ပညာရေးကဏ္ဍကိုအားပေးမြှင့်တင် တိုင်းပြည်အနာဂတ်ရင်းနှီးမြှုပ်နှံ
ပညာရေးကဏ္ဍကိုအားပေးမြှင့်တင် တိုင်းပြည်အနာဂတ်ရင်းနှီးမြှုပ်နှံ
Ministry of Information/ Naypyitaw / December 13, 2025
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရရှိသည့် ကိန်းဂဏန်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ အားနည်းမှုများရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍကို အလေးထားမြှင့်တင်ရေး ဦးတည်ချက်ကိုချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ပညာရေးကိုအားပေးမြှင့်တင်ခြင်းသည် တိုင်းပြည်အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံပေးနေခြင်းဖြစ်သည်။
ပညာရေးကဏ္ဍမြှင့်တင်ရေးအတွက် ကျောင်းနေရာခိုင်နှုန်းမြင့်မားရေးနှင့် တန်းစဉ်ကူးပြောင်းမှုမြင့်မားရေးတို့ကို ဆောင်ရွက်သွားရမည်ဖြစ်သည်။ လက်ရှိတွင် အကြောင်းအမျိုးမျိုးကြောင့် တန်းစဉ်ကူးပြောင်းမှုများ အားနည်းမှုဖြစ်ပေါ်လျက်ရှိရာ ဒေသအလိုက်တန်းစဉ်ကူးပြောင်းမှုများ ယခုထက်ပိုမိုမြင့်မားစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ပညာရေးကဏ္ဍသည် လူမှုဘဝအသိုက်အဝန်း မြင့်မားတိုးတက်စေရေးအတွက် အခြေခံအကျဆုံးကဏ္ဍဖြစ်ပြီး ပညာရေးကဏ္ဍအားနည်းပါက အခြားကဏ္ဍများအားလုံး အားနည်းလာမည်ကို သတိပြုရမည်ဖြစ်သည်။ ပညာရေးကဏ္ဍအားကောင်းပါက တိုင်းပြည်ဖွံ့ဖြိုးမြင့်မားတိုးတက်လာသည်ကို လက်တွေ့မြင်တွေ့နိုင်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ဒီဇင်ဘာလ ၁၁ ရက်နေ့က တွေ့ဆုံမှာကြားစဉ် “ကျောင်းသား ကျောင်းသူများအား စနစ်တကျသင်ကြားပေးမည်ဆိုပါက စိတ်ဓာတ်စည်းကမ်းကောင်းမွန်သည့် အဖိုးတန်မျိုးဆက်သစ်လူငယ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို အလေးထားအားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုများသည် အနာဂတ်တိုင်းပြည်အတွက် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
မကြာမီရောက်ရှိတော့မည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် အခြေခံပညာအဆင့် အတန်းတင်စာမေးပွဲများ ဖြေဆိုကြရတော့မည်ဖြစ်သည်။ အခြေခံပညာကျောင်းသား ကျောင်းသူများအားလုံး ရာနှုန်းပြည့်ဖြေဆိုနိုင်ရေးနှင့် နောင်နှစ်တန်းစဉ်ကူးပြောင်းမှု မြင့်မားရေးအတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်ထားရမည်ဖြစ်သည်။ အနာဂတ်ကာလတွင် ခေတ်မီတိုးတက်သောနိုင်ငံတော်ကို တည်ဆောက်နိုင်ရန်အတွက် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများစွာကို မွေးထုတ်ပေးနိုင်ရန်လိုအပ်သည်။ ထို့အပြင် စည်းကမ်း၊ စနစ်ကျနသည့် လူ့အဖွဲ့အစည်းတစ်ရပ်ကိုလည်း ပုံဖော်ပေးရမည်ဖြစ်သည်။ “အမျိုးသားစည်းကမ်းအစ၊ စာသင်ကျောင်းက” ဆိုသည့်အတိုင်း မျိုးဆက်သစ် ကလေးသူငယ်များကို သွန်သင်လမ်းပြမှုပြုလုပ်ပေးရမည်ဖြစ်သည်။
ကျောင်းမနေခဲ့ရသူများနှင့် ကျောင်းနေကြသူများကို နှိုင်းယှဉ်လျှင် ပညာအရာ၊ စည်းကမ်းမှအစ ကျောင်းနေခဲ့သူများက သာလွန်သည်ကိုတွေ့ရမည်ဖြစ်သည်။ တက်ရောက်ခဲ့သည့်အတန်းအလိုက် စိတ်ဓာတ်၊ စည်းကမ်းနှင့်လိုက်နာမှု ကွာဟသွားသည်ကိုတွေ့နိုင်သည်။ ထို့အပြင် မိမိဘဝကို တိုးတက်စေနိုင်သည့် အပြုအမူ၊ အနေအထိုင်အလေ့အကျင့်ကောင်းများကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ မိမိနှင့်ပတ်ဝန်းကျင်ကို အကျိုးယုတ်စေသည့် မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက်၊ ကွမ်းသုံးစွဲခြင်းများကိုရှောင်ကြဉ်နိုင်ရန် အသိအမြင်ဗဟုသုတများရရှိစေနိုင်သည်။ ပညာရေးကဏ္ဍသည် လူငယ်လူရွယ်များ ပညာတတ်များဖြစ်စေရေးသာမက စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး အသိဉာဏ်ပညာမြင့်မားရေး၊ တိုင်းချစ်ပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်မြင့်မားရေးတို့ကို စနစ်တကျလေ့ကျင့်သင်ကြားပေးခြင်းဖြစ်သည်။
ကျောင်းနေအရွယ်မှစ၍ ကလေးသူငယ်လူရွယ်များ ကိုယ်ကျင့်တရားကောင်းမွန်မှုကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေပြီး ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများအား လိုက်နာတတ်သည့် အလေ့အထကောင်းများဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်သည်။ ပညာတတ်ရုံသက်သက်ဖြင့် အနာဂတ်နိုင်ငံတော်လမ်းကြောင်းကို ဖြောင့်မတ်မှန်ကန်စွာ ပုံဖော်နိုင်ခြင်းရှိ/မရှိ သမိုင်းကြောင်းတွင် တွေ့မြင်နိုင်သည်။ ပညာတတ်မြောက်ရေးသာမက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ နိုင်ငံ့အကျိုးစီးပွားကို တန်ဖိုးထားတတ်သည့် စိတ်ဓာတ်များပါ ပျိုးထောင်ပေးနိုင်ရေးကို ဦးစားပေး ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ပညာရေးကဏ္ဍကို အားပေးမြှင့်တင်ဆောင်ရွက်ရာတွင် တန်းစဉ်မပြတ် ပညာသင်ကြားရေး၊ ပညာတတ်များဖြစ်ပေါ်လာရေးအပြင် စိတ်ဓာတ်၊ စည်းကမ်းနှင့်နိုင်ငံလူမျိုးကို တန်ဖိုးထားသည့် ကောင်းမြတ်သောအမူအကျင့်များ တိုးပွားလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်နိုင်ငံတော်ကို ပုံဖော်ထုဆစ်ရင်းနှီးမြှုပ်နှံပေးကြရမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3380 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
