နေပြည်တော်၌ မြန်မာ့မျက်နှာစာသစ်ဖိုရမ် အောင်မြင်စွာ ကျင်းပပြီးစီး


Ministry of Information/ Naypyitaw / March 15, 2026
image_latest


နေပြည်တော် မတ် ၁၄

“မြန်မာ့မျက်နှာစာသစ်ဖိုရမ်” (ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်မှု) “Forum on The Dawn of A New State” (Trust, Stability & Development) ဒုတိယနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)(MICC I) ၌ ကျင်းပသည်။

ဆွေးနွေးပွဲ ပထမပိုင်းအဖြစ် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်ငြိမ်အေးချမ်းရေးဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ(၂) ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ သဘာပတိအဖြစ် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာနိုင်ဆွေဦးကဆောင်ရွက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ SMART Group of Companies ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်တို့က ‌ပါဝင်ဆွေးနွေးကြသည်။

သဘာပတိ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာ နိုင်ဆွေဦးက လယ်ယာသားငါး၊ ရေနံထုတ်လုပ်မှုနှင့် ပို့ကုန်မြှင့်တင်ရေးဆိုင်ရာများ၊ အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ အလုပ်အကိုင်နှင့် အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှု၊ အခြေခံအဆောက်အအုံ၊ စွမ်းအင်နှင့် Public-Private Partnership (PPP) ကဏ္ဍတို့နှင့်စပ်လျဉ်း၍ အကျဉ်းချုပ်ဆွေးနွေးသည်။

ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆက်စပ်တည်ရှိနေမှု၊ အစားအစာလုံခြုံမှု၊ ဖူလုံမှုအတွက်သာမက စားဝတ်နေရေး၊ အသက်မွေးဝမ်းကျောင်းအတွက် အထောက်အကူပြုရေး၊ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး၊ အလုပ်အကိုင်များ ဖန်တီးပေးရေး၊ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးရေးကို ထိရောက်စွာ မြှင့်တင်ပေးနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းကွင်းဆက်တစ်ခုလုံး ဖွံ့ဖြိုးရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ အထွက်နှုန်းနှင့် ဈေးနှုန်း၊ ထုတ်လုပ်သူနှင့် စားသုံးသူနှစ်ဖက် သင့်တင့်သည့် မျှခြေဖန်တီးရေး၊ စက်မှုလယ်ယာစနစ် ကူးပြောင်းမှုလွယ်ကူလျင်မြန်ရေး၊ တောင်သူများအတွက် စိုက်ပျိုးမွေးမြူရေး အာမခံစနစ်၊ သီးနှံများဈေးကွက် တည်ငြိမ်ရေး၊ ထုတ်လုပ်မှုကုန်ကျ စရိတ်သက်သာရေး အစီအမံများ၊ စိုက်ပျိုးရေးကဏ္ဍအတွက် မြေအသုံးချခွင့်နှင့် ရေရရှိရေးဆိုင်ရာ အကြံပြုချက်များ၊ မွေးမြူရေးကဏ္ဍအတွက် မြေအသုံးချခွင့်၊ အစာကုန်ကြမ်းနှင့် ဆေးကုန်ကြမ်းလိုအပ်မှု၊ မြန်မာနိုင်ငံ၏ လယ်ယာပို့ကုန်အခြေအနေ၊ Value Added ထုတ်ကုန်များအဖြစ် တင်ပို့နိုင်ရေး၊ စားသုံးဆီပိုမိုထုတ်လုပ်နိုင်ရေး၊ လယ်ယာသားငါးကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုချက်များ၊ ပို့ကုန်အာမခံစနစ်၊ သိုလှောင်ရုံ ကုန်အပ် လက်မှတ်ကိုအခြေခံသည့် ငွေကြေးထောက်ပံ့မှုဆိုင်ရာ အကြံပြုချက်များ၊ စိုက်ပျိုးတောင်သူများ၊ ကုန်သည်လုပ်ငန်းရှင်များ တွေ့ကြုံနိုင်သည့် အခက်အခဲများ၊ လယ်ယာကဏ္ဍတွင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ စီမံခန့်ခွဲမှု တိုးမြှင့်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးမဏ္ဍိုင်များအပေါ်အခြေခံ၍ ယုံကြည်မှုတည်ဆောက်ရေး၊ တည်ငြိမ်သောအုပ်ချုပ်မှုစနစ်ခိုင်မာရေး၊ နိုင်ငံတော်၏ MSME အခန်းကဏ္ဍမှ အလုပ်အကိုင်အခွင့်အလမ်း ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းခန့်ကို ဖန်တီးပေးထားနိုင်မှု၊ SME ဖွံ့ဖြိုး တိုးတက်ရေး ဥပဒေ၊ မူဝါဒ၊ နည်း ဥပဒေပါရည်ရွယ်ချက်များ၊ ဥပဒေဆိုင်ရာ အကာအကွယ်ပေးရေး၊ ပံ့ပိုးပေးရေးဆိုင်ရာကိစ္စရပ်များ၊ အခွန်မူဝါဒနှင့် ပံ့ပိုးမှုမက်လုံးများ၊ ချေးငွေအပါအဝင် ငွေကြေးအရင်းအနှီးပံ့ပိုးမှု၊ MSME ဖွံ့ဖြိုးရေးအတွက် လူငယ်နှင့်အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ Social Protection ဆိုင်ရာ အထောက်အပံ့များရရှိရေး၊ တရားမဝင်စီးပွားရေးလုပ်ငန်း(illegal business)နှင့် အလွတ်သဘောစီးပွားရေးလုပ်ငန်း(informal business) ကွဲပြားမှု၊ Independent Body for MSME အဖွဲ့ ဖွဲ့စည်း၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အနာဂတ်လမ်းပြမြေပုံတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။

ဆက်လက်၍ SMART Group of Companies ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်က မြန်မာနိုင်ငံ အခြေခံအဆောက်အအုံလိုအပ်ချက်များ၊ လျှပ်စစ်ဓာတ်အား၊ ရထားလမ်းများ၊ ဆိပ်ကမ်းများ ဖွံ့ဖြိုးမှုတွင် အကန့်အသတ်ရှိနေခြင်း၊ သယ်ယူ ပို့ဆောင်ရေးစရိတ် ကြီးမြင့်မှု၊ လျင်မြန်စွာဖွံ့ဖြိုးနေသောမြို့များအတွက် ခေတ်မီအခြေခံအဆောက်အအုံများ လိုအပ်နေမှု၊ Intangible Infrastructure ဖွံ့ဖြိုးရေး၊ နိုင်ငံလုံခြုံရေးနှင့် စွမ်းအင်ဆက်စပ်မှု၊ မြန်မာနိုင်ငံ၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းများ၊ နိုင်ငံတွင်း လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုအခြေအနေ၊ Digital Prepaid Meter စနစ် အကောင်အထည်ဖော်ရေး၊ Public-Private Partnership (PPP) ဥပဒေရေးဆွဲပြဋ္ဌာန်းနိုင် ရေး၊ နိုင်ငံရှိ အကြီးစားစီမံကိန်းများကို ပြန်လည်စိစစ်သုံးသပ်ခြင်း၊ PPP အားကောင်းခိုင်မာရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။

ထိုသို့ ဆွေးနွေးမှုများအပေါ် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအရေး စိတ်ပါဝင်စားကြသူများနှင့် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဆွေးနွေးကြသူများက အသေးစိတ်ရှင်းလင်းဖြေကြားကြသည်။

ထို့နောက် ဆွေးနွေးပွဲဒုတိယပိုင်းအဖြစ် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်ငြိမ်အေးချမ်း‌ရေးဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ(၃) ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဦးညိုအုန်းမြင့်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး မြန်မာနိုင်ငံဒစ်ဂျစ် တယ်စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ဇေယျာလွင်၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဇော်၊ ဇနကပညာရေးဖောင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာဇော်နိုင်တို့က ပါဝင်ဆွေးနွေးကြသည်။

သဘာပတိမြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဦးညိုအုန်းမြင့်က ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ မူဝါဒ၊ ပထဝီစီးပွားရေးနှင့် ဒေသတွင်းပေါင်းစည်းရေး၊ လူ့စွမ်းအား အရင်းအမြစ်၊ ထုတ်လုပ်မှုနှင့် အလုပ်သမားပြုပြင်ပြောင်းလဲရေးတို့နှင့်စပ်လျဉ်း၍ အကျဉ်းချုပ်ဆွေးနွေးသည်။

ယင်းနောက် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ဇေယျာလွင်က ဒစ်ဂျစ်တယ်စီးပွားရေးအသွင်ကူးပြောင်းမှု၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရာတွင် ထုတ်လုပ်မှု၊ ယှဉ်ပြိုင်မှုစွမ်းအားမြှင့်တင်ရန်လိုအပ်မှု၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု ရည်မှန်းချက်၊ ဒစ်ဂျစ်တယ်စနစ်က ကဏ္ဍအားလုံးအပေါ် အထောက်အပံ့ပြုနေမှု၊ MSME လုပ်ငန်းများ လိုအပ်နေသည့် Digital Marketing ၊ AI နည်းပညာ ဖွံ့ဖြိုးလာမှု၊ AI တိုးတက်မှုအရှိန်အဟုန်ကြောင့် ပျောက်ကွယ်သွားနိုင်သည့်လုပ်ငန်းများနှင့် ပို၍ တိုးတက်လာနိုင်သည့် လုပ်ငန်းများ၊ နည်းပညာတိုးတက်မှုနှုန်း မြင့်မားလာသည့်အတွက် လူသားအရင်းအမြစ်အတွက် မျှော်မှန်းလုပ်ဆောင်ထားရမည့်ကိစ္စရပ်များ၊ ဒစ်ဂျစ်တယ်ငွေကြေးစီးဆင်းမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။

ဆက်လက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဇော်က ပထဝီစီးပွားရေးအရ ပြောင်းလဲလာသည့် ကမ္ဘာ့နိုင်ငံရေးအခြေအနေ၊ ပထဝီစီးပွားရေး အခွင့်အလမ်းများကို ဖန်တီးဖော်ဆောင်သော ကမ္ဘာ့နိုင်ငံများ၊ အမေရိကန်ကမ္ဘာအဖြစ် ဖော်ဆောင်ခဲ့မှု၊ ဖွံ့ဖြိုးမှု မူဝါဒများကို ပြောင်းလဲဖော်ဆောင်လာသည့် အာဆီယံနိုင်ငံများ၊ အာဆီယံဒေသတွင်း ဖြစ်ပေါ်လာသည့် ဖွံ့ဖြိုးမှုကွာဟချက်၊ ထုတ်လုပ်မှုစွမ်းအားနှင့် ကုန်သွယ်ရေးအခြေအနေ၊ မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းချမှုများအပါအဝင် တရားမဝင် စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှု၊ ကုန်ထုတ်စွမ်းအား လိုအပ်ချက်၊ ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာများဖော်ဆောင်ခြင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်များစုပေါင်း၍ ဖွံ့ဖြိုးမှု ကို ဖော်ဆောင်ခြင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။

ထို့နောက် ဇနကပညာရေးဖောင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာဇော်နိုင်က မြန်မာနိုင်ငံ၏ လူဦးရေပိရမစ်နှင့် လူဦးရေဆုလာဘ်၊ ပညာတတ်မြောက်မှု ရာခိုင်နှုန်း၊ ကျောင်းတက်မှုရာခိုင်နှုန်း၊ လူသားအရင်းအမြစ်များ ပြည်ပသို့စီးထွက်ခြင်း၊ မြန်မာနိုင်ငံကရရှိမည့် လူဦးရေဆုလာဘ်ကို ထိုင်းနိုင်ငံကခံစားခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများ၏ ပညာရေး၊ Gary Becker ၏ လူသားအရင်းအမြစ် သီအိုရီ၊ လူသားအရင်းအမြစ်များမှရရှိသည့် အကျိုးကျေးဇူး၊ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ ပညာရေးနှင့် နိုင်ငံ့လူသားအရင်းအမြစ်အပေါ် ရင်းနှီးမြှုပ်နှံမှုမူဝါဒ၊ နည်းပညာနှင့်သက်မွေးပညာရေး၊ မြန်မာနိုင်ငံ၏ လက်ရှိပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုများကို အားပေးဆောင်ရွက်ခြင်း၊ နည်းပညာအကူအညီဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုကိုဖော်ဆောင်ခြင်း၊ ပညာသင်ယူခွင့် အခွင့်အလမ်းများကို နည်းလမ်းမျိုးစုံဖြင့် ဖန်တီးပေးခြင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။

ထိုသို့ ဆွေးနွေးမှုများအပေါ် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအရေး စိတ်ပါဝင်စားကြသူများနှင့် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဆွေးနွေးကြသူများက အသေးစိတ်ရှင်းလင်းဖြေကြားကြသည်။

ထို့နောက် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌဦးကိုကိုက အနှစ်ချုပ်သုံးသပ်ဆွေးနွေးတင်ပြသည်။

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဖိုရမ်နှစ်ရက်တာကာလအတွင်း ပါဝင်ဆွေးနွေးခဲ့ကြသည့် ပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ပညာရှင်များ၏ ဆွေးနွေးချက်များသည် စိတ်ဝင်စားဖွယ်ကောင်းပြီး နိုင်ငံအတွက် အရေးကြီးပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအား လက်တွေ့လုပ်ဆောင်စေလိုသည့်အချက်များကို ထောက်ပြဆွေးနွေးလိုပါကြောင်း၊ ပြည်သူများ၏လိုအပ်ချက်၊ နိုင်ငံဖွံ့ဖြိုးမှုအတွက် လုပ်ဆောင်ရမည့်အချက်များ၊ မည်သည့်အရာများကို ဦးစားပေးဆောင်ရွက်သင့်ကို သိရှိကြရမည်ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံသည် မေတ္တာတရားနှင့် ယဉ်ကျေးမှုထွန်းကားသည့်နိုင်ငံဖြစ်ပါကြောင်း၊ သတင်းတု၊ သတင်းမှားများကြောင့်ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုဖြစ်စဉ်များအား လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူများသိရှိနားလည်အောင် ကြိုးစားဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် ရပ်ရွာအကျိုး၊ ဒေသအကျိုး၊ ပြည်သူ့အကျိုး ဆောင်ရွက်ရင်းမှန်ကန်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း။

နိုင်ငံတော်က ပြည်သူများအတွက် ဆောင်ရွက်ပေးမှုများနှင့် ပြည်သူများ၏ လိုလားချက်များကို ယနေ့တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များက ပေါင်းကူးဆက်သွယ်ပေးပြီး ပိုမိုကောင်းမွန်အောင် ဖန်တီးပေးကြစေလိုပါကြောင်း၊ ပြည်သူများအနေဖြင့် အစိုးရ၏ဆောင်ရွက်မှုများ၊ လွှတ်တော်၏ ဆောင်ရွက်မှုများကို မှန်ကန်စွာသိရှိနားလည်ပြီး အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အားလုံးပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မကြာမီစတင်မည့် လွှတ်တော်များမှတစ်ဆင့် ပြည်သူများ၏ယုံကြည်မှု၊ နားလည်မှုရရှိအောင်ဆောင်ရွက်ပြီး နိုင်ငံနှင့်ပြည်သူ့အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

သတင်းစဉ်

Newspaper - 3470 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download