ပညာရေးခရီး ရှေ့ဆက်နိုင်ရေးအတွက် ကျောင်းပြင်ပပညာရေး အခွင့်အလမ်းများရယူ
ပညာရေးခရီး ရှေ့ဆက်နိုင်ရေးအတွက် ကျောင်းပြင်ပပညာရေး အခွင့်အလမ်းများရယူ
Ministry of Information/ Naypyitaw / September 11, 2024
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် စဉ်ဆက်မပြတ်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ဖြစ်ပြီး ငွေကြေး၊ ပစ္စည်း၊ လူ့စွမ်းအားဟူ၍ အရင်းအမြစ်သုံးရပ်လိုအပ်သည့်အနက် လူ့စွမ်းအားအရင်းအမြစ်က အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးဖြစ်သည်။ နိုင်ငံကောင်းကို လူ့စွမ်းအားအရင်းအမြစ်ကောင်းဖြင့်သာ တည်ဆောက်နိုင်ခြင်းကြောင့် တန်ဖိုးမြင့်လူသားအရင်းအမြစ်ရရှိစေရန် ပညာရေးတွင်အလေးထား၍ ရင်းနှီးမြှုပ်နှံကြရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၂၅ နှစ်နှင့်အထက်ရောက်ပြီးသူများထဲတွင် အလယ်တန်းအဆင့်နှင့် ၎င်းအဆင့်အောက် ပညာမသင်ကြားခဲ့ရသူပေါင်း ၁၈ ဒသမ ၂ သန်းခန့်ရှိနေရာ ပညာရေးမြှင့်တင်ရေးလုပ်ငန်းများကို နိုင်ငံတော်က အလေးထားဆောင်ရွက်လျက်ရှိသည်။ လေ့လာဆန်းစစ်မှုတစ်ရပ်အရ သူငယ်တန်းသို့ စတင်ဝင်ရောက်ပညာသင်ယူကြသူ ကလေးငယ် ၁၀၀ လျှင် ၂၀ အောက်လျော့လျော့မျှသာ တက္ကသိုလ်ဝင်တန်းဖြေဆိုသည့်အဆင့်သို့ ရောက်ရှိလာကြသည်ကို တွေ့ရှိရပြီး ၈၀ ရာခိုင်နှုန်းကျော်သော ကလေးတို့မှာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်တို့တွင် ကျန်ရစ်ခဲ့ကာ စာသင်ခန်းကို ကျောခိုင်းသွားကြခြင်းဖြစ်သည်ကို တွေ့ရှိရသည်။ ပညာရေးတစ်ပိုင်းတစ်စနှင့် ရပ်တန့်ခဲ့ကြရသည့် အဓိကအကြောင်းရင်းမှာ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာရန်၊ မိဘတို့၏အလုပ်တွင် ဝိုင်းကူရန်စသည်တို့ဖြစ်ပြီး ဆင်းရဲနွမ်းပါးခြင်းကသာလျှင် အခြေခံအကြောင်းတရားဖြစ်သည်။
ပညာက အရာရာကိုဦးဆောင်နေသည့်ခေတ်တွင် နိုင်ငံသားတိုင်း အခြေခံစာတတ်မြောက်ရုံမျှဖြင့် မလုံလောက်တော့ဘဲ အနည်းဆုံးအားဖြင့် အခြေခံပညာအလယ်တန်းအဆင့် သင်ယူပြီးမြောက်အောင်မြင်ကြရန်လိုသည်။ အလယ်တန်းအောင်မြင်သူကျောင်းသားသည် စိုက်ပျိုး၊ မွေးမြူ၊ စက်မှုစသည်ဖြင့် ဝါသနာပါရာ သက်မွေးဝမ်းကျောင်းပညာကို ဆက်လက်သင်ယူပြီး ဝင်ငွေရသည့်လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်သလို အဆင့်မြင့်ပညာ သို့လည်း ဆက်လက်တက်ရောက်သွားနိုင်သည်။ ပညာသင်ရမည့် အရွယ်တွင် ဆင်းရဲမှုကိုအကြောင်းပြုပြီး ပညာသင်ယူမှုကို ရပ်တန့်လိုက်မည်ဆိုပါက ဆင်းရဲနွမ်းပါးခြင်းသံသရာမှ တစ်သက်တာရုန်းမထွက်နိုင်ခဲ့သည့်အခြေအနေသို့ ကျရောက်သွားမည်ဖြစ်သည်။ နိုင်ငံတော်က ဖော်ဆောင်ပေးထားသည့် ပညာရေးအခွင့်အလမ်းများကို အရယူကာ မိမိတို့ဘဝတိုးတက်မြင့်မားရေး အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် အားထုတ်ကြိုးပမ်းခြင်းကသာ မှန်ကန်သည့်နည်းလမ်းဖြစ်သည်။
ကျောင်းသင်ပညာရေးကို အကြောင်းအမျိုးမျိုးကြောင့် သင်ခွင့်မရခဲ့သူများအတွက် ကျောင်းပြင်ပ ပညာရေးအစီအစဉ် များရှိနေရာ အသက် ၁၀ နှစ်မှ ၁၄ နှစ်အရွယ်အထိ ကလေးများကို ကျောင်းပြင်ပ မူလတန်းပညာရေး၊ အသက် ၁၃ နှစ်မှ အသက် ၁၈ နှစ်အရွယ်အထိ ကလေးများကို ကျောင်းပြင်ပအလယ်တန်း ပညာရေးအစီအစဉ်များတွင် တက်ရောက်သင်ယူခွင့်ရအောင် ဖော်ဆောင်ပေးထားသည်။ ကျောင်းပြင်ပမူလတန်းအောင်ပြီးသူများသည် အခြေခံပညာအလယ်တန်းတွင်လည်းကောင်း၊ ကျောင်းပြင်ပအလယ်တန်းအောင်မြင်ပြီးသူများသည် အခြေခံပညာအထက်တန်းတွင်လည်းကောင်း ဆက်လက်ပညာသင်ယူနိုင်ကြသည့် အခွင့်အလမ်းရှိနေရာ ကျောင်းပြင်ပ ပညာရေးအစီ အစဉ်များ အောင်မြင်ရေးတွင် ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ၏ ပညာရေးအပေါ် အလေးအနက်ထားမှုများအပေါ် မူတည်လျက်ရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက်များအရ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ ပညာသင်ကြားပိုင်ခွင့်ရှိသကဲ့သို့ ဥပဒေဖြင့်ပြဋ္ဌာန်းသည့် မသင်မနေရ အခြေခံပညာများကို သင်ကြားကြရမည်လည်းဖြစ်သည်။ မြန်မာနိုင်ငံ၏အနာဂတ်အရေးနှင့် ဒီမိုကရေစီအရေးတို့အတွက် နိုင်ငံသားတို့၏ ပညာရည်မြင့်မားမှုသည် အထူးအရေးပါသည်နှင့်အညီ နိုင်ငံတော်က ဖော်ဆောင်ပေးထားသည့် ပညာသင်ယူမှုအခွင့်အလမ်းများကို မဆုံးရှုံးစေဘဲ အမိအရဆုပ်ကိုင်ရယူနိုင်ရေး အလေးထားဆောင်ရွက်ပေးကြရပါမည့်အကြောင်း။
Newspaper - 3376 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
