နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ၅၃ ရက်မြောက်အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ
နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ၅၃ ရက်မြောက်အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ
Ministry of Information/ Naypyitaw / May 24, 2025

နေပြည်တော် မေ ၂၃
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၅၃ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မေ ၂၃ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန်ခြောက်ပြည်ပါ (မနောသုခ- Export Quality) ၄၆ အိတ်၊ ဆန်ငါးပြည်ပါ (ဖျာပုံပေါ်ဆန်း) ၁၆ အိတ်၊ ဆီပိဿာ ၁၃၂၀၊ ဆား ၈ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သား ပါအိတ် ၄၅ ထုပ်၊ ငါးပိ ၃ ပိဿာ၊ ငါးတံခွန် ၁၀ ကျပ်သားပါ အထုပ် ၂၀၊ ငါးပုတ်သင် ၁၀ ကျပ်သားပါ ၁၆ ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ် သားပါ ၁၅ ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သားပါ ၁၇ ထုပ်၊ ငါးရောင် ခြောက် ၁၀ ကျပ်သားပါ ၁၀ ထုပ်၊ ကြက်ဥအလုံး ၃၈၀၊ ဘဲဥအလုံး ၅၀ ၊ ခေါက်ဆွဲခြောက် ၁၁ ထုပ်တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ စသည့်ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ ဈေးကားကြီး(အရောင်းယာဉ်)ဖြင့် မေ ၅ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထို့အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ငါးကြင်း ၃၅ ပိဿာ၊ ငါးတန် ၃၅ ပိဿာနှင့် ငါးမုတ်ပိဿာ ၃၀ တို့ကို ရောင်းချပေးခဲ့ပြီး အပတ်စဉ် သောကြာနေ့တိုင်း လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ မေ ၂၃ ရက်တွင် စစ်ကိုင်းမြို့၌ ဆန် ၂၄ ပြည်ပါ (ရွှေဝါထွန်း) ၃ အိတ်၊ စားအုန်းဆီ ပိဿာ ၅၀၊ ဆား ၃ ပိဿာ၊ ကုလားပဲ ၁၀ ဘူး၊ ငါးပိ ၁ ပိဿာ၊ ငါးနီတူခြောက် ၁ ပိဿာ၊ ပုစွန်ခြောက် ၁၀ ကျပ်သားပါ ၃ ထုပ်၊ ကြက်ဥအလုံး ၆၀၊ ဘဲဥအလုံး ၂၀၊ ကြက်သွန်နီ ၅ ပိဿာနှင့် အသား တု ၂ ပိဿာတို့ကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ ပြီး ၂၀၂၅ ခုနှစ် မေ ၂၃ ရက်တွင် မန္တလေးမြို့၌ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၈ အိတ်၊ စားအုန်းဆီပိဿာ ၂၂၀၀၊ ဆား ၅၀ ကျပ်သား၊ ကုလားပဲ ၂၅ ကျပ်သားပါ ၃ ထုပ်၊ ငါးပိ ၂၅ ကျပ်သားပါ တစ်ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သားသုံးထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ် သား နှစ်ထုပ်၊ ကြက်ဥအလုံး၂၇၀၀၊ ဘဲဥအလုံး ၆၂၀ နှင့် ခေါက်ဆွဲခြောက်အထုပ် ၄၀ တို့ကို သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3180 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။
