နေပြည်တော် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ဧရိယာများတွင် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး စီမံဆောင်ရွက်


Ministry of Information/ Naypyitaw / March 27, 2025
image_latest


နေပြည်တော် မတ် ၂၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် နေပန်လပန် စနစ်ကျလယ်ယာမြေကို ကြည့်ရှုစစ်ဆေးသည်။

ညှိနှိုင်းဆွေးနွေး

ထို့နောက် တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး နေပြည်တော် စနစ်ကျလယ်ယာမြေဖော်ထုတ် ဧရိယာများတွင် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ညှိနှိုင်းဆွေးနွေးကြသည်။

ထိုသို့ ညှိနှိုင်းဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးမြေတစ်ဧကချင်း၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက ဘဏ္ဍာငွေကြေးများ အသုံးပြု၍ ဒေသအလိုက် စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ပေးလျက်ရှိကြောင်း၊ မူလသမားရိုးကျ စိုက်ပျိုးထုတ်လုပ်မှုထက် သီးနှံအထွက်နှုန်းတိုးတက်ရေး၊ သီးထပ်စွမ်းအား မြှင့်တင်နိုင်ရေးအတွက် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ဧရိယာများတွင် မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စိုက်ပျိုးရေး ပညာရှင်ဝန်ထမ်းများက မျိုး၊ မြေ၊ ရေနှင့် နည်းပညာလိုအပ် ချက်များကို အနီးကပ်ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သီးနှံပုံစံအလိုက် ပန်းတိုင်အထွက်ရရှိစေရန် မြေဆီလွှာ စမ်းသပ်စစ်ဆေးပေးခြင်း၊ သွင်းအားစုမြေဩဇာ ထောက်ခံ ချက်ပေးခြင်း၊ သီးနှံမျိုးကောင်း မျိုးသန့်သုံးစွဲနိုင်ရေးနှင့် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးဆိုင်ရာများကို ဆိုင်ရာပညာရှင်များစုဖွဲ့၍ အနီးကပ်ကြပ်မတ် ဆောင်ရွက်ပေးခြင်းဖြင့် တစ်နှစ်ပတ်လည်စိုက်ပျိုးမှု သိသိသာသာ တိုးတက်လာစေရေး ကြိုးပမ်းကြ ရမည်ဖြစ်ကြောင်း၊ ပညာရှင် အရင်းအမြစ်ပြည့်စုံသည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စိုက်ပျိုးမြေများအားလုံး၏ သီးနှံများ ဖြစ်ထွန်းအောင်မြင်မှုနှင့် စိုက်ပျိုးထုတ်လုပ်နိုင်မှုကို တိုင်းဒေသကြီး၊ ပြည်နယ်များမှ တောင်သူများအား စံနမူနာပေးနိုင်သည်အထိ ကြိုးပမ်းသွားကြ စေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆွေးနွေးမှာကြား

ယင်းနောက် ဒုတိယဝန်ကြီးက ကွင်းဆင်းကြီးကြပ်ပညာပေးဝန်ထမ်းများ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် ဆက်စပ်ဦးစီးဌာနများက ဟန်ချက်ညီ ပံ့ပိုးကူညီသွားကြရန် ဆွေးနွေး မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပန်လပန် စနစ်ကျလယ်ယာမြေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး တောင်သူများနှင့်တွေ့ဆုံကာ လိုအပ်ချက်များ မေးမြန်းဆွေးနွေး ကြသည်။

နေပန်လပန် စနစ်ကျလယ်ယာမြေတွင် နွေစပါးများ စိုက်ပျိုးထားရှိပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက နွေစပါးပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ နည်းပညာပေးခြင်း၊ စိုက်ဧကအလိုက် စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်ကို မျိုးကွဲအလိုက်သတ်မှတ်ခြင်း၊ စိုက်ပျိုးမည့် သီးနှံမျိုးကောင်း မျိုးသန့်များရရှိရေး၊ မြေဆီလွှာဓာတ်ခွဲစမ်းသပ် ဆောင်ရွက်ခြင်း၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲရန်နှင့် ဓာတ်မြေဩဇာအချိန်ကိုက် အချိုးကျသုံးစွဲနိုင်ရန် အကြံပြုထောက်ခံချက်ပေးခြင်း၊ စိုက်ပျိုးရေစနစ်တကျအသုံးပြုနိုင်စေရန် ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်း အပါအဝင် စိုက်ပျိုးနည်းပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3468 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download