ပဋိညာဉ် ချိုးဖောက်၊ ကျင့်ဝတ်ကင်းမဲ့ ကိုယ်တိုင်ပြုသည့်ကတိကဝတ် ပျက်ကွက်
ပဋိညာဉ် ချိုးဖောက်၊ ကျင့်ဝတ်ကင်းမဲ့ ကိုယ်တိုင်ပြုသည့်ကတိကဝတ် ပျက်ကွက်
Ministry of Information/ Naypyitaw / January 19, 2026
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN - အာဆီယံ) ကို မတူကွဲပြားမှုများပြားသည့် ဒေသတွင်းနိုင်ငံများ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ယဉ်ကျေးမှု၊ နိုင်ငံရေးစနစ်စသည်ဖြင့် ကွဲပြားခြားနားကြသည့် အဆိုပါနိုင်ငံများမှာ မတူညီသည့် နောက်ခံသမိုင်းကြောင်းများကို ဖြတ်သန်းခဲ့ကြရပြီး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများမှာလည်း မတူညီ။ ဥရောပသမဂ္ဂကဲ့သို့သော နိုင်ငံအဖွဲ့အစည်းမျိုးနှင့် နှိုင်းယှဉ်ကြည့်လျှင် အာဆီယံ၏ ထူးခြားသည့်အနေအထားကို ပို၍ထင်ရှားစွာတွေ့မြင်နိုင်သည်။
အရှေ့တောင်အာရှဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးဟူသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသည့် အာဆီယံအသင်းကြီးမှာ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (TAC)၊ အာဆီယံပဋိညာဉ်စာတမ်း (ASEAN Charter)နှင့် အခြားအာဆီယံစာချုပ်စာတမ်းများတွင် ပါဝင်သည့် အခြေခံမူများနှင့် စံနှုန်းများကို လေးစားလိုက်နာသော စည်းမျဉ်းအခြေပြုအသိုက် အဝန်းတစ်ခုအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။ အာဆီယံအသင်းကြီး၏ အသက်ဝိညာဉ်သဖွယ်ဖြစ်သော အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (Treaty of Amity and Cooperation in Southeast Asia- TAC) တွင် အဖွဲ့၀င်နိုင်ငံများ လိုက်နာရမည့် အဓိကမူကြီး (၆) ရပ်ကို ပြဋ္ဌာန်းထားရာ အသင်းကြီး၏ စည်းလုံးညီညွတ်မှုအတွက် လွန်စွာအရေးကြီးသည့် အချက်များပင်ဖြစ်သည်။
အဆိုပါမူကြီး (၆)ရပ်မှာ(၁) အဖွဲ့ဝင်နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူညီမျှမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေးလက္ခဏာရပ်များကို အပြန်အလှန်လေးစားရန်။ (၂)နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်။ (၃)အဖွဲ့ဝင် နိုင်ငံတိုင်းသည် ပြင်ပမှစွက်ဖက်ခြင်း၊ ဖျက်ဆီးခြင်းနှင့် အကျပ်ကိုင်ခြင်းများမရှိဘဲ မိမိနိုင်ငံ၏တည်ရှိမှုကို မိမိဘာသာ ဦးဆောင်ပိုင်ခွင့်ရှိရန်။ (၄) အငြင်းပွားမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့်ဖြေရှင်းရန်။ (၅)အင်အားသုံး၍ ခြိမ်းခြောက်ခြင်း သို့မဟုတ် အင်အားသုံးဖြေရှင်းခြင်းကိုရှောင်ကြဉ်ရန်။ (၆)အဖွဲ့ဝင်နိုင်ငံများအကြား ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်တို့ဖြစ်သည်။ မြန်မာနိုင်ငံသည် တာဝန်သိအာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အာဆီယံအသိုက်အဝန်း တည်ထောင်မှုလုပ်ငန်းစဉ်များတွင် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မသမာမှုများကြောင့် တိမ်းစောင်းခဲ့သည့် ဒီမိုကရေစီကို ပြန်လည်တည့်မတ်ပေးပြီး မူလလမ်းကြောင်းပေါ် သို့ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်နေရသည့် နိုင်ငံဖြစ်သည်။ ယင်းသို့သောအခြေအနေတွင် အာဆီယံအသင်းကြီးသို့ နောက်ဆုံးဝင်ရောက်လာသည့် တီမောလက်စ်တေနိုင်ငံသည် မြန်မာနိုင်ငံက မတရားအသင်းအဖြစ် ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်း NUG နှင့် ထိတွေ့ဆက်ဆံမှုပြုခဲ့သလို ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်းကလည်း တည်ဆဲအစိုးရကို ဆန့်ကျင်နေသည့် ချင်းလူ့အခွင့်အရေးအဖွဲ့ဆိုသည့် အဖွဲ့တစ်ဖွဲ့ကို လက်ခံတွေ့ဆုံခဲ့သည်။ ယင်းအဖွဲ့မှာ သတင်းအမှားများကို ဖြန့်ဝေလှုံ့ဆော်ပြီး မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေရန် ဆောင်ရွက်နေသည့် ဆန့်ကျင်ဘက်အဖွဲ့ဖြစ်ရာ တီမောလက်စ်တေအစိုးရသည် မြန်မာအစိုးရကို ဆန့်ကျင်နေသည့် အဖွဲ့များအား တရားဝင်ထိတွေ့ဆက်ဆံနေခြင်းပင်ဖြစ်သည်။
တီမောလက်စ်တေအစိုးရ၏ အပြုအမူများသည် နိုင်ငံတကာကျင့်ဝတ်ကို ဖောက်ဖျက်ခြင်းဖြစ်သည့်အပြင် အာဆီယံအခြေခံမူများကိုပါ လေးစားလိုက်နာမှုမရှိခြင်းလည်းဖြစ်သည်။ ၎င်းနိုင်ငံအနေဖြင့် အာဆီယံသို့ဝင်ခွင့်ရရေးတွင် မြန်မာနိုင်ငံ၏ ကန့်ကွက်ချက်ကြောင့် အတားအဆီးဖြစ်ပေါ်လျက်ရှိရာ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြုပါကြောင်းနှင့် အာဆီယံအခြေခံမူများကို အပြည့်အဝလေးစားလိုက်နာမည်ဖြစ်ကြောင်း အကြိမ်ကြိမ်ကတိကဝတ်ပြုခဲ့ခြင်းကြောင့် မြန်မာနိုင်ငံက ဆက်လက်ကန့်ကွက်ခြင်းမပြုဘဲ ရုပ်သိမ်းပေးခဲ့သည်။
မိမိဝင်ရောက်ထားသည့် အဖွဲ့အစည်း၏ ပဋိညာဉ်ကိုလိုက်နာမှုမရှိခြင်း၊ အဖွဲ့ဝင်အခြားနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားမှုမရှိခြင်း၊ ပြည်တွင်းရေးတွင်ဝင်ရောက်စွက်ဖက်ခြင်း၊ မိမိတို့ကိုယ်တိုင်ပြုခဲ့သည့် ကတိကဝတ်များကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်း စသည့် တီမောလက်စ်တေအစိုးရ၏ သိက္ခာမဲ့သည့် အပြုအမူတို့က တီမောလက်စ်တေနိုင်ငံနှင့် ပြည်သူတို့အပေါ်တွင်ပါ စွန်းထင်းစေနိုင်သည့် ရှက်ဖွယ်အမှုကို ကျူးလွန်မိခြင်းပင်ဖြစ်သည့်အကြောင်း။ ။
Newspaper - 3468 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
