နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေးပြီးတက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြား
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေးပြီးတက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြား
Ministry of Information/ Naypyitaw / May 11, 2025

နေပြည်တော် မေ ၁၀
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဝင်များနှင့်အတူ ပျဉ်းမနားမြို့ အမှတ်-၁ အခြေခံပညာအထက် တန်းကျောင်းနှင့် ဇမ္ဗူသီရိမြို့နယ် အမှတ်-၂၂ အခြေခံပညာအထက် တန်းကျောင်းများသို့သွားရောက်ပြီး ကျောင်းဝင်းအတွင်း တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် ယာယီစာသင်ဆောင်များ ဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေသူများကို စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက် လယ်ဝေးမြို့ပေါက်မြိုင် ပရိယတ္တိစာသင်တိုက်သို့သွားရောက်ပြီး စာသင်တိုက်အတွင်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများစုပေါင်းသန့်ရှင်း ရေးဆောင်ရွက်နေမှု အခြေအနေများနှင့် ကျောင်းဆောင်အသစ် ပြန်လည်ဆောက်လုပ်မည့် မြေနေရာကိုကြည့်ရှုပြီး လိုအပ်သည်များမှာကြားကာ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများပေးအပ်၍ ပေါက်မြိုင်ပရိယတ္တိ စာသင်တိုက်ဦးစီးပဓာန နာယကအဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိဒ္ဒ မထေရ်မြတ်အား ဖူးမြော်ကြည်ညိုပြီး နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ရွှေလက်လှ စေတီတော်မြတ်ကြီး ဘုရားဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇမ္ဗူသီရိ မြို့နယ်အမှတ်-၁၄ အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်- ၅ အခြေခံပညာအထက်တန်း ကျောင်းများသို့ သွားရောက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများ စခန်းသွင်းလေ့ကျင့်သင်ကြားနေမှုနှင့် ကျောင်းအိပ်၊ ကျောင်းစား ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသားကျောင်းသူများအားတွေ့ဆုံ၍ အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)သို့ သွားရောက်၍ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများ ပြန်လည်ပြုပြင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်ပျက်စီးသည့် အစိတ်အပိုင်းများကို စနစ်တကျဖယ်ရှား ရှင်းလင်းထားရှိရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြုပြင်ဆောင်ရွက်ရေး၊ လုပ်ငန်းများ အပိုင်းလိုက်အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရေးတို့ကိုမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇမ္ဗူသီရိ မြို့နယ်အတွင်း ပင်မရေပိုက်လိုင်းများနှင့်ရေ ဖြန့်ဝေရေးပိုက်လိုင်းများ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီးလိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ချောင်းမကြီးရေလှောင်တမံသို့သွားရောက်၍ တမံပြန်လည်ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ငန်းသုံးပစ္စည်းများ အချိန်နှင့်တစ်ပြေးညီရောက်ရှိအောင် ဆောင်ရွက်ရေး၊ မြေစမ်းသပ်မှုများ စနစ်တကျပြုလုပ်၍ ပြုပြင်နိုင်ရေးတို့ကိုမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3160 items

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁၂ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။
