါ်မှု၊ စည်းကမ်း လိုက်နာမှုနှင့် အင်ဂျင်နီယာအရည် အချင်းများပြည့်ဝစေအောင် စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး သင်ကြား လေ့ကျင့်ပေးရန်၊ Agro-based Industries နှင့် MSME များ၊ AI နှင့် EV ဆိုင်ရာ နည်းပညာများဖွံ့ဖြိုးရေးအထောက်အကူပြု သုတေသနစီမံကိန်းများကို အလေးထားဆောင်ရွက်ရန် တိုက်တွန်းမှာကြား ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပညာသင်နှစ်နှင့် အင်ဂျင်နီယာဘာသာရပ်တို့အလိုက် ရွှင်လန်းချမ်းမြေ့စွာ ပညာသင်ကြားနေကြသော ကျောင်းသား ကျောင်းသူများအား စာသင် ခန်းများတွင် ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ လိုအပ်ချက် တင်ပြမှုများအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ အင်ဂျင်နီယာဌာနများတွင် ကျောင်းသား ကျောင်းသူများက စိတ်ဝင်စား တက်ကြွစွာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် သုတေသနရလဒ်များကို အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ပြောင်းလဲတိုးတက်မှုနှုန်း မြန်ဆန်နေသော နည်းပညာအရွေ့တို့နှင့်အတူ လိုက်ပါနိုင်ရေး သုတေသနကွန်ရက်များ ဖွဲ့စည်းပြီး နိုင်ငံတကာနည်းပညာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ နိုင်ငံ့ဂုဏ်ဆောင်ဆုများ ရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးပြီး အတန်းနားချိန်အတွင်း ကွန်ပျူတာများ၊ စာအုပ်များဖြင့် စိတ်ဝင်စားစွာ လေ့လာဖတ်ရှုနေကြသော ကျောင်းသား ကျောင်းသူ များကို ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးကာ အားလပ်ချိန်၏တန်ဖိုး ကို နားလည်ကြပြီး လက်ကိုင်ဖုန်း များဖြင့် ဂိမ်းများ၊ လူမှုကွန်ရက်များဖြင့် အချိန်မဖြုန်းကြဘဲ စာပေများ လေ့လာလိုက်စားကြခြင်းသည် အထူးကောင်းမွန်ပါကြောင်း၊ နည်းပညာအရည်အသွေးပြည့်ဝရုံအပြင် ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့အဖိုးတန် လူငယ်ကောင်းများ ဖြစ်စေရေးရည်မှန်းလျက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားကာ ကျောင်းသား ကျောင်းသူများ၏ လက်ဝယ်အရောက် နည်းပညာနှင့် သုတ၊ ရသစာအုပ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3468 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download