နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်
နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်
Ministry of Transport and Communications/ Naypyitaw / January 19, 2025
နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယမန်နေ့နံနက်(၀၉:၃၀)နာရီအချိန်မှယနေ့နံနက်(၀၉:၃၀)နာရီအချိန်အထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။ ည အပူချိန်များမှာ ရခိုင်ပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက် ၃ ဒီဂရီဆဲလ်စီးယပ်နှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် ၂ ဒီဂရီဆဲလ်စီးယပ် လျော့နည်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် ၀.၀ ဒီဂရီဆဲလ်စီးယပ်၊ ဟဲဟိုးမြို့တွင် ၂.၄ ဒီဂရီဆဲလ်စီးယပ်၊ ပြင်ဦးလွင်မြို့တွင် ၃.၆ ဒီဂရီ ဆဲလ်စီးယပ်၊ နမ့်စန်မြို့(ရှမ်းပြည်နယ်တောင်ပိုင်း)တွင် ၄.၃ ဒီဂရီဆဲလ်စီးယပ်၊ တီးတိန်မြို့တွင် ၄.၈ ဒီဂရီဆဲလ်စီးယပ်၊ ပင်လောင်းမြို့နှင့် မိုင်းယန်းမြို့တို့တွင် ၅.၀ ဒီဂရီဆဲလ်စီးယပ်စီ၊ လွိုင်လင်မြို့တွင် ၅.၂ ဒီဂရီဆဲလ်စီးယပ်၊ ပူတာအိုမြို့တွင် ၆.၄ ဒီဂရီဆဲလ်စီးယပ်နှင့် မြစ်ကြီးနားမြို့တွင် ၆.၆ ဒီဂရီဆဲလ်စီးယပ်တို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့်ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တစ်ပြည်လုံးတွင် အများအားဖြင့် သာယာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
Newspaper - 3467 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
