ပညာရေးကဏ္ဍတိုးတက်လာစေရေး ဆရာ ဆရာမများ၊ မိဘများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလို
ပညာရေးကဏ္ဍတိုးတက်လာစေရေး ဆရာ ဆရာမများ၊ မိဘများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလို
Ministry of Information/ Naypyitaw / November 07, 2025
နေပြည်တော် နိုဝင်ဘာ ၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း သို့ရောက်ရှိပြီး ကျောက်မဲမြို့နယ်ရှိ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသား မိဘများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍကို အဓိကအလေးထား အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍကို မြှင့်တင်ရန် KG မှ Grade -12 အထိ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်ဆင့်ပြီးမြောက်ပြီး တက္ကသိုလ်အဆင့် ပြီးမြောက်သည်အထိ တက်ရောက်ရေးသည် နိုင်ငံတော်၏ မူဝါဒပင်ဖြစ်ပါကြောင်း။
Grade-12 အောင်ချက်ရာခိုင်နှုန်းမြင့်မားရေးသည် ပညာရေးဝန်ကြီးဌာန တစ်ခုတည်းဆောင်ရွက်၍ မရဘဲ ဆရာဆရာမများ၊ မိဘများအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိဘများအနေဖြင့် မိမိတို့၏ သားသမီးများ ကျောင်းပြင်ပသို့ရောက်ရှိချိန်တွင် ကာယဗလ၊ စာရိတ္တများ ကောင်းမွန်စေရန် သွန်သင်ဆုံးမပေးကြစေ လိုပါကြောင်း၊ Grade -9 အောင်မြင်ပြီး သည့်အခါတွင် Grade -12 သို့ ဆက်လက် မတက်ရောက်လိုပါက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများသို့ ရွေးချယ်တက်ရောက်နိုင်မည်ဖြစ်ပါကြောင်း၊ ယင်းမှ အဆင့်မြင့်စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ ဆက်လက်ဆည်းပူးသင်ကြားနိုင်မည်ဖြစ်ပါကြောင်း။
သင်ကြားရေးနှင့် ပတ်သက်၍ ဆရာ ဆရာမများသည် အဓိကအရေးကြီးပါကြောင်း၊ နွေရာသီ ရောက်ရှိပါက သက်ဆိုင်ရာဘာသာ ရပ်ကျွမ်းကျင်သူများက ပို့ချမည့် သင်တန်းများသို့ တက်ရောက်ရ မည်ဖြစ်ပါကြောင်း၊ ယင်းသင်တန်းများသို့ တက်ရောက်နိုင်ခြင်းမရှိသူ များအနေဖြင့် မြန်မာ့ပညာရေး ရုပ်သံတွင် သင်ကြားပို့ချလျက်ရှိသည့် သင်ခန်းစာများမှတစ်ဆင့် လေ့လာသင်ယူနိုင်ပါကြောင်း၊ ပညာရေးကဏ္ဍတိုးတက်လာစေရေး ဆရာ ဆရာမများ၊ မိဘများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြ သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ထပ်မံဖွင့်လှစ်ရန် ကျန်ရှိသည့် ကျောင်းများကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဆရာ ဆရာမများ၊ မိဘများက ကျောင်းအပ်လက်ခံနိုင်ရေး၊ သိရှိလိုသည်များနှင့် လိုအပ်လျက်ရှိသည်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြား ရေးမှူးချုပ်များက ချီးမြှင့်ငွေများ၊ ကျောင်းဝတ်စုံများ၊ ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ၊ ကျောပိုးအိတ်များကို ပေးအပ်ရာ ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ် မြို့နယ်ပညာရေးမှူရုံးများမှ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူကြပြီး တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် မူလတန်း ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား၊ သင်ယူ နေမှုများကို ကြည့်ရှုအားပေးကာ ကျောပိုးအိတ်များပေးအပ်ပြီး စာကြည့်တိုက်အတွင်း ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နောင်ချိုမြို့နယ် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း ပတ္တမြားခန်းမ၌ နောင်ချိုမြို့နယ်ရှိ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများအား ချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများအတွင်း ကြည့်ရှုပြီး မူလတန်းကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံများ၊ ဗလာစာအုပ် နှင့်စာရေးကိရိယာများ၊ ကျောပိုးအိတ်များ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နောင်ချိုမြို့နယ် အခြေခံပညာအထက်တန်း ကျောင်းခွဲ (အုမ္မသီး)သို့ရောက်ရှိပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3341 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 05, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 04, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
