ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ


Ministry of Information/ Naypyitaw / May 04, 2026
image_latest


နေပြည်တော် မေ ၃

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ပခုက္ကူစာပေဆု သုတေသနစာပေပထမဆုရရှိသည့် စာရေးသူ အောင်ကြည်ညွန့် (တက္ကသိုလ်) ၏ “မြန်မာနိုင်ငံ၏ လူထုပညာရေး ကြိုးပမ်းဆောင်ရွက်မှုသမိုင်းကို လေ့လာတင်ပြခြင်း (၁၉၄၈-၂ဝဝ၂)” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ဤစာအုပ်တွင် မြန်မာနိုင်ငံစာတတ်မြောက်ရေးသမိုင်းတစ်နည်းအားဖြင့် မြန်မာနိုင်ငံ ပညာရေးသမိုင်းကို ရှေးခေတ်မှသည် ယနေ့ခေတ် ၁၉၄၈-၂ဝဝ၂ ကျော် ကာလအထိ ခေတ်အဆက်ဆက် လူထုနည်းဖြင့် စာတတ်မြောက်ရေးကြိုးပမ်းလှုပ်ရှားမှုကို သုတေသနပြုကာ စုစည်းဖော်ပြထားသည်။

မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံအရ ဘုန်းတော်ကြီးကျောင်းများသည် ကျေးရွာရှိ ကလေးသူငယ်များကို အခမဲ့စာသင်ပေးခဲ့သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် စာမသင်ခဲ့ရသည့် သက်ကြီးများအတွက် စာတတ်မြောက်ရေးလှုပ်ရှားမှုကို ဖဆပလအစိုးရက (၁၉၄၈-၁၉၅၈) ခုနှစ်အထိ လူထုပညာရေးစီမံကိန်းအပါအဝင် (၁၉၆၄-၁၉၈၈) ခုနှစ်အထိ ဆောင်ရွက်ခဲ့သော စာတတ်မြောက်ရေးစီမံကိန်းကြီးများကို စာရင်းဇယား၊ မြေပုံ၊ ဓာတ်ပုံများနှင့်တကွ ပြည့်စုံစွာ အသေးစိတ်ဖော်ပြထားသည်။ ယူနက်စကိုမှချီးမြှင့်သော မိုဟာမက်ရေဇာပါလာဗီဆုနှင့် နိုမာဆုများ ရရှိခဲ့ပုံ၊ ပြည်သူနှစ်သန်းကျော် စာတတ်မြောက်သွားကြပုံ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ဒေသခံ ဆရာ ဆရာမ နှစ်သိန်းကျော် လုပ်အားပေးကြပုံ၊ နာမည်ကျော်ကြား လူကြိုက်များခဲ့သော “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ဇာတ်ကားကြီးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပုံတို့ကို စုံစုံလင်လင်ဖော်ပြထားသည်။

စာရေးသူကိုယ်တိုင် ‘အ’ သုံးလုံးစီမံကိန်း၊ ကျောင်းပြင်ပပညာရေးစီမံကိန်းတို့တွင် ပညာရေး၊ သုတေသနအရာရှိအဖြစ် နှစ်ပေါင်းများစွာ ပါဝင်ဆောင်ရွက်ခဲ့ရာ ဤသုတေသနကျမ်းသည် စာရေးသူ၏ စာတွေ့ကိုယ်တွေ့နှစ်ရပ်ပေါင်းရလဒ်အဖြစ် ထွက်ပေါ်လာသော သမိုင်းဝင်သုတေသနကျမ်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ပညာရေးသမိုင်း၊ ပညာရေးလောကအတွက် အကျိုးပြုနိုင်စွမ်းရှိသည့် ကျမ်းတစ်စောင်ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး ၂၅ဝဝ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်­­­­ဆိုင် ဖုန်း ၀၁၈-၂၄၉ဝ၃၁၊ ဝ၁၈-၃၈၁၄၄၈၊ အမှတ် (တ-၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ­­­ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉-၄၄၉၅၄ဝ၆၆၇၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆ နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန်အရောင်းဌာန ဖုန်း ဝ၁၈-၂၄၉ဝ၃၁၊ ဝ၁၈-၃၈၁၄၄၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3515 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download